သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဒုံးကျည်ပစ်ခတ်မှုကြောင့် Odesa ဒေသ ၁၇ ဦးထက်မနည်း သေဆုံး


ယူကရိန်းနိုင်ငံ အိုဒါဆာမှာ ရုရှားက ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့လို့ ပျက်စီးဆုံးရှုံးရတဲ့မြင်ကွင်း။ (ဇွန် ၁၊ ၂၀၂၂)
ယူကရိန်းနိုင်ငံ အိုဒါဆာမှာ ရုရှားက ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့လို့ ပျက်စီးဆုံးရှုံးရတဲ့မြင်ကွင်း။ (ဇွန် ၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

သောကြာနေ့အစောပိုင်းက Odesa ဒေသကို ရုရှားဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူအနည်းဆုံး ၁၇ ဦးသေဆုံးခဲ့ပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ကြပါတယ်။ ရုရှားတွေပစ်မှတ်ထားခဲ့တဲ့ နေရာများစွာထဲကတခုကတော့ လူ‌ နေ အဆောက်အဦးတခု ဖြစ်ပါတယ်။

ကြာသပတေးနေ့တုန်းကတော့ မြွေကျွန်းကနေ ရုရှားတပ်တွေကို ဆုတ်ခွါခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ယူကရိန်းကိုတိုက်ခိုက်ဖို့နဲ့ ယူကရိန်းဆိပ်ကမ်းက သင်္ဘောတင်ပို့တာတွေကို စောင့်ကြည့် စစ်ဆေးဖို့ ပင်လယ်နက်ထဲက ဒီကျွန်းကို စစ်အစောပိုင်းကာလမှာ ရုရှားက သိမ်းပိုက် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းကသာ သူ့ရဲ့ဆိပ်ကမ်းတွေကို မိုင်းရှင်းပေးမယ်ဆိုရင် သင်္ဘော‌တွေရဲ့လုံခြုံရေးကို ရုရှားက အာမခံပါမယ်လို့ ရုရှားကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo နဲ့ ကြာသပတေးနေ့က တွေ့ဆုံရာမှာ ရုရှားသမ္မတပူတင်က ပြောပါတယ်။

ရုရှားတပ်တွေ ဆုတ်သွားကြတာကို ယူကရိန်း သမ္မတရုံးအကြီးအကဲ Andriy Yermak က တွစ်တာလူမှုစာမျက်နှာမှာ အတည်ပြုထားပါတယ်။

ယူကရိန်းကို ဒေါ်လာ တစ်ဘီလီယံ အကူအညီပေးမယ်လို့ ဗြိတိန်နိုင်ငံက ကြာသပတေးနေ့က ကြေညာလိုက်ပြီး ဒီ အကူအညီက လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ၊ လူမပါတဲ့ယာဉ်ပျံတွေနဲ့ ယူကရိန်းစစ်တပ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေအတွက်ဖြစ်ကြောင်း ဝန်ကြီးချုပ် Boris Johnson ရုံးက ပြောပါတယ်။ ဗြိတိန်နိုင်ငံဟာ ယူကရိန်းရဲ့မိတ်ဆွေစစ်နဲ့ မဟာဗျူဟာ မိတ်ဘက် ဖြစ်တယ်လို့ ယူကရိန်းသမ္မတ Zelenskyy က တွစ်တာ လူမှုစာမျက်နှာမှာ ရေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]






XS
SM
MD
LG