ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသက ခွဲထွက်ရေးသမားတွေဆီ လက်နက်တွေ မရောက်အောင် ကာကွယ်ရာမှာ အကူညီပေးဖို့နဲ့ အဲဒီဒေသက စစ်သွေးကြွတွေ ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်လာအောင် ရုရှားက သြဇာသုံးပေးဖို့ အမေရိကန်သမ္မတ Barack Obama က ရုရှားကို ပန်ကြားလိုက်ပါတယ်။
သမ္မတ အိုဘားမားရဲ့ ဥရောပ ၃ နိုင်ငံခရီးစဉ်မှာ ယူကရိန်းအရေးကို အဓိကထား ဆွေးနွေးမယ်လို့ မျှော်လင့်ထားကြပြီး အခုသူ့ရဲ့ ခရီးစဉ်အတွင်း ပထမဆုံး သွားရောက်ခဲ့တဲ့ ပိုလန်နိုင်ငံ ဝါဆောမြို့မှာ အင်္ဂါနေ့က အခုလို ပြောကြားလိုက်တာပါ။
တကယ်လို့ ရုရှားဘက်က နောက်ထပ် ရန်စမှုတွေ လုပ်လာမယ်ဆိုရင် နေုာက်ထပ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်တာလိုမျိုး တန်ဘိုးကြီး ပေးဆပ်ရလိမ့်မယ် ဆိုတာကို ပိုလန်သမ္မတ Bronislaw Komorowski ကပါ သဘောတူခဲ့တယ်လို့လည်း ပြောပါတယ်။
နယ်မြေပိုင်ဆိုင်မှု၊ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ခွင့်ဟာ လူသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေမို့ နိုင်ငံသားတိုင်းဟာ သူတို့ နိုင်ငံရဲ့ အနာဂတ် အတွက် ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိရမှာ ဖြစ်ပါတယ်။ ဒါဟာ ဥရောပနိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ လုံခြုံအေးချမ်းမှု ရှိခဲ့တာရဲ့ အဓိက အချက်ဖြစ်ပြီး အခုအခါမှာ ဒီလုံခြုံအေးချမ်းမှုဟာ ခရိုင်းမီးယားကို ရုရှားဝင်သိမ်းတာနဲ့ ယူကရိန်းအရှေ့ပိုင်းဒေသတွေမှာ ရုရှားရဲ့ လုပ်ဆောင်မှုတွေက ခြိမ်းခြောက်နေပါပြီလို့ ပြောသွားတာပါ။
ယူကရိန်းအနေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ဥရောပနဲ့ လုပ်ရမလား ရုရှားနဲ့လုပ်ရမလားလို့ ရွေးနေစရာမလိုဘူးလို့ ထင်ကြောင်းလည်း သမ္မတ အိုဘားမားက ပြောပါတယ်။
ပင်လယ်နက်နဲ့ Baltic ပင်လယ်ပြင်တွေမှာ ရေတပ်အင်အား ပိုမိုချထားတာ အပါအဝင် ဥရောပမှာ တပ်သားအလှည့်ကျ ချထားရေးနဲ့ စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်နိုင်ဖို့ ဒေါ်လာသန်းတထောင် လျာထားဖို့ အမေရိကန် သမ္မတ Barack Obama က အဆိုတင်သွင်း လိုက်ပါတယ်။ ဒါ့အပြင် ဒါဟာ NATO မဟာမိတ် နိုင်ငံတွေရဲ့ လုံခြုံရေးအတွက် လုပ်ဆောင်ပေးဖို့ အမေရိကန်ကထားရှိတဲ့ မပြောင်းလဲတဲ့ သဘောထားကို ပြသလိုက်တာလို့လည်း ပြောပါတယ်။