[[Zawgyi/Unicode]]
ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈရင္ဆိုင္လာရခ်ိန္မွာပဲ အြန္လိုင္းေပၚ ႏိုင္ငံပိုင္မီဒီယာေတြက ဝါဒျဖန႔္ခ်ီေရးေတြ သတင္းမွားေတြ ျဖန႔္ေဝမႈတာကို ဘယ္လိုတားျမစ္ကိုင္တြယ္မလဲဆိုတာ နည္းပညာကုမၸဏီႀကီးေတြ ဖိအားႀကဳံလာပါတယ္။
ဒီလို ႐ုရွားရဲ႕အြန္လိုင္းဝါဒျဖန႔္မႈေတြကို ပိတ္ပင္သြားမယ္လို႔ အီးယူ ဥေရာပသမဂၢက ေျပာလာေပမယ့္ အေမရိကန္နည္းပညာကုမၸဏီေတြကေတာ့ လုံးဝပိတ္ပင္လိုက္တာမ်ိဳးထက္ ပိုၿပီး နည္းနာႂကြယ္ႂကြယ္ ေဆာင္႐ြက္လာတဲ့သေဘာရွိပါတယ္။
အြန္လိုင္းေပၚမွာ ႐ုရွားအစိုးရရဲ႕လႈပ္ရွားမႈေတြကို ကန႔္သတ္တာမ်ိဳး၊ အခ်က္အလက္သတင္းေတြဟာ ႐ုရွားအစိုးရဆီကလာတယ္ဆိုတာကို လူေတြသိေအာင္လုပ္ထားတာမ်ိဳး၊ ႐ုရွားအစိုးရပိုင္ေတြလုပ္ငန္းေတြရဲ႕ ဝင္ေငြရတဲ့ေၾကညာမ်ိဳးေတြကို ပိတ္ပင္တာမ်ိဳးေတြ လုပ္လာတာပါ။
႐ုရွားအစိုးရဲ႕ အြန္လိုင္းဝါဒျဖန႔္ခ်ီမႈေတြကို ေႏွးေကြးသြားေအာင္ ဒီလို အေျပာင္းလဲေတြကို သတိႀကီးႀကီးထားေဆာင္႐ြက္တာျဖစ္တယ္လို႔ Facebok ရဲ႕ မူဝါဒေရးရာ ဒါ႐ိုက္တာေဟာင္း Katie Harbath က ဆိုပါတယ္။ ႐ုရွားအစိုးရပိုင္ RT နဲ႔ Sputnik သတင္းေတြကို ဥေရာပေဒသတြင္းမွာ အကန႔္အသတ္လုပ္သြားမယ္လို႔ Facebook နဲ႔ Instagram လူမႈကြန္ယက္ေတြကို ပိုင္ဆိုင္တဲ့ Meta ကုမၸဏီက တနလၤာေန႔က ေၾကညာခဲ့ပါတယ္။
အီးယူ ဥေရာပေဒသတလႊားမွာ အဲဒီ အြန္လိုင္းသတင္းစာမ်က္ႏွာေတြကို ပိတ္ပင္ဖို႔လုပ္သြားမယ္လို႔ ဥေရာပသမဂၢ ဥကၠဌ Ursula von der Leyen က ထုတ္ျပန္ေၾကညာၿပီးေနာက္ အေမရိကန္နည္းပညာကုမၸဏီႀကီးက အခုလို တုံ႔ျပန္လာတာပါ။
အခုလို ႐ုရွားမီဒီယာေတြကို အေရးယူပိတ္ပင္တာမ်ိဳး အေမရိကန္အစိုးရဘက္ကေတာ့ လုပ္ေဆာင္တာမ်ိဳးမရွိပါဘူး။
=============
[[Unicode]]
ရုရှားအစိုးရဝါဒဖြန့်ချီမှုတွေ Facebook ကန့်သတ်
ယူကရိန်းကို ရုရှားကျူးကျော်မှုရင်ဆိုင်လာရချိန်မှာပဲ အွန်လိုင်းပေါ် နိုင်ငံပိုင်မီဒီယာတွေက ဝါဒဖြန့်ချီရေးတွေ သတင်းမှားတွေ ဖြန့်ဝေမှုတာကို ဘယ်လိုတားမြစ်ကိုင်တွယ်မလဲဆိုတာ နည်းပညာကုမ္ပဏီကြီးတွေ ဖိအားကြုံလာပါတယ်။
ဒီလို ရုရှားရဲ့အွန်လိုင်းဝါဒဖြန့်မှုတွေကို ပိတ်ပင်သွားမယ်လို့ အီးယူ ဥရောပသမဂ္ဂက ပြောလာပေမယ့် အမေရိကန်နည်းပညာကုမၸဏီတွေကတော့ လုံးဝပိတ်ပင်လိုက်တာမျိုးထက် ပိုပြီး နည်းနာကြွယ်ကြွယ် ဆောင်ရွက်လာတဲ့သဘောရှိပါတယ်။
အွန်လိုင်းပေါ်မှာ ရုရှားအစိုးရရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်တာမျိုး၊ အချက်အလက်သတင်းတွေဟာ ရုရှားအစိုးရဆီကလာတယ်ဆိုတာကို လူတွေသိအောင်လုပ်ထားတာမျိုး၊ ရုရှားအစိုးရပိုင်တွေလုပ်ငန်းတွေရဲ့ ဝင်ငွေရတဲ့ကြေညာမျိုးတွေကို ပိတ်ပင်တာမျိုးတွေ လုပ်လာတာပါ။
ရုရှားအစိုးရဲ့ အွန်လိုင်းဝါဒဖြန့်ချီမှုတွေကို နှေးကွေးသွားအောင် ဒီလို အပြောင်းလဲတွေကို သတိကြီးကြီးထားဆောင်ရွက်တာဖြစ်တယ်လို့ Facebok ရဲ့ မူဝါဒရေးရာ ဒါရိုက်တာဟောင်း Katie Harbath က ဆိုပါတယ်။ ရုရှားအစိုးရပိုင် RT နဲ့ Sputnik သတင်းတွေကို ဥရောပဒေသတွင်းမှာ အကန့်အသတ်လုပ်သွားမယ်လို့ Facebook နဲ့ Instagram လူမှုကွန်ယက်တွေကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီက တနင်္လာနေ့က ကြေညာခဲ့ပါတယ်။
အီးယူ ဥရောပဒေသတလွှားမှာ အဲဒီ အွန်လိုင်းသတင်းစာမျက်နှာတွေကို ပိတ်ပင်ဖို့လုပ်သွားမယ်လို့ ဥရောပသမဂ္ဂ ဥက္ကဌ Ursula von der Leyen က ထုတ်ပြန်ကြေညာပြီးနောက် အမေရိကန်နည်းပညာကုမ္ပဏီကြီးက အခုလို တုံ့ပြန်လာတာပါ။
အခုလို ရုရှားမီဒီယာတွေကို အရေးယူပိတ်ပင်တာမျိုး အမေရိကန်အစိုးရဘက်ကတော့ လုပ်ဆောင်တာမျိုးမရှိပါဘူး။
=============