[[Zawgyi/Unicode]]
ယူကရိန္းအက်ပ္အတည္းအေပၚ စိုးရိမ္ ေၾကာက္လန႔္ေအာင္ အေမရိကန္ကဖန္တီးေနတယ္လို႔ တ႐ုတ္ကစြပ္စြဲလိုက္ပါတယ္။
႐ုရွားအေပၚ ပိတ္ဆို႔အေရးယူတာကို တ႐ုတ္ကဆန႔္က်င္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Hua Chunying က ဗုဒၶဟူးေန႔က ေျပာပါတယ္။ တေလွ်ာက္လုံးေျပာလာတဲ့ တ႐ုတ္ရဲ႕ရပ္တည္ခ်က္ကို ျပန္ေကာက္တဲ့ သေဘာပါ။ ႐ုရွားက ယူကရိန္းနယ္စပ္မွာ တပ္ေတြခ်ထာတာကို တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္က ယူကရိန္းကို လက္နက္ေတြ ပို႔ေပးျခင္းအားျဖင့္ တင္းမာမႈကို ပိုၿပီး ႀကီးထြားေစတတယ္လို႔ သူကဆိုပါတယ္။
တ႐ုတ္နဲ႔႐ုရွားရဲ႕ရင္းႏွီးမႈက တ႐ုတ္သမၼတရွီက်င္းပင္လက္ထက္မွာ ပို ၿပီး ႀကီးမားလာပါတယ္။ ဒီလအေစာပိုင္းကပဲ ရွီက်င္းပင္က သမၼတပူတင္ကို ေဘက်င္းမွာ ေတြ႔ဆုံခဲ့ၾကပါေသးတယ္။ ယခင္ ဆိုဗီယက္ ျပည္ေထာင္စုထဲက ႏိုင္ငံေတြ မွာ ေနတိုးက တိုးခ်ဲ႕လာတာကို ဆန႔္က်င္ခဲ့ၾကသလို ထိုင္ဝမ္ဟာ တ႐ုတ္ျပည္ရဲ႕ အစိတ္အပိုင္းျဖစ္တာကိုလည္း ႏွစ္ႏိုင္ငံ ပူးတြဲ ေၾကညာခ်က္မွာ ေဖာ္ျပခဲ့ၾကပါတယ္။
ယူကရိန္းနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာတင္းမာမႈ ျမင့္မားလာတာကို အဖြဲ႔အသီးသီး ပါဝင္ၿပီး ေဆြးေႏြးအေျဖရွာဖို႔ တ႐ုတ္ က လိုလားေၾကာင္း ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ ဒါေပမဲ့ အေမရိကန္ ျပင္သစ္နဲ႔ တျခား ႏိုင္ငံေတြက ႐ုရွားနဲ႔ သံတမန္လမ္းေၾကာင္းက အေျဖရွာဖို႔ ႀကိဳးစားခဲ့တာေတြကိုေတာ့ သူက ေျပာမသြားပါဘူး။
==========
[[Unicode]]
ယူကရိန်းအရေး စိုးရိမ်ကြောက်လန့်အောင် ကန်ဖန်တီးဟု တရုတ်စွပ်စွဲ
ယူကရိန်းအကျပ်အတည်းအပေါ် စိုးရိမ် ကြောက်လန့်အောင် အမေရိကန်ကဖန်တီးနေတယ်လို့ တရုတ်ကစွပ်စွဲလိုက်ပါတယ်။
ရုရှားအပေါ် ပိတ်ဆို့အရေးယူတာကို တရုတ်ကဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ တလျှောက်လုံးပြောလာတဲ့ တရုတ်ရဲ့ရပ်တည်ချက်ကို ပြန်ကောက်တဲ့ သဘောပါ။ ရုရှားက ယူကရိန်းနယ်စပ်မှာ တပ်တွေချထာတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က ယူကရိန်းကို လက်နက်တွေ ပို့ပေးခြင်းအားဖြင့် တင်းမာမှုကို ပိုပြီး ကြီးထွားစေတတယ်လို့ သူကဆိုပါတယ်။
တရုတ်နဲ့ရုရှားရဲ့ရင်းနှီးမှုက တရုတ်သမ္မတရှီကျင်းပင်လက်ထက်မှာ ပို ပြီး ကြီးမားလာပါတယ်။ ဒီလအစောပိုင်းကပဲ ရှီကျင်းပင်က သမ္မတပူတင်ကို ဘေကျင်းမှာ တွေ့ဆုံခဲ့ကြပါသေးတယ်။ ယခင် ဆိုဗီယက် ပြည်ထောင်စုထဲက နိုင်ငံတွေ မှာ နေတိုးက တိုးချဲ့လာတာကို ဆန့်ကျင်ခဲ့ကြသလို ထိုင်ဝမ်ဟာ တရုတ်ပြည်ရဲ့ အစိတ်အပိုင်းဖြစ်တာကိုလည်း နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်မှာ ဖော်ပြခဲ့ကြပါတယ်။
ယူကရိန်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာတင်းမာမှု မြင့်မားလာတာကို အဖွဲ့အသီးသီး ပါဝင်ပြီး ဆွေးနွေးအဖြေရှာဖို့ တရုတ် က လိုလားကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒါပေမဲ့ အမေရိကန် ပြင်သစ်နဲ့ တခြား နိုင်ငံတွေက ရုရှားနဲ့ သံတမန်လမ်းကြောင်းက အဖြေရှာဖို့ ကြိုးစားခဲ့တာတွေကိုတော့ သူက ပြောမသွားပါဘူး။
==============