သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသူပုန်တွေဘက်က လက်နက်ကြီးတွေ ပြန်ဆုတ်


ရုရှားလိုလားတဲ့ ယူကရိန်း ခွဲထွက်ရေးသူပုန်တွေက တိုက်ပွဲတွေအတွင်း အသုံးပြုနေတဲ့ လက်နက်ကြီးတွေကို ပြန်ရွှေ့ပြောင်းနေကြောင်း ပြောပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေနဲ့ ၅ လကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီခဲ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်အတိုင်း အခုလို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဘက်က အခုလို လက်နက်ကြီးတွေကို ရွှေ့ပြောင်းနေတဲ့အတွက် သူတို့ဘက်ကလည်း အလားတူ အခုလို ပြန်လည် နေရာချထားတာလို့ သူပုန်ခေါင်းဆောင် Alexander Zakharchenko က ရုရှား Interfax သတင်းဌာနကို ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

ဒါပေမဲ့ ယူကရိန်းတပ်ဖွဲ့ဘက်က ဆုတ်ခွာသွားတဲ့ ဒေသမှာပဲ သူတို့ဘက်က အခုလို ဆုတ်ခွာပေးမှာဖြစ်ပြီး တခြားနေရာတွေမှာတော့ တူညီတဲ့ တုံ့ပြန်မှုတွေကို လုပ်သွားမယ့်အကြောင်းလည်း သူက ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး ကြားခံနယ်မြေထားဖို့ သဘောတူခဲ့ကြတဲ့အတိုင်း သူတို့ရဲ့တပ်ဖွဲ့တွေ လက်နက်ကြီးတွေကို ပြန်ရွှေ့ပြောင်းနေပြီလို့ ယူကရိန်းအာဏာပိုင်တွေက တနင်္လာနေ့တုန်းက ပြောပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ကစလို့ အပစ်အခတ်ရပ်စဲရေး စတင် အကျုံးဝင်ပေမဲ့ Donetsk ဒေသမှာတော့ တိုက်ပွဲတွေ ကြိုကြား ဆက်ဖြစ်နေတာတွေလည်း ရှိပါတယ်။

ဒီတပတ် နယူးယောက်မှာ စတင်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာတော့ ယူကရိန်းအရေးဟာ ဆွေးနွေးစရာတွေထဲမှာ ထိပ်ဆုံးက ရှိနေတာပါ။ ဒီညီလာခံကို ရုရှားသမ္မတ Vladimir Putin တက်ရောက်မှာ မဟုတ်ဘဲ သူ့ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ရုရှားနိုင်ငံကိုယ်စား တက်ရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG