သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mariupol အရပ်သားတွေကယ်ထုတ်ရေး ပဏာမသဘောတူညီချက်ရရှိ


UKRAINE-CRISIS/MARIUPOL-ASSESSMENT
UKRAINE-CRISIS/MARIUPOL-ASSESSMENT


[[Zawgyi/Unicode]]

ရုရှားတပ်တွေဝိုင်းထားတဲ့ ယူကရိန်းနိုင်ငံ၊ Mariupol မြို့ထဲကနေ အရပ်သားတွေကို ကယ်ထုတ်ရေး ရုရှားနဲ့ကနဦးသဘောတူညီချက်တခုရပြီလို့ ယူကရိန်းအစိုးရက ဒီကနေ့ပြောပါတယ်။

ရုရှားနိုင်ငံဘက်ကတော့ Mariupol မြို့မှာ ကျန်နေသေးတဲ့ ယူကရိန်းတပ်ဖွဲ့တွေ လက်နက်ချဖို့ ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။

လူသားစာနာမှုလမ်းကြောင်းဆိုင်ရာ သဘောတူညီချက်အရ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ မြို့ကနေ ထွက်ခွင့်ရမယ်လို့ ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် Iryna Vereshchuk ကပြောပါတယ်။ "Mariupol မှာ လူသားဘေးဒုက္ခ ကပ်ဆိုက်နေတာအရ ဒီကိစ္စကို ကျမတို့ ဒီကနေ့ အာရုံစိုက် လုပ်ဆောင်သွားပါမယ်" လို့ ဒုဝန်ကြီးချုပ် Vereshchuk က ဖေ့စ်ဘုတ်မှာ ရေးခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ လူသားစာနာမှုလမ်းကြောင်း ဘာတခုကိုမှ သတ်မှတ်လို့မရတာ သုံးရက်ဆက်တိုက်ရှိပြီလို့ ဒုဝန်ကြီးချုပ် Vereshchuk ကပြောခဲ့ပါတယ်။ Mariupol က ယူကရိန်းတပ်ဖွဲ့ဝင်တွေ ဒီကနေ့နောက်ဆုံးထားပြီး လက်နက်ချဖို့ ရုရှားဘက်က ရာဇသံပေးထားပါတယ်။ အဲဒီရာဇသံအပါအဝင် တခြားတောင်းဆိုချက်တွေကို ယူကရိန်းနိုင်ငံက ပယ်ချထားပါတယ်။

လက်နက်ချရင် အသက်ချမ်းသာခွင့်ပေးမယ်လို့ ရုရှားဘက်က ကမ်းလှမ်းခဲ့ပြီး အင်္ဂါနေ့ နောက်ဆုံးထား လက်နက်ချဖို့ ပြောခဲ့ပေမယ့် ယူကရိန်းတပ်ဖွဲ့ဝင် တဦးတယောက်မှ လက်နက်ချတာ မရှိခဲ့ဘူးလို့ ရုရှားဘက်ကပြောပါတယ်။

မဟာဗျူဟာမြောက် အရေးပါတဲ့ Donbas ဒေသမှာ ရုရှားတို့က စစ်အင်အား ဆက်ပြီးတိုးချဲ့နေချိန်မှာပဲ Mariupol မြို့ဘက်ကအခြေအနေတွေ ဖြစ်ပေါ်လာတာပါ။
Donbas ဒေသမှာ ယူကရိန်း ခုခံစစ်ကို ထိုးဖောက်ဖို့ ရုရှားတပ်ဖွဲ့တွေ ကြိုးစားနေတာနဲ့အမျှ တိုက်ပွဲအရှိန်မြင့်နေတယ်လို့ ဗြိတိန်ကာကွယ်ရေးဌာနက ဒီကနေ့ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

=============


[[Unicode]]

Mariupol အရပျသားတှကေယျထုတျရေး ပဏာမသဘောတူညီခကြျရရှိ







=============

XS
SM
MD
LG