သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအစိုးရပိုင် အဆောက်အဦးတွေ ထပ်မံသိမ်းပိုက်ခံရ


ရာနဲ့ချီရှိတဲ့ ရုရှားကိုလိုလားသူ ခွဲထွက်ရေးသမားတွေဟာ အင်္ဂါနေ့မှာ ရုရှားနိုင်ငံနယ်စပ်မှာရှိတဲ့ နောက်ထပ် ယူကရိန်း အစိုးရအဆောက်အဦးတွေကို သိမ်းပိုက်လိုက်ကြပါတယ်။ LUHANSK မြို့မှာရှိတဲ့ အစိုးရအကျိုးဆောင် ရှေ့နေရုံးကို သိမ်းပိုက်ခဲ့ကြသလို ရဲစခန်းတခုကိုလည်း တုတ်တွေ၊ အော်တိုမက်တစ် သေနတ်တွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့က ပြန်လည်မခုခံခဲ့ဘူးလို့ ဒေသအာဏာ ပိုင်တွေက ပြောပါတယ်။ လူပေါင်း လေးသိန်းခွဲ နေထိုင်တဲ့ အဲဒီမြို့က အစိုးရဌာနချုပ်ရုံး အဆောက်အဦးကို သိမ်းပိုက်ပြီး ခွဲထွက်ရေးသမားတွေရဲ့ အလံတွေလွှင့်ထူခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ရုရှားကိုလိုလားသူ ခွဲထွက်ရေးသမားတွေက Donetsk မြို့ကို တနင်္လာနေ့မှာ သိမ်းပိုက် ထိန်းချုပ်ခဲ့ပြီး လူထုဆန္ဒခံယူပွဲ မေလ ၁၁ ရက်နေ့မှာ ပြုလုပ်မယ်လို့ ကြေညာပြီးတဲ့နောက် နိုင်ငံရဲ့အရှေ့ပိုင်းမှာရှိတဲ့ ဒုတိယပြည်နယ် တခုရဲ့ မြို့တော်ကို အခုလို သိမ်းပိုက်လိုက်တာလည်း ဖြစ် ပါတယ်။

ပြီးခဲ့တဲ့လအတွင်း ယူကရိန်းအရှေ့ပိုင်း ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက ကျူးကျော်ဝင်ရောက်ခဲ့ပြီးတဲ့နောက် အလားတူ ဆန္ဒခံယူပွဲ ကျင်းပခဲ့ပါတယ်။
အခုနောက်ဆုံး အစိုးရရုံးတွေ သိမ်းပိုက်မှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Slovyansk မြို့အနီးမှာ ဓားစာခံအဖြစ် ဖမ်းဆီးသွားတဲ့ ဥရောပ လေ့လာစောင့်ကြည့်သူတွေကို ပြန်လွှတ်ပေးဖို့အတွက် ညှိနှိုင်းမှုတွေ ပြန်စတင်နေချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG