သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား - ပူတင် တွေ့ဆုံမှု ယူကရိန်း အရေး ဦးစားပေး ဆွေးနွေးမည်


အမေရိကန်သမ္မတ အိုဘားမား (ဝဲ) ရုရှားသမ္မတ ပူတင် (ယာ)
အမေရိကန်သမ္မတ အိုဘားမား (ဝဲ) ရုရှားသမ္မတ ပူတင် (ယာ)

ယူကရိန်းနိုင်ငံအရေးကိစ္စဟာ အမေရိကန် သမ္မတ Barack Obama အနေနဲ့ ရုရှားသမ္မတ Vladimir Putin နဲ့ နယူးယောက်မြို့မှာ တွေ့ဆုံတဲ့အခါ ထိပ်ဆုံး ဦးစားပေး ဆွေးနွေးမယ့် အကြောင်းအရာဖြစ်လိမ့်မယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံဖွင့်တဲ့ တနင်္လာနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်တယ်လို့ ရုရှားအစိုးရကပြောပါတယ်။

သမ္မတ Obama က ယူကရိန်းနိုင်ငံအတွင်း အပစ်ခတ်ရပ်စဲရေး အတွက် ရည်ရွယ် ပြုလုပ်ထားတဲ့ Minsk သဘောတူညီမှုကို လိုက်နာ ဆောင်ရွက်ဖို့ အရေးကြီးတဲ့ အကြောင်း Mr. Putin ကို ထပ်မံတိုက်တွန်းလိုတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest က ပြောပါတယ်။

ရုရှားနိုင်ငံရဲ့ စီးပွားရေး အားနည်းသွားအောင် အနောက်နိုင်ငံတွေက စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်နေချိန်မှာ ရုရှားရဲ့ အရေးကြီးတဲ့ စစ်ရေးဆိုင်ရာ အထောက်ပံ့တွေ လက်ခံရရှိထားတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ခွဲထွက်ရေး သူပုန်တွေဟာ ယူကရိန်းနိုင်ငံ မတည်မငြိမ် ဖြစ်အောင် ဆက်လက် လုပ်ဆောင် နေတယ်လို့ Mr. Earnest က ပြောဆိုပါတယ်။

ရုရှားအစိုးရရဲ့ ပြောခွင့်ရသူ Dmitry Peskov က ဆီးရီးယားနိုင်ငံ အရေးဟာ သမ္မတ ၂ ဦး ဆွေးနွေးပွဲရဲ့ ဦးစားပေး အကြောင်းအရာဖြစ်ပြီး၊ အချိန်ရရင် ယူကရိန်း အရေးကိုလည်း ဆွေးနွေးကြဖို့ရှိတယ်လို့ ပြောပါတယ်။

XS
SM
MD
LG