သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနယ်စပ် တိုက်ခိုက်မှုအတွက် ယူကရိန်းသမ္မတ သွယ်ဝိုက်ဝန်ခံ


ရုရှား-ယူကရိန်း နယ်စပ်ဒေသ (Russian Defense Ministry Press Service via AP)
ရုရှား-ယူကရိန်း နယ်စပ်ဒေသ (Russian Defense Ministry Press Service via AP)

ရုရှားနိုင်ငံ Kursk နယ်စပ်ဒေသကို ယူကရိန်းတပ်ဖွဲ့တွေ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရက်အနည်းငယ်အကြာမှာပဲ ယူကရိန်းသမ္မတ Volodymyr Zelenskyy က သွယ်ဝိုက်ပြီး ဝန်ခံပြောဆိုလိုက်ပါတယ်။

ယူကရိန်း အစိုးရက အစောပိုင်းမှာ နှုတ်ဆိတ်နေခဲ့ပေမဲ့ ရန်လိုတဲ့တိုင်းပြည် နယ်နမိတ်ထဲ စစ်ပွဲတွေကို တွန်းထုတ်ဖို့ ရည်ရွယ်တဲ့ လုပ်ရပ်အဖြစ် စနေနေ့က ညစဉ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ တချိန်တည်းမှာပဲ မနေ့ညဖက် ရုရှားရဲ့ ဒရုန်းနဲ့ မစ်ဇိုင်းဒုံး တိုက်ခိုက်မှုတွေကြောင့် Kyiv မြို့တော်မှာ ၄ နှစ်အရွယ် ကလေးတဦး အပါအဝင် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် အမျိုးသားနဲ့သား ဖြစ်သူတို့ရဲ့ အလောင်းတွေကို မစ်ဇိုင်းဒုံး အပိုင်းအစတွေ ထိမှန်ခဲ့တဲ့ အဆောက်အဦးတခု အပျက်အစီးတွေအောက်မှာ တွေ့ရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးတွေက ဒီကနေ့ပဲ အတည်ပြုခဲ့တာပါ။

ရုရှားနိုင်ငံ Kursk ဒေသမှာလည်း ယူကရိန်းရဲ့ မစ်ဇိုင်းဒုံးကို ရုရှားလေကြောင်းရန် ကာကွယ်ရေးက ကြားဖြတ်ပစ်ချရာက လူနေအိမ်ပေါ် အပျက်အစီးတွေ ကျရောက်ခဲ့ပြီး ၁၃ ယောက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံအုပ်ချုပ်ရေးမှူးက ပြောဆိုထားပါတယ်။

Forum

XS
SM
MD
LG