သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရေတပ်သင်္ဘောပေါ် ပေါက်ကွဲမှုဖြစ်ပြီး သင်္ဘောပျက်စီးမှုကြီးမား


ရုရှားရေတပ်ရဲ့ ခရုဇ်မစ်ဇိုင်းဒုံးကျည်တပ်ဆင်ထားတဲ့ Moskva စစ်သဘောၤတစင်းကို ပင်လယ်နက်ထဲမှာ တွေ့ရစဉ်။ (နိုဝင်ဘာ ၁၆၊ ၂၀၂၁)
ရုရှားရေတပ်ရဲ့ ခရုဇ်မစ်ဇိုင်းဒုံးကျည်တပ်ဆင်ထားတဲ့ Moskva စစ်သဘောၤတစင်းကို ပင်လယ်နက်ထဲမှာ တွေ့ရစဉ်။ (နိုဝင်ဘာ ၁၆၊ ၂၀၂၁)

[[Zawgyi/Unicode]]


ပင်လယ်နက်ဒေသ ရုရှား ရေတပ်သင်္ဘောတွေထဲက ခရုဇ် မစ်ဇိုင်းဒုံးကျည်တပ် ထားတဲ့ Moskva စစ်သင်္ဘောပေါ်မှာ လက်နက်ခဲယမ်းတွေ ပေါက်ကွဲခဲ့တာကြောင့် စစ်သင်္ဘော အကြီးအကျယ် ပျက်စီးသွားတဲ့အကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဒီနေ့ပြောဆိုတာကို ကိုးကားပြီး Interfax သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

စစ်သင်္ဘောပေါ်မှာပါတဲ့ ရေတပ် တပ်ဖွဲ့ဝင်တွေကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ Interfax သတင်းမှာ ရေးပါတယ်။ မီးလောင်ကျွမ်းမှုကတဆင့် လက်နက်တွေပေါက်ကွဲခဲ့တာလို့ပြောဆိုပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲပဲလို့ ပြောပါတယ်။
ရုရှားစစ်သင်္ဘော Moskva ကို မစ်ဇိုင်းဒုံးကျည်နှစ်စင်း ထိမှန်ခဲ့တဲ့အကြောင်း ယူက ရိန်းအရာရှိတွေက စောစောပိုင်းက ပြောဆိုထားပါတယ်။ ဒါပေမယ့် သက်သေအထောက်အထားတော့ မပြနိုင်ခဲ့ပါဘူး။

Moskva စစ်သင်္ဘောဟာ မက်ထရစ်တန်ချိန် ၁၂,၅၀၀ ရှိပြီး ရေတပ်တပ်ဖွဲ့ဝင် ၅၀၀ လိုက်ပါတဲ့ သင်္ဘောဖြစ်ပါတယ်။ သင်္ဘောဖျက် Vulkan ခရုဇ် မစ်ဇိုင်းဒုံးလက်နက် ၁၆ ခု တပ်ဆင်ထားပြီး အနည်းဆုံး ကီလိုမီတာ ၇၀၀ အတွင်း ပစ်ခတ်နိုင်တဲ့ တိုက် သင်္ဘောဖြစ်ပါတယ်။ အခု လက်နက်ခဲယမ်းတွေ ပေါက်ကွဲပျက်စီးသွားတာနဲ့ ပတ်သက်လို့ တခြားအသေးစိတ်ကိုတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။

ဒီအတောအတွင်း ယူကရိန်းကို အမေရိကန်က နောက်ထပ် လက်နက်ခဲယမ်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုး ကူညီထောက်ပံ့ မယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ ဒါဟာ ယူကရိန်းအရှေ့ဘက်ခြမ်းမှာ ရုရှားက ထိုးစစ်ဆင်နေတာကို ယူကရိန်းအနေနဲ့ ခုခံနိုင်ဖို့အတွက်ဖြစ်တယ်လို့ အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။

နောက်ထပ်အခုလို လက်နက်ခဲယမ်းတွေ ထပ်မံပေးပို့မယ့်အကြောင်းကို သမ္မတ Joe Biden က သမ္မတ Zelenskyy နဲ့ တနာရီ ကြာ ဖုန်းနဲ့စကားပြောအပြီး ကြေ ညာချက် ထုတ်ပြန်လိုက်တာပါ။

ရုရှားရေတပ်သင်္ဘောပေါ် ပေါက်ကွဲမှုဖြစ်ပြီး သင်္ဘောပျက်စီးမှုကြီးမား
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

============

[[Unicode]]

ရုရှားရတေပျသငျ်ဘောပေါျ ပေါကျကှဲမှုဖွဈပွီး သငျ်ဘောပကြျစီးမှုကွီးမား





============

XS
SM
MD
LG