သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြို့တော်ကို ရုရှားတပ်တွေဝိုင်းထားပေမယ့် ယူကရိန်းတွေ ကြံ့ကြံ့ခံ ခုခံနေဆဲ


ယူကရိန်းရဲ့ဒုတိယအကြီးဆုံးမြို့ Kharkiv ရဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးရုံးအဆောက်အဦးကို ရုရှားရဲ့ဒုံးကျည်ထိမှန်ကြောင်း မြို့တော်အရာရှိတွေက ပြောထားတဲ့ အပျက်အစီးမြင်ကွင်း။ (မတ်လ ၁၊ ၂၀၂၂) 
ယူကရိန်းရဲ့ဒုတိယအကြီးဆုံးမြို့ Kharkiv ရဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးရုံးအဆောက်အဦးကို ရုရှားရဲ့ဒုံးကျည်ထိမှန်ကြောင်း မြို့တော်အရာရှိတွေက ပြောထားတဲ့ အပျက်အစီးမြင်ကွင်း။ (မတ်လ ၁၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ရုရှားတပ်တွေက ယူကရိန်းရဲ့ဒုတိယအကြီးဆုံးမြို့ Kharkiv နဲ့ မြို့တော်ကိဗ် ကို မြေပြင်နဲ့ ဝေဟင်ကနေ ဆက်လက်တိုက်ခိုက်နေပြီး ကိဗ် မြို့ကို မိုင် ၄၀ အထိ ရှည်တဲ့ ရုရှားတင့်ကားနဲ့ယာဉ်တန်းကြီးက ဆက်လက် ခြိမ်းခြောက်နေပေမယ့် ယူကရိန်းတွေက ကြံ့ကြံ့ခံဆဲ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ယူကရိန်းကိုဦးညွတ်လာပြီး သဘောတူညီချက်တွေ ပေးအောင် ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။ ဘယ်လာရုစ် နိုင်ငံမှာ ဆွေးနွေးနေကြတဲ့ ရုရှားနဲ့ ယူကရိန်းတို့ဟာ ဆက်လက်ဆွေးနွေးကြဖို့ သဘောတူလိုက်ကြပါတယ်။

ယူကရိန်းကို မပျံသန်းရဇုံသတ်မှတ်ဖို့ သမ္မတ Zelenskyy က အမေရိကန်နဲ့ မဟာမိတ်တွေကို တောင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် အဲဒီလိုသတ်မှတ်ဖို့ အစီအစဉ် မရှိဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် BORIS JOHNSON ကတော့ ပိုလန်နိုင်ငံကို ရောက်ရှိနေပြီး ပိုလန်ဝန်ကြီးချုပ် MATEUSZ MORAWIECKI နဲ့ ယူကရိန်းအရေး ဒီနေ့ ဆွေးနွေးကြပါတယ်။

အမေရိကန်နိုင်ငံမှာတော့ ကုလသမဂ္ဂက ရုရှားသံတမန် ၁၂ ယောက်ကို အမေရိကန်ကနေ နှင်ထုတ်လိုက်ပါတယ်။ အမေရိကန်နိုင်ငံမှာ နေထိုင်ခွင့်ရတာကို အလွဲသုံးစားပြုပြီး သူလျှိုအလုပ်တွေကို လုပ်တာကြောင့် ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန်အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]







================

XS
SM
MD
LG