သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ကန်စစ်ရေးအကူအညီမရရင် ရုရုားကိုစစ်ရှုံးနိုင်" ယူကရိန်းသမ္မတ


A Ukrainian serviceman prays kneeling in a church damaged in the Russian air raid in the town of Orikhiv, Zaporizhzhia region, Ukraine, April 5, 2024.
A Ukrainian serviceman prays kneeling in a church damaged in the Russian air raid in the town of Orikhiv, Zaporizhzhia region, Ukraine, April 5, 2024.

အမေရိကန် ကွန်ဂရက်လွှတ်တော်က ယူကရိန်းအတွက်စစ်ရေးအကူအညီပေးရေး သဘောမတူဘူးဆိုရင်တော့ ရုရှားကို စစ်ရှုံးလိမ့်မယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelensky က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ရုရှားရဲ့ကျူးကျော်စစ်နဲ့ရင်ဆိုင်နေရတဲ့ယူကရိန်းနိုင်ငံ အတွက် ပေးမယ့် ဒေါ်လာဘီလီယံနဲ့ချီတဲ့စစ်ရေးအကူအညီတွေကို အမေရိကန် ရီပတ်ဘလစ်ကန်အမတ်တွေက လနဲ့ချီ ကန့်ကွက်ထားကြတာပါ။ ယူကရိန်းကို မကူညီရင် ဒီစစ်ပွဲမှာ ယူကရိန်းရှုံးနိမ့်ပါလိမ့်မယ်လို့ သမ္မတ Zelenskyy က Kyiv က စီစဥ်တဲ့ ရံပုံငွေရှာဖွေရေး United24 အစီအစဥ်မှာ အမေရိကန် ကွန်ဂရက်လွှတ်တော်ကို ဗွီဒီယိုမိန့်ခွန်းမှာ ရည်ရွယ်ပြောဆိုသွားပါတယ်။

အကူအညီတွေမရရင်တော့ ယူကရိန်းဆက်လက်ရပ်တည်ဖို့ ခက်ခဲသွားမှာဖြစ်ပြီး ယူကရိန်းသာ စစ်ရှုံးခဲ့ရင် အခြားတိုင်းပြည်တွေပါ အတိုက်ခိုက်ခံရလိမ့်မယ်လို့လည်း ပြောပါတယ်။ ယူကရိန်းကို ရုရှားတို့ကျူးကျော်တိုက်ခိုက်နေတာ ၂ နှစ်ကျော်ထဲရောက်လာပါပြီ။ နိုင်ငံတောင်ပိုင်း Zaporizhzhia ဒေသအတွင်း ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ဂိုလေယိုင်ပိုလေး Gulyaipole မြို့ကလူ ၃ ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာပြောပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်းမှာလည်း လတ်တလော လတွေအတွင်း ရုရှား ရဲ့တိုက်ခိုက်မှုတွေတိုးလာတယ်လို့လည်းဆိုပါတယ်။

တနင်္ဂနွေနေ့တုန်းကလည်း ရုရှားရဲ့တိုက်ခိုက်မှုကြောင့် Kharkiv မြို့ကအရပ်သား ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တို့က ပြောပါတယ်။ တချိန်ထဲမှာပဲ ရုရှားကလည်း Belgorod နဲ့ Bryansk နယ်စပ်မှာ ယူကရိန်းရဲ့ ဒရုန်းယာဥ် ၁၅ စင်းကို ပစ်ချခဲ့တယ်လို့ ပြောပါတယ်။ ယူကရိန်းရဲ့ ဒရုန်းယာဥ်က ကျည်ထိမှန်ပြီး အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့လည်း Belgorod ဒေသအုပ်ချုပ်ရေးမှုးက ပြောပါတယ်။

"ကန်စစ်ရေးအကူအညီမရရင် ရုရုားကိုစစ်ရှုံးနိုင်" ယူကရိန်းသမ္မတ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG