သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအတြက္ ပိုၿပီးအဆင့္ျမင့္တဲ့ဒုံးစနစ္ အေမရိကန္ ကူညီမည္


UKRAINE-CRISIS/NATO-BIDEN

[[Zawgyi/Unicode]]

႐ုရွားက်ဴးေက်ာ္တိုက္ခိုက္မႈနဲ႔ ရင္ဆိုင္ေနရတဲ့ ယူကရိန္းကို ပိုၿပီး အဆင့္ျမင့္တဲ့ ဒုံးစနစ္ေတြနဲ႔ ခဲယမ္းမီးေက်ာက္ေတြကို ေထာက္ပံ့ေပးသြားဖို႔ ဆုံးျဖတ္ထားတယ္လို႔ သမၼတ Joe Biden က အဂၤါေန႔က ေျပာပါတယ္။

အခုလို ယူကရိန္းကို လက္နက္နဲ႔ခဲယမ္းမီးေက်ာက္ေတြ ကူညီေထာက္ပံ့ေပးတာဟာ စစ္ေျမျပင္မွာ ယူကရိန္းရဲ႕ရပ္တည္ခ်က္ပိုၿပီး ခိုင္မာအားေကာင္းလာဖို႔နဲ႔ ေနာက္ဆုံးမွာ ႐ုရွားနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြလုပ္ႏိုင္ဖို႔ ရည္႐ြယ္ၿပီး ေထာက္ပံ့တာျဖစ္တယ္လို႔ သမၼတ Biden ေရးသားထားတဲ့ အေတြးအျမင္ေဆာင္းပါးတပုဒ္ ကိုလည္း New York Times သတင္းစာကေဖာ္ျပခဲ့ပါတယ္။ ယူကရိန္းကို တာေဝးပစ္ဒုံးေတြေပးပို႔ဖို႔ ရွိလားလို႔ သတင္းေထာက္တေယာက္ကေမးတာကိုေတာ့ သမၼတ Joe Biden က ႐ုရွားပိုင္နက္ကိုတိုက္ခိုက္ႏိုင္တဲ့စနစ္ေတြ ယူကရိန္းကိုေပးမွာမဟုတ္ဘူးလို႔ ေျဖၾကားခဲ့သလို သူ႔အေနနဲ႔ ႐ုရွားနဲ႔ စစ္တိုက္ဖို႔ အေၾကာင္းရွာမေနဘူးလို႔လည္းသမၼတ Biden ကေရးသားခဲ့ပါတယ္။

ယူကရိန္းကို ေပးမယ့္လက္နက္ေတြထဲ ကီလိုမီတာ ၇၀ အကြာအေဝးထိေရာက္ႏိုင္တဲ့ တာလတ္ပစ္ဒုံးေတြပါတယ္လို႔ အေမရိကန္အႀကီးတန္းအုပ္ခ်ဳပ္ေရးအရာရွိေတြကို ကိုးကားၿပီး ေအပီသတင္းက ေဖာ္ျပပါတယ္။ ယူကရိန္းက ႐ုရွားပိုင္နက္ထဲ ထိ ဒုံးက်ည္ေတြပစ္ခတ္မွာမဟုတ္ဘူးလို႔ အာမခံခ်က္ေပးထားတယ္လို႔လည္း တာဝန္ရွိသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ယူကရိန်းအတွက် ပိုပြီးအဆင့်မြင့်တဲ့ဒုံးစနစ် အမေရိကန် ကူညီမည်

ရုရှားကျူးကျော်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းကို ပိုပြီး အဆင့်မြင့်တဲ့ ဒုံးစနစ်တွေနဲ့ ခဲယမ်းမီးကျောက်တွေကို ထောက်ပံ့ပေးသွားဖို့ ဆုံးဖြတ်ထားတယ်လို့ သမ္မတ Joe Biden က အင်္ဂါနေ့က ပြောပါတယ်။

အခုလို ယူကရိန်းကို လက်နက်နဲ့ခဲယမ်းမီးကျောက်တွေ ကူညီထောက်ပံ့ပေးတာဟာ စစ်မြေပြင်မှာ ယူကရိန်းရဲ့ရပ်တည်ချက်ပိုပြီး ခိုင်မာအားကောင်းလာဖို့နဲ့ နောက်ဆုံးမှာ ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်နိုင်ဖို့ ရည်ရွယ်ပြီး ထောက်ပံ့တာဖြစ်တယ်လို့ သမ္မတ Biden ရေးသားထားတဲ့ အတွေးအမြင်ဆောင်းပါးတပုဒ် ကိုလည်း New York Times သတင်းစာကဖော်ပြခဲ့ပါတယ်။ ယူကရိန်းကို တာဝေးပစ်ဒုံးတွေပေးပို့ဖို့ ရှိလားလို့ သတင်းထောက်တယောက်ကမေးတာကိုတော့ သမ္မတ Joe Biden က ရုရှားပိုင်နက်ကိုတိုက်ခိုက်နိုင်တဲ့စနစ်တွေ ယူကရိန်းကိုပေးမှာမဟုတ်ဘူးလို့ ဖြေကြားခဲ့သလို သူ့အနေနဲ့ ရုရှားနဲ့ စစ်တိုက်ဖို့ အကြောင်းရှာမနေဘူးလို့လည်းသမ္မတ Biden ကရေးသားခဲ့ပါတယ်။

ယူကရိန်းကို ပေးမယ့်လက်နက်တွေထဲ ကီလိုမီတာ ၇၀ အကွာအဝေးထိရောက်နိုင်တဲ့ တာလတ်ပစ်ဒုံးတွေပါတယ်လို့ အမေရိကန်အကြီးတန်းအုပ်ချုပ်ရေးအရာရှိတွေကို ကိုးကားပြီး အေပီသတင်းက ဖော်ပြပါတယ်။ ယူကရိန်းက ရုရှားပိုင်နက်ထဲ ထိ ဒုံးကျည်တွေပစ်ခတ်မှာမဟုတ်ဘူးလို့ အာမခံချက်ပေးထားတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

==========

XS
SM
MD
LG