သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းငြိမ်းချမ်းရေး ထိပ်သီးညီလာခံ Minsk မှာကျင်းပ


ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ဆက်လက် တိုက်ပွဲတွေ ဖြစ်နေဆဲအချိန်မှာပဲ Belarus နိုင်ငံ Minsk မြို့မှာ ယူကရိန်းနိုင်ငံ ပဋိပက္ခဖြေရှင်းနိုင်ဖို့အတွက် ရုရှား၊ ပြင်သစ်၊ ဂျာမနီနဲ့ ယူကရိန်း ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေ ကြပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ ထိပ်သီး အစည်းဝေးမစခင်မှာ ယူကရိန်းသမ္မတ Petro Poroshenko က ယူကရိန်းနဲ့ EU ဥရောပသမဂ္ဂတို့ဟာ တသံတည်း ပြောဆိုကြလိမ့်မယ်လို့ ပြောပါတယ်။

စောစောပိုင်းတုန်းကလည်း Mr. Poroshenko က ဒီ ၄ နိုင်ငံ ထိပ်သီး အစည်းအဝေးဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်ပွားနေတဲ့ အစိုးရတပ်တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဆုံးသတ်စေရေးအတွက် နောက်ဆုံး အခွင့်အရေးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အခြေအနေတွေ ဒီထက်ပိုပြီး ဆိုးရွားလာခဲ့ရင် တိုင်းပြည်တခုလုံးကို စစ်ဥပဒေ ပြဌာန်းဖို့ သူ့အနေနဲ့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူးလို့ Mr. Poroshenko က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်း Donetsk မြို့တ၀ိုက်မှာတော့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဘတ်စ်ကားဂိတ်တခုကို လက်နက်ကြီး ထိမှန်ခဲ့ပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးသွားတယ်လို့ ခွဲထွက်ရေး သူပုန်တွေနဲ့ အရေးပေါ် ကယ်ဆယ်ရေး ၀န်ထမ်းတွေက ပြောပါတယ်။

သူပုန်တွေက Debaltseve မြို့အနီး ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ယူကရိန်းစစ်သား ၁၉ ဦး သေဆုံးပြီး ၇၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ အစိုးရစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ဥရောပမှာရှိတဲ့ အမေရိကန် ကြည်းတပ် တပ်မှူးကြီးက Debaltseve မြို့အနီး ပြုလုပ်ခဲ့တဲ့ တိုက်ပွဲမှာ ရုရှားတပ်ဖွဲ့တွေ တိုက်ရိုက် ပါဝင်ပတ်သက်မှုရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG