သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအနာဂါတ် မရေရာသေး


အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း သေဆုံးခဲ့ရသူများအတွက် ယာယီအထိမ်းအမှတ်နေရာကို လာရောက်ကြသူများ။ (ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄)
အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း သေဆုံးခဲ့ရသူများအတွက် ယာယီအထိမ်းအမှတ်နေရာကို လာရောက်ကြသူများ။ (ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄)
ယူကရိန်းအတိုက်အခံခေါင်းဆောင် Yulia Tymoshenko အကျဉ်းချခံထားရာကနေ ပြန်လည် လွတ်မြောက်လာပြီးနောက်တနေ့ ဒီကနေ့မှာ ရာထူးက ဖြုတ်ချခံလိုက်ရပြီး Kyiv မြို့ကနေ ထွက်ပြေးသွားတဲ့ သမ္မတ Viktor Yanukovych ဘယ်မှာရောက်နေတာဆိုတာ အတိအကျ မသိနိုင်ဘဲ ဖြစ်နေပါတယ်။ စနေနေ့က သမ္မတ Yanukovych ကို အမည်မသိနေရာကို ခေါ်ဆောင်သွားမယ့် ရဟတ်ယာဉ်ကို ပျံသန်းခွင့်မပေးခဲ့ဘူးလို့ နယ်ခြားစောင့်တပ်ဖွဲ့တွေက ပြောပါတယ်။

ယူကရိန်းနိုင်ငံအတွင်း အသက်ဆုံးရှုံးမှုတွေ အများအပြား ဖြစ်စေခဲ့တဲ့ အကြမ်းဖက်မှုတွေအပေါ် ရာထူးက ဖြုတ်ချခံလိုက်ရတဲ့ သမ္မတ Yanukovych အနေနဲ့ အပြည့်အဝ တာဝန်ယူရမယ်လို့ အတိုက်အခံခေါင်းဆောင် Vitali Klitschko က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဆန္ဒပြသမားတွေ အများအပြား အသက်ဆုံးရှုံးခဲ့ရတဲ့ Kyiv မြို့လယ်မှာ လူတွေအများအပြား ဆက်လက် စုဝေးနေကြတဲ့အချိန်မှာပဲ အတိုက်အခံ ခေါင်းဆောင် Vitali Klitschko က သတင်းထောက်တွေကို အဲဒီလို ပြောကြားလိုက်တာပါ။ လူထုကြီးက ရှေ့ဘာဆက်ဖြစ်မယ်ဆိုတဲ့ ပြောဆိုမှုကို စောင့်ဆိုင်းနေကြတာလည်း ဖြစ်ပါတယ်။

ဒီအတောအတွင်း ညီညွတ်ရေးအစိုးရသစ်တစ်ရပ်ဖွဲ့နိုင်ဖို့အတွက် ယူကရိန်းလွှတ်တော်မှာ တနင်္ဂနွေနေ့က အထူး စည်းဝေးပွဲပြုလုပ်နေပါတယ်။
စနေနေ့တုန်းကတော့ သမ္မတ Yanukovych ကို လွှတ်တော်က ရာထူးက ဖြုတ်ချကြောင်းနဲ့ ရွေးကောက်ပွဲတွေကို မေလ ၂၅ ရက်နေ့မှာ ကျင်းပဖို့ မဲခွဲ အတည်ပြုလိုက်ပါတယ်။ စနေနေ့မှာပဲ အကျဉ်းချခံရာကနေ ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း Tymoshenko Kyiv မြို့က ဆန္ဒပြလူအုပ်ကြီးကို စကားပြောတဲ့အချိန် လူအုပ်ကြီးက သူမကို သူရဲကောင်းတဦးအလား ကြိုဆိုခဲ့ကြသလို သူမကလည်း ဆန္ဒပြပွဲတွေ ဆက်လက် ပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG