သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုက်ဘာတိုက်ခိုက်မှု ကြုံရနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေကို ကန်သမ္မတ သတိပေး


သမ္မတ Joe Biden speaks က စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ သုံးလပတ်ပုံမှန်အစည်းအဝေးတွေ့ဆုံ စကားပြောစဉ်။ (မတ်လ ၂၁၊ ၂၀၂၂)
သမ္မတ Joe Biden speaks က စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ သုံးလပတ်ပုံမှန်အစည်းအဝေးတွေ့ဆုံ စကားပြောစဉ်။ (မတ်လ ၂၁၊ ၂၀၂၂)


[[Zawgyi/Unicode]]

အမေရိကန်ရဲ့ အကျိုးစီးပွါးတွေကို ဆိုက်ဘာတိုက်ခိုင်မှုလို့ ခေါ်တဲ့ အင်တာနက် ကနေ ဆန့်ကျင် တိုက်ခိုက်နိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သတိပေးလိုက်ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်စီးပွါးရေးလုပ်ငန်းရှင်တွေကို တနင်္လာနေ့ နှောင်းပိုင်းက တွေ့ဆုံခဲ့ရာမှာ ခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အတွက် တုံ့ပြန်ကြရာမှာ ခုလို စည်းလုံးညီညွတ်မှုမျိုးကို ရုရှား သမ္မတပူတင်က ကြိုမမြင်နိုင်ခဲ့ဘူးလို့ ဂျိုးဘိုင်ဒန်က ခုလို ပြောပါတယ်။

“ထွက်ပေါ်လာတဲ့ ထောက်လှမ်းရေးသတင်းတွေကို အခြေခံပြီး ကျနော့်အစိုးရက သတိပေးချက်အသစ်တွေ ထုတ်ပြန်လိုက်ပါတယ်။ ကျနော်တို့ကို ဆိုက်ဘာ တိုက် ခိုက်မှုဆင်နွှဲဖို့ ရုရှားက အစီအစဉ် ချနေပါတယ်။ ပြောခဲ့သလိုပဲ၊ ရုရှားရဲ့ ဆိုက်ဘာ စွမ်းရည်က အသင့်အသင့်လည်း အရေးပါ အရာရောက်ပါတယ်။ ခု လာနေပါပြီ။ ဖက်ဒရယ်အစိုးရက အဆင်သင့် ဖြစ်အောင် လုပ်နေပါတယ်” လို့ သူက ပြောသွားတာပါ။

ပုဂ္ဂလိက ကဏ္ဍကလည်း ဆိုက်ဘာကာကွယ်ရေးကို ချက်ချင်းလုပ်ကြဖို့ သူက တိုက်တွန်းလိုက်ပါတယ်။

ဒီအပတ် နှောင်းပိုင်းမှာ သမ္မတဘိုင်ဒန်ဟာ ပိုလန်ကိုမသွားမီ မတ်လ ၂၄ ရက်နေ့ ဘရပ်ဆဲမြို့မှာ ကျင်းပမယ့် နေတိုး ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။ G 7 နဲ့ ဥရောပကောင်စီ ထိပ်သီး အစည်းအဝေးတွေကိုလည်း ဒီ ခရီးစဉ်မှာ တက်ရောက်ဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]





ပုဂ်ဂလိက ကဏ်ဍကလညျး ဆိုကျဘာကာကှယျရေးကို ခကြျခငြျးလုပျကွဖို့ သူက တိုကျတှနျးလိုကျပါတယျ။


XS
SM
MD
LG