ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားလိုလားသူတွေ သိမ်းပိုက်ထားတဲ့ အစိုးရအဆောက်အဦးတွေကို စေ့စပ်ဆွေးနွေးမှုတွေနဲ့ပဲဖြစ်ဖြစ် အင်အားသုံးပြီးပဲဖြစ်ဖြစ် သောကြာနေ့မှာ နောက်ဆုံး ထားပြီး ဖြေရှင်းမယ့်အကြောင်း ယူကရိန်းအစိုးရက သတိပေးလိုက်ပါတယ်။
ယူကရိန်းအရှေ့ပိုင်း ရုရှားနယ်စပ်နားက Luhansk နဲ့ Donetsk မြို့က ရှေ့မတိုး နောက်မဆုတ် အခြေအနေနဲ့ ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီး Arsen Avakov က ဗုဒ္ဓဟူးနေ့က ပြောဆိုရာမှာတော့ ဆွေးနွေးလိုသူတွေ အတွက် နိုင်ငံရေးအရ အဖြေရှာဖို့ ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း ပဋိပက္ခကို လိုလားနေကြတဲ့ လူနည်းစုတွေအတွက်တော့ အင်အားသုံး ဖြေရှင်းတဲ့နည်းနဲ့ ရင်ဆိုင်ရမယ်လို့လည်း သတိပေးခဲ့ပါတယ်။
ယူကရိန်းနိုင်ငံက အစိုးရပိုင် အဆောက်အဦးတွေကို စနစ်တကျ၊ ပစ်မှတ်ထားပြီး အကွက်ချ သိမ်းပိုက်ခဲ့တဲ့အကြောင်း အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ ကြားနာမှုတခုမှာ အမေရိကန် အကြီးတန်းသံတမန် Victoria Nuland က ပြောဆိုလိုက်တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ ယူကရိန်းအစိုးရရဲ့ သတိပေးချက် ထွက်ပေါ်လာတာပါ။
သိမ်းပိုက်မှုတွေမှာ ရုရှားနိုင်ငံက ပတ်သက်နေတဲ့ အထောက်အထားတွေကိုလည်း အကြီးအကျယ် တွေ့ခဲ့ရတဲ့အကြောင်း ပြောဆိုခဲ့သလို၊ ရန်လိုတဲ့ လုပ်ရပ်တွေကို ဆက်လုပ်နေမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း အမေရိကန် သံတမန် Nuland က သတိပေးခဲ့ပါတယ်။
ယူကရိန်းအရေးနဲ့ ပတ်သက်လို့ အမေရိကန်၊ ဥရောပသမဂ္ဂ (EU)၊ ရုရှားနဲ့ ယူကရိန်းတို့ ရှေ့သီတင်းပတ်ထဲ တွေ့ဆုံဆွေးနွေးမှုကနေ ကြီးကြီးမားမား ရလဒ်တွေ ထွက်ပေါ်လာမယ်လို့ အမေရိကန် သံတမန်တွေ မျှော်လင့်မထားတဲ့ အကြောင်းလည်း လွှတ်တော်အမတ်တွေကို ပြောခဲ့တာပါ။