သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး ကုလအထွေထွေညီလာခံဆုံးဖြတ်ချက် မူကြမ်းရေးဆွဲမှု မြန်မာနဲ့အာဖဂန် ပါဝင်


UN General Assembly
UN General Assembly


[[Zawgyi/Unicode]]

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီကနေ့ မဲခွဲဆုံးဖြတ်ဖို့ရှိပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းကို ပူးတွဲ ကမကထပြုရေးဆွဲတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၉၄ နိုင်ငံထဲမှာ စစ်အာဏသိမ်းထားတဲ့ မြန်မာနိုင်ငံနဲ့ တာလီဘန်တွေ အာဏာပြန် ရနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့လည်း ပါဝင်တယ်လို့ အေပီသတင်းမှာ ရေးထားပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုနေတဲ့ လက်ရှိသံအမတ်ကြီးက ဦးကျော် မိုးထွန်းဖြစ်ပြီး သူဟာ ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဘက် က ရပ်တည်နေသူဖြစ်ပါတယ်။ အာဖဂန်နစ္စတန်ကိုယ်စားပြု သံအမတ်ကြီးဟာလည်း တာလီဘန်အဖွဲ့ကို ကိုယ်စားပြုသူမဟုတ်ဘဲ အရင် အာဖဂန်နစ္စတန်အစိုးရက ခန့်အပ် တာဝန်ပေးထားသူဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ရုရှားကျူးကျော်စစ်ကို ထောက်ခံပြောဆိုထားပါတယ်။ ရုရှားအနေနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေဖို့ လုပ်ဆောင် ခဲ့တဲ့၊ လုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ချက်လို့ပဲ မြင်တဲ့အကြောင်းနဲ့ ရုရှားနိုင်ငံအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းညှိထားတဲ့ ကမ္ဘာ့ချိန်ခွင်လျှာညီမျှရေးမှာ အင်အားကြီးနိုင်ငံတခုအဖြစ် ရပ်တည်လျက်ရှိကြောင်း ကမ္ဘာ ကိုပြသခြင်းအဖြစ် မြင်တဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောခဲ့ပါတယ်။

အထွေထွေညီလာခံဆုံးဖြတ်ချက်အတွက် ရုရှားဘက်က ထောက်ခံမယ့်နိုင်ငံတွေထဲမှာ ဘဲလာရုစ်၊ ကျူးဘားနဲ့ မြောက်ကိုရီးယား တို့ပါဝင်ပြီး များများစားစားမရှိလှပါဘူး။

အဖွဲ့ဝင် ၁၉၃ နိုင်ငံပါတဲ့ အထွေထွေညီလာခံမှာ ဒီကနေ့ မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး လက်တွေ့ လိုက်နာ လုပ်ဆောင်စရာလိုတဲ့ ဆံုံးဖြတ် ချက်မျိုးမဟုတ်ပေမယ့် နိုင်ငံတကာရဲ့ သဘောထားအမြင်ကို ထင်ဟပ်တဲ့ ဆုံးဖြတ်ချက်မျိုးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------

[[Unicode]]









-----------------

XS
SM
MD
LG