သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရိုင်းမီးယားဒေသ ရုရှားပိုင်အဖြစ် တရားဝင်ပူးပေါင်း


ယူကရိန်းနိုင်ငံက Crimea ကျွန်းဆွယ်ဒေသကို ရုရှားနိုင်ငံရဲ့ တစိတ်တဒေသအဖြစ် အတည်ပြု သတ်မှတ်ကြောင်း ရုရှားသမ္မတ Vladimir Putin နဲ့ Crimea တို့ ဒီကနေ့ အင်္ဂါနေ့မှာ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။

အမေရိကန်နဲ့ ဥရောပသမဂ္ဂက တရားမဝင်ဘူးလို့ ကြေညာခဲ့တဲ့ Crimea ဒေသ ယူကရိန်းက ခွဲထွက်ဖို့ လူထုဆန္ဒခံယူပွဲ ကျင်းပ ထောက်ခံခဲ့ပြီး ၂ ရက်အကြာမှာပဲ အခုလို သဘောတူ လက်မှတ်ရေးထိုးလိုက်ကြတာပါ။

မစ္စတာ Putin က Crimea ဒေသန္တရ ဝန်ကြီးချုပ် Sergei Askyonov၊ Crimea ဒေသန္တရ လွှတ်တော် ဥက္ကဌ Vladimir Konstantinov နဲ့ ရုရှားရဲ့ ရေ တပ်မဟာ အခြေစိုက်တဲ့ ပင်လယ်နက် ဆိပ်ကမ်းမြို့ Sevastopol ရဲ့ မြို့တော်ဝန် Aleksei Chalov တို့နဲ့ စာချုပ် လက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်။ စာချုပ် လက်မှတ်ရေးထိုးတဲ့ နေ့ကစပြီး Crimea ဒေသကို ရုရှားဖယ်ဒရေးရှင်းထဲ လက်ခံလိုက်ပြီလို့ ရုရှားအစိုးရ website မှာ ဖော်ပြထားပါတယ်။

Crimea ဟာ ရုရှားနိုင်ငံကနေ ခွဲထုတ်လို့မရတဲ့ ဒေသတခုအဖြစ် အမြဲ ရှိနေခဲ့တာပါလို့ Crimea ကျွန်းဆွယ်ဟာ အချုပ်အခြာ အာဏာတည်မြဲပြီး သီးခြားရပ်တည်တဲ့ နိုင်ငံတခုအဖြစ် အသိအမှတ်ပြုတဲ့ အမိန့်ကြေညာချက်ကို လက်မှတ်ရေးထိုးသွားပြီး တရက်အကြာ ဒီကနေ့မှာပဲ သမ္မတ Putin က ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ပြသတဲ့ မိန့်ခွန်းကို လွှတ်တော်မှာ ပြောကြားသွားပါတယ်။

ဒါပေမဲ့ Crimea လူထုဆန္ဒခံယူပွဲဟာ နိုင်ငံတကာ စည်းမျဉ်းတွေနဲ့ ညီညွတ်တယ်လို့ သမ္မတ Putin က အင်္ဂါနေ့မှာပဲ ပြောသွားပါတယ်။
XS
SM
MD
LG