သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွင်းရှိ ယူကရိန်းအစိုးရတပ်တွေ ရုပ်သိမ်း


ယူကရိန်းနိုင်ငံမှာ အပစ်ရပ်သဘောတူညီချက် ရပြီးတဲ့နောက်အထိ တိုက်ပွဲတွေဆက်ဖြစ်နေခဲ့ဲတဲ့ Debaltseve မြို့ကနေ အစိုးရတပ်ဖွဲ့တချို့ စပြီး ရုပ်သိမ်းနေပြီလို့ ယူကရိန်းသမ္မတက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ဗွီဒီယိုကတဆင့် ပြောတဲ့ကြေညာချက်မှာ သမ္မတ Petro Poroshenko က ယူကရိန်းတပ်ဖွဲ့တွေနဲ့ အရံတပ်ဖွဲ့တွေဟာ Debaltseve ကနေ စနစ်တကျ ဆုတ်ခွာနေပြီလို့ ပြောဆိုထားပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင် ၈၀ ရာခိုင်နှုန်းလောက် မြို့ကထွက်ခွာခဲ့ပြီး နောက်ထပ် စစ်ကြောင်းနှစ်ကြောင်း မကြာခင်မှာ ထပ်ပြီး ဆုတ်ခွာမှာဖြစ်တယ်လို့လည်း မစ္စတာ Poroshenko က ပြောပါတယ်။ ရုရှားလိုလားတဲ့ သူပုန်တွေ ဝိုင်းထားခဲ့တဲ့ မဟာဗျူဟာအရ အရေးပါတဲ့ အဲဒီညမြို့မှာ မကြာသေးခင် သီတင်းပတ်တွေအတွင်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပါတယ်။

နိုင်ငံတကာက ကြားဝင်စေ့စပ်ပေးတဲ့ အပစ်ရပ်သဘောတူညီချက် တနင်္ဂနွေနေ့မှာ စ အသက်ဝင်ပြီး နောက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်ဖြစ်ပါတယ်။ အပစ်ရပ်သဘောတူညီချက် မရခင်ကတည်းက မြို့ကို ဝိုင်းထားတာလို့ ခွဲထွက်ရေးသူပုန်တွေက ရပ်ခံပြောကြားထားပြီး၊ ဒါကြောင့် သဘောတူညီချက်မှာပါတဲ့ တိုက်ပွဲတွေရပ်ရမယ့် ရှေ့တန်းဒေသထဲမှာမပါဝင်ဘဲ သူပုန်တွေ သိမ်းပိုက်ထားတဲ့ ဒေသတခုအဖြစ် သတ်မှတ်ချင်တာပါ။

XS
SM
MD
LG