သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအစိုးရ အရှေ့ပိုင်းဒေသမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစား


ယူကရိန်းအစိုးရဟာ ရုရှားကိုလိုလားနေကြတဲ့ နိုင်ငံရဲ့အရှေ့ပိုင်းက မြို့ကြီးတွေကို ထိန်းချုပ်ထားနိုင်ဖို့ အင်္ဂါနေ့မှာ ခက်ခက်ခဲခဲ ကြိုးပမ်းနေရပါတယ်။ လူမျိုးစု တိုင်းရင်းသားအရေးနဲ့ နိုင်ငံရေး ကွဲပြားမှုတွေကို ဆက်စပ်ပြီး ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ ဖိအားပေးမှုတွေ ရင်ဆိုင်နေရပြီး နိုင်ငံပြိုကွဲနိုင်တဲ့ အခြေအနေမျိုးအထိ ခြိမ်းခြောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ခါကစ်ဗ်မြို့မှာ ဆန္ဒပြသူတွေကို ပစ်ခတ်လူစုခွဲခဲ့ရပြီး ရုရှားကိုလိုလားတဲ့ ဆန္ဒပြသူ ၆၀ လောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ နိုင်ငံရဲ့တောင်ပိုင်းမှာ ဆိုရင်လည်း ရုရှားလိုလားသူတွေဟာ တတိယမြောက်နေ့အဖြစ် အစိုးရပိုင် အဆောက်အအုံတွေကို သိမ်းပိုက်ထားကြပါတယ်။

Luhansk မြို့မှာဆိုရင်လည်း ဆန္ဒပြသူတွေဟာ ယူကရိန်းနိုင်ငံကနေ ခွဲထွက်ပြီး ရုရှားနဲ့ ပူးပေါင်းဖို့ တောင်းဆိုနေကြသလို အဆောက်အအုံတွေကို သိမ်းပိုက်ထားပြီး ပေါက်ကွဲစေတဲ့ ပစ္စည်းတွေနဲ့ ကာရံထားသလို လူပေါင်း ၆၀ လောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ယူကရိန်းအစိုးရ လုံခြုံရေးအရာရှိတွေက ပြောဆိုပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ခွဲထွက်ရေး လှုပ်ရှားနေသူတွေကို ရုရှားနိုင်ငံက Agent တွေနဲ့ အထူးတပ်ဖွဲ့တွေက သွေးထိုးလှုံ့ဆော်ပေးနေ တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က စွပ်စွဲပြစ်တင် လိုက်ပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ခရိုင်းမီးယားဒေသကို စစ်ရေးအရ ဝင်ရောက်စွက်ဖက် သိမ်းယူခဲ့တဲ့ ပုံစံမျိုး ရုရှားက ဖန်တည်းနေတာဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။
XS
SM
MD
LG