သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္အတြင္း ယူကရိန္းစီးပြားေရး အေျခအေန


Russia Ukraine War Russian Economy

႐ုရွားရဲ႕ က်ဴးေက်ာ္မႈ အတြင္း ယူကရိန္းရဲ႕ စီးပြားေရးကို ဆက္လက္ လည္ပတ္ႏိုင္ေရး အတြက္ ယူကရိန္း အစိုးရက တတ္ႏိုင္သမွ် အစြမ္းကုန္ လုပ္ေဆာင္ေနပါတယ္။ ဒါေပမယ့္လည္း ႏိုင္ငံ ဘ႑ာကေတာ့ အလ်င္အျမန္ ေလ်ာ့က်လာေနပါတယ္။ မတ္လ ၁၀ ရက္ေန႔မွာေတာ့ ႏိုင္ငံတကာ ေငြေၾကးရန္ပံုေငြ အဖြဲ႔ IMF အမႈေဆာင္ဘုတ္ အဖြဲ႔က ယူကရိန္းကို ေဒၚလာ သန္း ၁,၄၀၀ ေခ်းေငြ အတည္ျပဳ ေပးလိုက္ပါတယ္။ ဒါေပမယ့္လည္း ဒီေငြကလည္း တာရွည္ခံမွာ မဟုတ္ဘူးလို႔ ကြ်မ္းက်င္သူေတြက ေျပာပါတယ္။ Oksana Bedratenko ရဲ႕ သတင္းေဆာင္းပါးကို မသိဂၤ ီထိုက္ ေျပာျပေပးမွာပါ။

ယူကရိန္းကို ႐ုရွားတို႔ က်ဴးေက်ာ္ တိုက္ခိုက္မႈဟာ သီတင္း ၃ ပတ္ထဲကို ေရာက္ရွိလာေပမယ့္ လုပ္ထံုးလုပ္နည္းေတြ ျပဳျပင္းေျပာင္းလဲရမႈေတြ အမ်ားအျပား ရွိေပမယ့္လည္း ဘဏ္ေတြ၊ အလႊဲအေျပာင္းေတြ အပါအ၀င္ ႏိုင္ငံရဲ႕ စီးပြားေရးကေတာ့ ဆက္ၿပီး လည္ပတ္ေနပါတယ္။ Elina Ribakova ဟာ ႏိုင္ငံတကာ ဘ႑ာေရး အင္စတီက်ဴက ျဖစ္ပါတယ္။

အခုအခ်ိန္ထိ အေျခအေနကို စီမံခန္႔ခြဲထားႏိုင္တဲ႔ ယူကရိန္း အာဏာပိုင္ေတြရဲ႕ ခိုင္ခိုင္မာမာ ႀကိဳပမ္းေဆာင္ရြက္ ေအာင္ျမင္မႈကို ခ်ီးက်ဴးပါတယ္။ ဗဟိုဘဏ္ဟာ သိပ္ၿပီး ထိထိေရာက္ေရာက္ လုပ္ငန္း ေဆာင္ရြက္ေနတာကို သိရွိထားပါတယ္။

ဆက္လက္ လည္ပတ္ႏိုင္ေရး အတြက္ ယူကရိန္း အမ်ိဳးသားဘဏ္ အေနနဲ႔ အေမရိကန္ ေဒၚလာ သန္း ၆၃၀ ေလာက္နဲ႔ ညီမွ်တဲ႔ ယူကရိန္း hryvnia ၁၉ ဘီလ်ံေလာက္ ႏိုင္ငံဘတ္ဂ်က္ထဲကို ထည့္ေပးထားရတာပါ။ ႏိုင္ငံျခား ေငြေၾကး အလႊဲအေျပာင္းေတြကိုလည္း ကန္႔သတ္ထားၿပီး ေငြေၾကး တည္ၿငိမ္မႈကို ထိန္းထားေရး အတြက္ ေငြလဲႏႈန္းကိုလည္း စီမံခန္႔ခြဲေနပါတယ္။ ဘဏ္ရဲ႕ ေဖာက္သည္ေတြကိုလည္း အေႂကြးဆပ္ဖို႔ ကင္းလြတ္ ကာလ တခု သတ္မွတ္ေပးထားေၾကာင္းလည္း ယူကရိန္း အမ်ိဳးသားဘဏ္ ေကာင္စီက Oleksandr Petryk က ေျပာပါတယ္။

ေငြထုတ္တာကို ကန္႔သတ္ထားပါတယ္။ လက္ေတြ႕မွာ ၿမိဳ႕ႀကီးေတြမွာ စစ္ေရး ေဆာင္ရြက္ခ်က္ေတြ ရွိေနတာေၾကာင့္ ATM ေတြထဲ လတ္တေလာ ေငြထည့္ေပးဖို႔က သိပ္ၿပီး အႏၲရာယ္ မ်ားေနပါတယ္။

ဒါေပမယ့္လည္း ျပည္တြင္း စီးပြားေရး လုပ္ငန္းေတြကေတာ့ အလုပ္ျဖစ္ေအာင္ လုပ္ေနၾကပါတယ္။ ယူကရိန္းဘဏ္မ်ား အသင္းက Galina Kheilo က အခုလို ေျပာပါတယ္။

ေငြ လိုအပ္သူတိုင္း ေငြထုတ္ႏိုင္ပါတယ္။ ႏွစ္ဦး ႏွစ္ဘက္လံုး အဆင္ေျပေစမယ့္ ေျဖရွင္းနည္း တရပ္ ရွိပါတယ္။ လက္လီ ေရာင္းခ်သူေတြက အခု ဆိုရင္ ATM ေတြလို လုပ္ေနၾကပါတယ္။ ေငြရွင္း ေကာင္တာမွာ ေငြထုတ္ႏိုင္ပါတယ္။ ဒီလို လုပ္တာေၾကာင့္ ေငြေၾကး လႊဲေျပာင္း သယ္ေဆာင္ရမယ့္ အေရးနဲ႔ အသက္အႏၲရာယ္ကို ေရွာင္လႊဲႏိုင္ပါတယ္။

ဒါေပမယ့္လို႔လည္း စီးပြားေရး အမ်ားအျပား မလည္ပတ္ႏိုင္တာေၾကာင့္ ေငြေၾကး ကုန္က်မႈက သိပ္ၿပီး ျမန္ဆန္ေနပါတယ္။ ႏိုင္ငံတကာ ေငြေၾကး ရံပံုေငြ အဖြဲ႔ IMF အမႈေဆာင္ ဘုတ္ အဖြဲ႔က ယူကရိန္းကို ေဒၚလာ သန္း ၁,၄၀၀ ေခ်းဖို႔ မတ္လ ၁၀ ရက္ေန႔မွာ အတည္ျပဳလိုက္ေပမယ့္လည္း ဒီပမာဏကလည္း မလံုေလာက္ႏိုင္ပါဘူး။ ႏိုင္ငံတကာ ဘ႑ာေရး အင္စတီက်ဴက Elina Ribakova က အခုလို ေျပာပါတယ္။

လက္ရွိ ေဆြးေႏြးထားတဲ႔ ေခ်းေငြေတြက တႏွစ္လံုးစာ မေထာက္ပံ႔ႏိုင္ဘဲ တလစာ အတြက္ေလာက္ဘဲ ျဖစ္ေနမွာကို စိုးရိမ္ပါတယ္။ လိုအပ္ခ်က္က သိပ္ၿပီး မ်ားလာပါမယ္။
က်ဴးေက်ာ္စစ္ေၾကာင့္ ႏိုင္ငံရဲ႕ ကုန္စည္ ထုတ္လုပ္လုပ္မႈ စြမ္းရည္ကို ပ်က္စီးေစၿပီး အက်ိဳးအျမတ္ကို ထိခိုက္နစ္နာေစမယ္လို႔လည္း Ribakova က ေျပာပါတယ္။ တခ်ိန္တည္းမွာဘဲ က်ဴးေက်ာ္စစ္အတြင္း အတြင္း အစိုးရ အေနနဲ႔ ေငြေၾကး သံုးစြဲရမႈ ပိုမ်ားလာပါမယ္။

ဒါေပမယ့္လည္း ယူကရိန္း ဗဟိုဘဏ္ရဲ႕ ဒုတိယ အႀကီးအကဲေဟာင္း Oleh Churiy ကေတာ့ ယူကရိန္း အေနနဲ႔ ေနာက္ထပ္ ရံပံုေငြ ရႏိုင္ပါေသးတယ္လို႔ ေျပာပါတယ္။

ေနာက္ထပ္ ရံပံုေငြ ရလာႏိုင္ေျခ ရွိပါတယ္။

အလႈရွင္ေတြထံက ဘ႑ာေရး ေထာက္ပံ႔မႈေတြ ပိုရဖို႔လည္း ယူကရိန္း အမ်ိဳးသားဘဏ္က ေမွ်ာ္လင့္ထားပါတယ္။ ယူကရိန္း ဗဟိုဘဏ္ရဲ႕ ဒုတိယ အႀကီးအကဲေဟာင္း Oleh Churiy က အခုလို ဆက္ေျပာပါတယ္။

အမ်ိဳးသားဘဏ္ရဲ႕ ခန္႔မွန္းခ်က္ အရ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြ၊ မိတ္ဘက္ ႏိုင္ငံေတြလို ဆီကေန မၾကာခင္ ကာလအတြင္း ေဒၚလာ ၁၅ ဘီလ်ံေလာက္ ဘ႑ာေရး အေထာက္အပံ႔ အေနနဲ႔ ရမယ္လို႔ ခန္႔မွန္းထားပါတယ္။ အခုဆိုရင္ တကမ ၻာလံုးက ယူကရိန္းကို ေထာက္ခံေနၾကတာပါ။

ယူရိန္းရဲ႕ စီးပြားေရးကို စစ္ေရး အေျခအေနအရ အလွ်င္အျမန္ ျပဳျပင္ေျပာင္းလဲထားပါတယ္။ ဒါေပမယ့္လည္း အစိုးရရဲ႕ ဘ႑ာေရး အဖြဲ႔အစည္းေတြက အေျခအေနနဲ႔ လိုက္ေလ်ာညီေထြ ျဖစ္ေပမယ့္လည္း ေႂကြးၿမီ ကင္းရွင္းေရး အတြက္ကေတာ့ ႏိုင္ငံတကာရဲ႕ အကူအညီ လိုအပ္မွာ ျဖစ္ပါတယ္။

=================

စစ်အတွင်း ယူကရိန်းစီးပွားရေး အခြေအနေ

ရုရှားရဲ့ ကျူးကျော်မှု အတွင်း ယူကရိန်းရဲ့ စီးပွားရေးကို ဆက်လက် လည်ပတ်နိုင်ရေး အတွက် ယူကရိန်း အစိုးရက တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်နေပါတယ်။ ဒါပေမယ့်လည်း နိုင်ငံ ဘဏ္ဍာကတော့ အလျင်အမြန် လျော့ကျလာနေပါတယ်။ မတ်လ ၁၀ ရက်နေ့မှာတော့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF အမှုဆောင်ဘုတ် အဖွဲ့က ယူကရိန်းကို ဒေါ်လာ သန်း ၁,၄၀၀ ချေးငွေ အတည်ပြု ပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း ဒီငွေကလည်း တာရှည်ခံမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ Oksana Bedratenko ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

ယူကရိန်းကို ရုရှားတို့ ကျူးကျော် တိုက်ခိုက်မှုဟာ သီတင်း ၃ ပတ်ထဲကို ရောက်ရှိလာပေမယ့် လုပ်ထုံးလုပ်နည်းတွေ ပြုပြင်းပြောင်းလဲရမှုတွေ အများအပြား ရှိပေမယ့်လည်း ဘဏ်တွေ၊ အလွှဲအပြောင်းတွေ အပါအဝင် နိုင်ငံရဲ့ စီးပွားရေးကတော့ ဆက်ပြီး လည်ပတ်နေပါတယ်။ Elina Ribakova ဟာ နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူက ဖြစ်ပါတယ်။

အခုအချိန်ထိ အခြေအနေကို စီမံခန့်ခွဲထားနိုင်တဲ့ ယူကရိန်း အာဏာပိုင်တွေရဲ့ ခိုင်ခိုင်မာမာ ကြိုပမ်းဆောင်ရွက် အောင်မြင်မှုကို ချီးကျူးပါတယ်။ ဗဟိုဘဏ်ဟာ သိပ်ပြီး ထိထိရောက်ရောက် လုပ်ငန်း ဆောင်ရွက်နေတာကို သိရှိထားပါတယ်။

ဆက်လက် လည်ပတ်နိုင်ရေး အတွက် ယူကရိန်း အမျိုးသားဘဏ် အနေနဲ့ အမေရိကန် ဒေါ်လာ သန်း ၆၃၀ လောက်နဲ့ ညီမျှတဲ့ ယူကရိန်း hryvnia ၁၉ ဘီလျံလောက် နိုင်ငံဘတ်ဂျက်ထဲကို ထည့်ပေးထားရတာပါ။ နိုင်ငံခြား ငွေကြေး အလွှဲအပြောင်းတွေကိုလည်း ကန့်သတ်ထားပြီး ငွေကြေး တည်ငြိမ်မှုကို ထိန်းထားရေး အတွက် ငွေလဲနှုန်းကိုလည်း စီမံခန့်ခွဲနေပါတယ်။ ဘဏ်ရဲ့ ဖောက်သည်တွေကိုလည်း အကြွေးဆပ်ဖို့ ကင်းလွတ် ကာလ တခု သတ်မှတ်ပေးထားကြောင်းလည်း ယူကရိန်း အမျိုးသားဘဏ် ကောင်စီက Oleksandr Petryk က ပြောပါတယ်။

ငွေထုတ်တာကို ကန့်သတ်ထားပါတယ်။ လက်တွေ့မှာ မြို့ကြီးတွေမှာ စစ်ရေး ဆောင်ရွက်ချက်တွေ ရှိနေတာကြောင့် ATM တွေထဲ လတ်တလော ငွေထည့်ပေးဖို့က သိပ်ပြီး အန္တရာယ် များနေပါတယ်။

ဒါပေမယ့်လည်း ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေကတော့ အလုပ်ဖြစ်အောင် လုပ်နေကြပါတယ်။ ယူကရိန်းဘဏ်များ အသင်းက Galina Kheilo က အခုလို ပြောပါတယ်။

ငွေ လိုအပ်သူတိုင်း ငွေထုတ်နိုင်ပါတယ်။ နှစ်ဦး နှစ်ဘက်လုံး အဆင်ပြေစေမယ့် ဖြေရှင်းနည်း တရပ် ရှိပါတယ်။ လက်လီ ရောင်းချသူတွေက အခု ဆိုရင် ATM တွေလို လုပ်နေကြပါတယ်။ ငွေရှင်း ကောင်တာမှာ ငွေထုတ်နိုင်ပါတယ်။ ဒီလို လုပ်တာကြောင့် ငွေကြေး လွှဲပြောင်း သယ်ဆောင်ရမယ့် အရေးနဲ့ အသက်အန္တရာယ်ကို ရှောင်လွှဲနိုင်ပါတယ်။

ဒါပေမယ့်လို့လည်း စီးပွားရေး အများအပြား မလည်ပတ်နိုင်တာကြောင့် ငွေကြေး ကုန်ကျမှုက သိပ်ပြီး မြန်ဆန်နေပါတယ်။ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF အမှုဆောင် ဘုတ် အဖွဲ့က ယူကရိန်းကို ဒေါ်လာ သန်း ၁,၄၀၀ ချေးဖို့ မတ်လ ၁၀ ရက်နေ့မှာ အတည်ပြုလိုက်ပေမယ့်လည်း ဒီပမာဏကလည်း မလုံလောက်နိုင်ပါဘူး။ နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူက Elina Ribakova က အခုလို ပြောပါတယ်။

လက်ရှိ ဆွေးနွေးထားတဲ့ ချေးငွေတွေက တနှစ်လုံးစာ မထောက်ပံ့နိုင်ဘဲ တလစာ အတွက်လောက်ဘဲ ဖြစ်နေမှာကို စိုးရိမ်ပါတယ်။ လိုအပ်ချက်က သိပ်ပြီး များလာပါမယ်။
ကျူးကျော်စစ်ကြောင့် နိုင်ငံရဲ့ ကုန်စည် ထုတ်လုပ်လုပ်မှု စွမ်းရည်ကို ပျက်စီးစေပြီး အကျိုးအမြတ်ကို ထိခိုက်နစ်နာစေမယ်လို့လည်း Ribakova က ပြောပါတယ်။ တချိန်တည်းမှာဘဲ ကျူးကျော်စစ်အတွင်း အတွင်း အစိုးရ အနေနဲ့ ငွေကြေး သုံးစွဲရမှု ပိုများလာပါမယ်။

ဒါပေမယ့်လည်း ယူကရိန်း ဗဟိုဘဏ်ရဲ့ ဒုတိယ အကြီးအကဲဟောင်း Oleh Churiy ကတော့ ယူကရိန်း အနေနဲ့ နောက်ထပ် ရံပုံငွေ ရနိုင်ပါသေးတယ်လို့ ပြောပါတယ်။

နောက်ထပ် ရံပုံငွေ ရလာနိုင်ခြေ ရှိပါတယ်။

အလှုရှင်တွေထံက ဘဏ္ဍာရေး ထောက်ပံ့မှုတွေ ပိုရဖို့လည်း ယူကရိန်း အမျိုးသားဘဏ်က မျှော်လင့်ထားပါတယ်။ ယူကရိန်း ဗဟိုဘဏ်ရဲ့ ဒုတိယ အကြီးအကဲဟောင်း Oleh Churiy က အခုလို ဆက်ပြောပါတယ်။

အမျိုးသားဘဏ်ရဲ့ ခန့်မှန်းချက် အရ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ မိတ်ဘက် နိုင်ငံတွေလို ဆီကနေ မကြာခင် ကာလအတွင်း ဒေါ်လာ ၁၅ ဘီလျံလောက် ဘဏ္ဍာရေး အထောက်အပံ့ အနေနဲ့ ရမယ်လို့ ခန့်မှန်းထားပါတယ်။ အခုဆိုရင် တကမ ္ဘာလုံးက ယူကရိန်းကို ထောက်ခံနေကြတာပါ။

ယူရိန်းရဲ့ စီးပွားရေးကို စစ်ရေး အခြေအနေအရ အလျှင်အမြန် ပြုပြင်ပြောင်းလဲထားပါတယ်။ ဒါပေမယ့်လည်း အစိုးရရဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်ပေမယ့်လည်း ကြွေးမြီ ကင်းရှင်းရေး အတွက်ကတော့ နိုင်ငံတကာရဲ့ အကူအညီ လိုအပ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG