[[Zawgyi/Unicode]]
႐ုရွားက်ဴးေက်ာ္စစ္ကို ခုခံေနရတဲ့ယူကရိန္းကိုေထာက္ခံတဲ့အေနနဲ႔ နယူးဇီလန္ႏိုင္ငံက C-130 Hercules ေလယာဥ္ပ်ံနဲ႔ စစ္ဝန္ထမ္း ၅၈ ေယာက္ကို တနလၤာေန႔ က ေစလႊတ္လိုက္ပါတယ္။
C-130 Hercules ဟာ စစ္ေရးဆိုင္ရာ သယ္ယူပို႔ေဆာင္ေရး ေလယာဥ္ အမ်ိဳးအစားျဖစ္ပါတယ္။ နယူးဇီလန္ေလယာဥ္ဟာ ဥေရာပတလႊားပစၥည္းေတြကို သယ္ယူပို႔ေဆာင္ေပးမွာျဖစ္ေပမယ့္ ယူကရိန္းႏိုင္ငံထဲကိုေတာ့ ဝင္ေရာက္မွာ မဟုတ္ဘူးလို႔ နယူးဇီလန္ ကာကြယ္ေရးဝန္ႀကီး Peeni Henare က ေၾကညာခ်က္မွာ ေျပာထားပါတယ္။ ဒါ့အျပင္ အေမရိကန္ ေဒၚလာ ၉ သန္းကိုလည္း စစ္ေရး၊ လူ႔အခြင့္အေရးနဲ႔ ဥပေဒေရးရာကိစၥရပ္ေတြအတြက္ လႉဒန္းမယ္လို႔ ဆိုပါတယ္။
ဥေရာပ ၿငိမ္းခ်မ္းေရးဟာ ကမာၻ႔တည္ၿငိမ္ေရးအတြက္ မရွိမျဖစ္အေရးႀကီးတာမို႔ ယူကရိန္းက ႐ုရွားကို တိုက္ထုတ္ႏိုင္ေရးအတြက္ ကူညီမယ္လို႔ နယူးဇီလန္ဝန္ႀကီးခ်ဳပ္ Jacinda Ardern က ေျပာပါတယ္။ ႏိုင္ငံတႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာအေပၚ ေျပာင္က်က်တိုက္ခိုက္တာဟာ အားလုံးကို ၿခိမ္းေျခာက္တာ ျဖစ္တာမို႔ ပါဝင္ေဆာင္႐ြက္ရမယ့္ အခန္းက႑ နယူးဇီလန္မွာရွိတယ္လို႔ Ardern က ဆိုပါတယ္။ ႐ုရွားကေတာ့ ယူကရိန္းကို ဝင္ေရာက္တိုက္ခိုက္တာကို အထူးစစ္ဆင္ေရးလို႔ ေျပာပါတယ္။
============
[[Unicode]]
ယူကရိန်းကူညီဖို့ စစ်ဖက်သယ်ယူပို့ဆောင်ရေးလေယာဉ် နယူးဇီလန်စေလွှတ်
ရုရှားကျူးကျော်စစ်ကို ခုခံနေရတဲ့ယူကရိန်းကိုထောက်ခံတဲ့အနေနဲ့ နယူးဇီလန်နိုင်ငံက C-130 Hercules လေယာဉ်ပျံနဲ့ စစ်ဝန်ထမ်း ၅၈ ယောက်ကို တနင်္လာနေ့ က စေလွှတ်လိုက်ပါတယ်။
C-130 Hercules ဟာ စစ်ရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ် အမျိုးအစားဖြစ်ပါတယ်။ နယူးဇီလန်လေယာဉ်ဟာ ဥရောပတလွှားပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးမှာဖြစ်ပေမယ့် ယူကရိန်းနိုင်ငံထဲကိုတော့ ဝင်ရောက်မှာ မဟုတ်ဘူးလို့ နယူးဇီလန် ကာကွယ်ရေးဝန်ကြီး Peeni Henare က ကြေညာချက်မှာ ပြောထားပါတယ်။ ဒါ့အပြင် အမေရိကန် ဒေါ်လာ ၉ သန်းကိုလည်း စစ်ရေး၊ လူ့အခွင့်အရေးနဲ့ ဥပဒေရေးရာကိစ္စရပ်တွေအတွက် လှူဒန်းမယ်လို့ ဆိုပါတယ်။
ဥရောပ ငြိမ်းချမ်းရေးဟာ ကမ္ဘာ့တည်ငြိမ်ရေးအတွက် မရှိမဖြစ်အရေးကြီးတာမို့ ယူကရိန်းက ရုရှားကို တိုက်ထုတ်နိုင်ရေးအတွက် ကူညီမယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က ပြောပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာအပေါ် ပြောင်ကျကျတိုက်ခိုက်တာဟာ အားလုံးကို ခြိမ်းခြောက်တာ ဖြစ်တာမို့ ပါဝင်ဆောင်ရွက်ရမယ့် အခန်းကဏ္ဍ နယူးဇီလန်မှာရှိတယ်လို့ Ardern က ဆိုပါတယ်။ ရုရှားကတော့ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်တာကို အထူးစစ်ဆင်ရေးလို့ ပြောပါတယ်။
============