သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းခေါင်းဆောင်အဖြစ် ဆက်ရပ်တည်ကြောင်း Yanukovych ကြေညာ


ယူကရိန်းသမ္မတဟောင်း Viktor Yanukovych
ယူကရိန်းသမ္မတဟောင်း Viktor Yanukovych
လက်ရှိ ယူကရိန်းခေါင်းဆောင်တွေရဲ့ Crimea ပြဿနာ ကိုင်တွယ်ဖြေရှင်းမှုဟာ Crimea ဒေသကို ယူကရိန်းနိုင်ငံကနေ ခွဲထွက်သွားအောင် လုပ်နေတာဖြစ်တယ်လို့ ဖြုတ်ချခံရသူ ယူကရိန်းသမ္မတဟောင်း Viktor Yanukovych က သူ့အတိုက်အခံတွေကို ဒီကနေ့ ပြစ်တင် ဝေဖန်လိုက်ပြီး သူဟာ ယူကရိန်းသမ္မတအဖြစ်ရော တပ်မတော်စစ်ဦးစီးချုပ် အဖြစ်ပါ ရှိနေသေးတယ်လို့ ပြောပါတယ်။

ဆန္ဒပြပွဲတွေကြောင့် ပြီးခဲ့တဲ့လ Kyiv မြို့တော်ကနေ ထွက်ပြေးခဲ့အပြီး ရုရှားနိုင်ငံမှာ Yanukovych က အခုလို ဒုတိယအကြိမ် လူသိရှင်ကြား ထွက်ပြောလာတာ ဖြစ်ပါတယ်။ ယူကရိန်းကြားဖြတ်အစိုးရဟာ အစွန်းရောက်သူတွေ ဖြစ်တယ်လို့ သူက ရှုံ့ချလိုက်ပါတယ်။ ကြားဖြတ်အစိုးရက မေလ ၂၅ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လုပ်ပိုင်ခွင့် မရှိသလို တရားလည်း မဝင်ဘူးလို့ သူက ပြောပါတယ်။

ယူကရိန်း ကြားဖြတ်အစိုးရကို ဒေါ်လာ ၁ ဘီလီယံ ချေးပေးတဲ့ အစီအစဉ်အတွက် အမေရိကန်အစိုးရကို Yanukovych က ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ဝေဖန်ပြောဆိုလိုက်ပြီး ဒီဓားပြတွေကို ငွေပေးခွင့် မရှိဘူးလို့ အမေရိကန်အစိုးရကို ပြစ်တင်လိုက်ပါတယ်။

ဒီအတောတွင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius က Crimea ပြဿနာ တည်ငြိမ်ရေးအတွက် ကမ်းလှမ်းချက်ကို ရုရှားဘက်က အပြုသဘော မတုံ့ပြန်ဘူးဆိုရင်တော့ အနောက်နိုင်ငံတွေအနေနဲ့ ရုရှားကို ဒီတပတ်ထဲမှာ တတ်နိုင်သမျှ အစောဆုံး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။
XS
SM
MD
LG