သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား တာဝေးပစ်ဒုံးလက်နက်ရုံ ယူကရိန်း တိုက်ခိုက်


ရုရှား Shahed တာဝေးပစ် ဒုံးလက်နက် သိုလှောင်ရုံ (AP Photo/Efrem Lukatsky)
ရုရှား Shahed တာဝေးပစ် ဒုံးလက်နက် သိုလှောင်ရုံ (AP Photo/Efrem Lukatsky)

ရုရှားနိုင်ငံ Oryol အာရီရိုလ်ဒေသက Shahed တာဝေးပစ် ဒုံးလက်နက်တွေ သိုလှောင်ပြုပြင်ထိန်းသိမ်းတဲ့ နေရာတခုကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းဘက်က ဒီနေ့ ပြောကြားပါတယ်။

ယူကရိန်းလေတပ်ရဲ့ ကြာသပတေးနေ့က တိုက်ခိုက်မှုကြောင့် ရုရှားကနေ ယူကရိန်းဘက်ကို ဒုံးလက်နက်တွေနဲ့ အကြီးအကျယ် တိုက်ခိုက်နိုင်စွမ်း သိသိသာသာ လျော့သွားအောင် ဖျက်စီးနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ် စစ်ဦးစီးချုပ်ရုံးက ဒီနေ့ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရုရှားအစိုးရဘက်က တစုံတရာ ပြောကြားခြင်း မရှိသေးပါဘူး။

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှု စခဲ့ပြီးနောက်ပိုင်းထဲက ရုရှားဘက်က ဒုံးကျည်တွေ ဒရုန်းလက်နက်တွေသုံးပြီး ပုံမှန်လို တိုက်ခိုက်နေပါတယ်။ ပြီးခဲ့တဲ့ လတွေထဲကစလို့ ဒရုန်းလက်နက် ဒါဇင်နဲ့ချီပြီး ရုရှားက နေ့စဉ်လိုလို ယူကရိန်းနိုင်ငံကို ပစ်ခတ်တိုက်ခိုက်‌နေပါတယ်။

ဒီနေ့ စနေနေ့ အစောပိုင်းကလည်း ရုရှားဘက်က ညလုံးပေါက် တိုက်ခိုက်တဲ့ ဒရုန်းလက်နက် ၁၆ ခုထဲက ၁၅ ခုကို ယူကရိန်းလေတပ်က ဖျက်ချနိုင်ခဲ့ကြောင်းနဲ့ ဒရုန်း ၁ ခုကတော့ ရေဒါထဲကနေ ပျောက်သွားခဲ့တယ်လို့ ယူကရိန်း လေတပ်က ပြောပါတယ်။

Forum

XS
SM
MD
LG