သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနဲ့ရုရှားကြား “ဆက်ဆံရေးတံတား” လုပ်ပေးမယ်လို့ အင်ဒိုသမ္မတကမ်းလှမ်း

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ရုရှားသမ္မတ ဗလာတီမာပူတင်တို့ မော်စကိုမြို့ ကရင်မလင်မှာတွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ (ဇွန် ၃၀၊ ၂၀၂၂)
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ရုရှားသမ္မတ ဗလာတီမာပူတင်တို့ မော်စကိုမြို့ ကရင်မလင်မှာတွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ (ဇွန် ၃၀၊ ၂၀၂၂)

[[Zawgyi/Unicode]]

အင်ဒိုနီးရှားသမ္မတ Joko Widodo က ယူကရိန်းနဲ့ ရုရှား ခေါင်းဆောင်တွေကြားမှာ ဆက်သွယ်ရေးတံတားအဖြစ် သူ တာဝန်ယူပေးမယ့်အကြောင်း ကြာသပတေးနေ့က ကမ်းလှမ်းလိုက်ပါတယ်။

လက်ရှိ စီးပွါးရေးအင်အားကြီးနိုင်ငံ ၂၀ ရဲ့ ဥက္ကဋ္ဌ Joko Widodo ဟာ ကြာသပတေးနေ့က ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံပြီးနောက် သတင်းစာဆရာတွေနဲ့ တွေ့ဆုံရာမှာ ခုလိုပြောခဲ့တာဖြစ်ပါတယ်။

“ကိဗ်မြို့မှာ ကျနော်ပြောခဲ့သလိုပါပဲ၊ လက်ရှိအခြေအနေက ခက်ခဲနေဆဲ ဖြစ်ပေမယ့် ငြိမ်းချမ်းစွာစကားပြောရေးကို ရှေ့တန်းတင်ပြီး ဆွေးနွေးပွဲအတွက် ကျနော်တို့ ဖွင့်ထားကြရမယ်ဆိုတာကို တစိုက်မတ်မတ် ပြောခဲ့ပါတယ်။ ယူကရိန်းသမ္မတ Zelenskiy ရဲ့ သတင်းစကားကို သမ္မတပူတင်ဆီကို ကျနော် ဆောင်ကျဉ်းပေးခဲ့ပါတယ်။ ခေါင်းဆောင် ၂ ယောက်ကြားမှာ ဆက်သွယ်ရေး တံတားအဖြစ် ကျနော် ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိကြောင်း ပြောခဲ့ပါတယ်။” လို့ အင်ဒိုနီးရှားသမ္မတ Widodo က ပြောခဲ့တာပါ။

သမ္မတဝီဒိုဒိုဟာ ဇွန်လ ၂၉ ရက်နေ့ က ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ် ဂျာမနီနိုင်ငံမှာကျင်းပခဲ့တဲ့ G7 ထိပ်သီးညီလာခံကို သွားရောက်ခဲ့ပြီးနောက် ယူကရိန်းကို ခရီးဆက်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားကို ယူကရိန်းက တိုက်ခိုက်တဲ့စစ်ကြောင့် ကမ္ဘာ့ စားနပ်ရိက္ခာ အကျပ်အတည်းကို ဆိုးဝါးစေခဲ့ပါတယ်။ သီးနှံ၊ စားသုံးဆီ၊ လောင်စာဆီ၊ ဓာတ်ငွေ့နဲ့ ဓာတ်မြသြဇာဈေးတွေတက်ခဲ့ပါတယ်။

ယူကရိန်းနဲ့ရုရှားကြား ဆက်ဆံရေးလုပ်ပေးမယ်လို့ အင်ဒိုသမ္မတကမ်းလှမ်း.mp3
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

==============

[[Unicode]]




လကျရှိ စီးပှါးရေးအငျအားကွီးနိုငျငံ ၂၀ ရဲ့ ဥက်ကဋ်ဌ Joko Widodo ဟာ ကွာသပတေးနေ့က ရုရှားသမ်မတ Vladimir Putin နဲ့ တှေ့ဆုံပွီးနောကျ သတငျးစာဆရာတှနေဲ့ တှေ့ဆုံရာမှာ ခုလိုပွောခဲ့တာဖွဈပါတယျ။




​
XS
SM
MD
LG