သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္နဲ႔ဩစေၾတးလ် ႐ုရွားကို ပိတ္ဆို႔အေရးယူ


Ukraine Tensions


[[Zawgyi/Unicode]]

ဂ်ပန္နဲ႔ ၾသစေၾတးလ်တို႔က အေမရိကန္နဲ႔ တျခားႏိုင္ငံေတြလိုပဲ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူလိုက္ပါတယ္။ ႐ုရွားက ယူကရိန္းကို လုံးဝ အျပည့္အစုံ က်ဴးေက်ာ္တိုက္ခိုက္ေတာ့မယ္ဆိုတာကို လုပ္ရပ္ေတြတိုင္းက ျပေနတယ္လို႔ ေနတိုး အတြင္းေရးမႉးခ်ဳပ္က ေျပာလိုက္ပါတယ္။

႐ုရွားလႊတ္ေတာ္က သမၼတပူတင္ကို ႏိုင္္ငံျခားမွာ တပ္မ်ားအသုံးျပဳခြင့္ကို အဂၤါေန႔က ေပးလိုက္ပါတယ္။ ခြဲထြက္ေရး သမားေတြက သီးျခားႏိုင္ငံအျဖစ္ေၾကညာလိုက္တဲ့ ယူကရိန္းရဲ႕့့ျပည္နယ္ ၂ နယ္ထဲကို ႐ုရွားတင့္ကားေတြ ဝင္ေရာက္ သြားၾကပါတယ္။ ႐ုရွားက ၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈတပ္ေတြလို႔ ေျပာေပမယ့္ အဆိုပါ နယ္ ၂ နယ္ကို ႏိုင္ငံအျဖစ္ ႐ုရွား က အသိအမွတ္ျပဳလိုက္တာဟာ ယူကရိန္းရဲ႕အခ်ဳပ္အျခာအာဏာနဲ႔ နယ္ေျမတည္တံ့ေရးကို က်ဴးေက်ာ္လိုက္တာ ျဖစ္တယ္လို႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က ေျပာပါတယ္။

ေဘာလ္တစ္ ေဒသမွာ အီတလီႏိုင္ငံက တပ္သား ၈၀၀ ပါ တပ္ရင္းတရင္းကို ခ်ထားလိုက္သလို ဂ်ာမနီႏိုင္ငံကလည္း F-35 တိုက္ေလယာဥ္ ၈ စင္းနဲ႔ Apache တိုက္ခိုက္ေရး ရဟတ္ယာဥ္ ၂၀ စင္းကို ခ်ထားလိုက္ပါတယ္။ အေမရိကန္ သမၼတဘိုင္ဒင္ကေတာ့ ဒါဟာ ကာကြယ္ေရးအတြက္သာျဖစ္ၿပီး ႐ုရွားကိုတိုက္ဖို႔ ရည္႐ြယ္ခ်က္မရွိဘူးလို႔ ဆိုပါတယ္။

ယူကရိန္းမွာေတာ့ သမၼတက အရံ စစ္တပ္အင္အားကို ဆင့္ေခၚလိုက္ပါတယ္။ ႐ုရွားက ဆက္လက္ က်ဴးေက်ာ္လာမွာကို ဟန႔္ႏိုင္ေအာင္ ဒါ့ထက္ပိုၿပီး ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူၾကဖို႔ ႏိုင္ငံတကာအသိုက္အဝန္းကို ယူကရိန္း ႏိုင္ငံျခားေရး ဝန္ႀကီး Dmytro Kuleba က တိုက္တြန္းလိုက္ပါတယ္။

ဂ်ာမနီႏိုင္ငံက ႐ုရွားဆီက သဘာဝဓာတ္ေငြ႔ကို ၂ ဆတိုး ဝယ္ယူဖို႔လုပ္ထားတဲ့ ဓာတ္ေငြ႔ပိုက္လိုင္း သေဘာတူညီခ်က္ ကို ရပ္လိုက္ပါတယ္။

ဂ်ပန္နဲ႔ ဩစေတးလ် ႐ုရွားကိုပိတ္ဆို႔အေရးယူ
please wait

No media source currently available

0:00 0:01:28 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဂျပန်နဲ့ဩစတြေးလျ ရုရှားကို ပိတ်ဆို့အရေးယူ

ဂျပန်နဲ့ သြစတြေးလျတို့က အမေရိကန်နဲ့ တခြားနိုင်ငံတွေလိုပဲ ရုရှားအပေါ် ပိတ်ဆို့အရေးယူလိုက်ပါတယ်။ ရုရှားက ယူကရိန်းကို လုံးဝ အပြည့်အစုံ ကျူးကျော်တိုက်ခိုက်တော့မယ်ဆိုတာကို လုပ်ရပ်တွေတိုင်းက ပြနေတယ်လို့ နေတိုး အတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။

ရုရှားလွှတ်တော်က သမ္မတပူတင်ကို နိုင်ငံခြားမှာ တပ်များအသုံးပြုခွင့်ကို အင်္ဂါနေ့က ပေးလိုက်ပါတယ်။ ခွဲထွက်ရေး သမားတွေက သီးခြားနိုင်ငံအဖြစ်ကြေညာလိုက်တဲ့ ယူကရိန်းရဲ့ပြည်နယ် ၂ နယ်ထဲကို ရုရှားတင့်ကားတွေ ဝင်ရောက် သွားကြပါတယ်။ ရုရှားက ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်တွေလို့ ပြောပေမယ့် အဆိုပါ နယ် ၂ နယ်ကို နိုင်ငံအဖြစ် ရုရှား က အသိအမှတ်ပြုလိုက်တာဟာ ယူကရိန်းရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ရေးကို ကျူးကျော်လိုက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောပါတယ်။

ဘောလ်တစ် ဒေသမှာ အီတလီနိုင်ငံက တပ်သား ၈၀၀ ပါ တပ်ရင်းတရင်းကို ချထားလိုက်သလို ဂျာမနီနိုင်ငံကလည်း F-35 တိုက်လေယာဉ် ၈ စင်းနဲ့ Apache တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂၀ စင်းကို ချထားလိုက်ပါတယ်။ အမေရိကန် သမ္မတဘိုင်ဒင်ကတော့ ဒါဟာ ကာကွယ်ရေးအတွက်သာဖြစ်ပြီး ရုရှားကိုတိုက်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ဆိုပါတယ်။

ယူကရိန်းမှာတော့ သမ္မတက အရံ စစ်တပ်အင်အားကို ဆင့်ခေါ်လိုက်ပါတယ်။ ရုရှားက ဆက်လက် ကျူးကျော်လာမှာ ကို ဟန့်နိုင်အောင် ဒါ့ထက်ပိုပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး Dmytro Kuleba က တိုက်တွန်းလိုက်ပါတယ်။

ဂျာမနီနိုင်ငံက ရုရှားဆီက သဘာဝဓာတ်ငွေ့ကို ၂ ဆတိုး ဝယ်ယူဖို့လုပ်ထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်း သဘောတူညီချက် ကို ရပ်လိုက်ပါတယ်။
==============

XS
SM
MD
LG