သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတ Macron ရုရှားသမ္မတကို ဖုံးခေါ်ယူဆွေးနွေး


ရုရှားသမ္မတပူတင်နဲ့ ပြင်သစ်သမ္မတ မာခရွန် (ဝဲမှယာ)
ရုရှားသမ္မတပူတင်နဲ့ ပြင်သစ်သမ္မတ မာခရွန် (ဝဲမှယာ)

[[Zawgyi/Unicode]]

ပြင်သစ်သမ္မတ Macron ရဲ့ တောင်းဆိုချက်အရ ရုရှားသမ္မတပူတင်နဲ့ မက်ခရွန် တို့ဟာ တနင်္ဂနွေနေ့က ၂ နာရီ ကြာ ဖုန်းနဲ့ စကားပြောခဲ့ကြပါတယ်။ ဒါဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ယူကရိန်းကို ရုရှားက စတင်ကျူးကျော်ချိန်ကတည်းကဆိုရင် လေးကြိမ်မြောက် စကားပြောတာ ဖြစ်ပါတယ်။

မက်ခရွန်ဟာ တခြားကမ္ဘာ့ခေါင်းဆောင်တွေလိုမဟုတ်ဘဲ ရုရှားသမ္မတပူတင်နဲ့ ဆက်သွယ်ရေးလိုင်းဖွင့်ထားသူ ဖြစ်ပါတယ်။ တခြား နောက် ခေါင်းဆောင်တယောက်ကတော့ အစ္စရေးဝန်ကြီးချုပ် Naftali Bennett ဖြစ်ပါတယ်။ သူကလည်း စနေနေ့က မော်စကို-ကိုသွားပြီး သမ္မတပူတင်နဲ့ တွေ့ဆုံခဲ့သလို တနင်္ဂနွေနေ့ က လည်း ဖုန်းနဲ့ စကားပြောခဲ့ပါသေးတယ်။

ဆွေး‌နွေးကြတဲ့အကြောင်းအရာတွေကတော့ အပစ်အခတ်ရပ်စဲရေး၊ မြို့တွေမှာ ပိတ်မိနေကြတဲ့ အရပ်သားတွေ ထွက်ခွါနိုင်ရေးနဲ့ လူသားချင်း စာနာထောက်ထားရေး ကိစ္စတွေ ဖြစ်ကြပါတယ်။ ပြင်သစ်သမ္မတမက်ခရွန်ကတော့ ယူကရိန်း နျူကလီယားဓာတ်ပေါင်းဖို လုံခြုံရေးကိစ္စလည်း ပါဝင်တယ်လို့ Atlantic Council အဖွဲ့ရဲ့ ဥရောပဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူး Benjamin Haddad က ပြောပါတယ်။

မက်ခရွန်ဟာ အနောက်နိုင်ငံတွေအတွက် သံတမန်ရေးလမ်းကြောင်းကို ဆက်ဖွင့်နေတာ ဖြစ်ပြီး ပူတင်ရဲ့စိတ်အထာကို အနောက်နိုင်ငံတွေက သိခွင့်ရခဲ့တယ်လို့ သူက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]

ပွငျသဈသမ်မတ Macron ရုရှားသမ်မတကို ဖုံးခေါျယူဆှေးနှေး





===========

XS
SM
MD
LG