သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်ရေးတပ်လှန့်


ရုရှားနယ်စပ်အနီးမှာ ယူကရိန်းတပ်တွေကို တိုက်ပွဲဝင် အသင့်အနေအထား ဆက်ရှိနေဖို့ဆိုပြီး ယူကရိန်းက အမိန့်ထုတ်ထားပါတယ်။ နယ်စပ်အနီး ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေနဲ့ ဖြစ်တာကြောင့် အပစ်အခတ်ရပ်စဲရေးလည်း ပျက်ပြယ်ပြီး လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တဲ့နောက် အခုလို တပ်လှန့်ခဲ့တာပါ။

သူပုန်တွေ ထိန်းချုပ်ထားရာ Donetsk ဒေသမှာ လူနေရပ်ကွက်ကို ဒုံးကျည်ထိမှန်ပြီး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ခွဲထွက်ရေးသူပုန်တွေဘက်က ကြေညာသလို၊ အနီးအနားမြို့နားက တိုက်ပွဲတခုမှာလည်း လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ကြေညာပါတယ်။

အဲဒီနောက်မှာပဲ ဝန်ကြီးချုပ် Arseniy Yatsenyuk က အခုလို တပ်အသင့်အနေအထား ဆက်ရှိနေဖို့အမိန့် ဗုဒဟူးနေ့မှာ ထုတ်ခဲ့တာဖြစ်ပါတယ်။ သူပုန်တွေ ထိန်းချုပ်ထားရာဒေသဖြစ်တဲ့ Donesk နဲ့ Lunhansk ဒေသတွေမှာ သူပုန်တွေဘက်က ယာယီ ကိုယ်ပိုင်အုပ်ချုပ်ရေးဆောင်ရွက်ဖို့ ယူကရိန်းပါလီမန်ကနေ အင်္ဂါနေ့က မဲခွဲအတည်ပြုပြီးတဲ့နောက်၊ အခုလို အထိအခိုက်တွေ ပထမဆုံး ကြားရတာပါ။

ယာယီ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးပြီး၊ သူပုန်တွေကို လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့တာဟာ ၅ လကြာ စစ်ပွဲတွေအတွင်း ယူကရိန်းဘက်က အကြီးမားဆုံး ငြိမ်းချမ်းရေး အစပျိုးမှုဖြစ်ပါတယ်။

XS
SM
MD
LG