သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွား-ယူကရိန္းအေရး ထိန္းထိန္းသိမ္းသိမ္း ေဆာင္႐ြက္ၾကဖို႔ တ႐ုတ္သတိေပး


တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ ရွိသူ Wang Wenbin

[[Zawgyi/Unicode]]

အေနာက္ႏိုင္ငံေတြနဲ႔ အာရွ ပစိဖိတ္ေဒသတိုင္းျပည္ေတြက ႐ုရွားတပ္ေတြ ယူကရိန္းရဲ႕ ခြဲထြက္ျပည္နယ္ ၂ နယ္ထဲ ဝင္ေရာက္သြားတာကို ရႈတ္ခ်ေနခ်ိန္မွာ ပါဝင္ေနတဲ့ ႏိုင္ငံအားလုံးကို ထိန္းထိန္းသိမ္းသိမ္းေဆာင္႐ြက္ၾကဖို႔ တ႐ုတ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက အဂၤါေန႔မွာ ေျပာလိုက္ပါတယ္။

ယူကရိန္း ျပႆနာက Minsk II သေဘာတူညီခ်က္ကို ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ဖို႔ ေႏွးေကြးေနတာနဲ႔ ဆက္စပ္ေနတယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ ရွိသူ Wang Wenbin က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဟာ အားလုံးနဲ႔ ဆက္ဆံ အလုပ္လုပ္သြားမွာျဖစ္ၿပီး ကြဲျပားျခားနားတာေတြကို ေဆြးေႏြးညႇိႏႈိင္းသြားၾကဖို႔ သူက ေျပာသြားပါတယ္။

ယူကရိန္းၿမိဳ႕ေတာ္ ကိဗ္မွာရွိတဲ့ တ႐ုတ္သံ႐ုံးက အလုပ္ေတြကို အျပည့္အဝ ဆက္လုပ္မလားလို႔ ေမးတဲ့အခါမွာေတာ့ တ႐ုတ္သံတမန္အဖြဲ႕ေတြဟာ ယူကရိန္းမွာရွိေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြနဲ႔ ယူကရိန္းအဖြဲ႕အစည္းေတြနဲ႔ သူတို႔ လုံၿခဳံေရးအတြက္ ဆက္သြယ္ ေဆာင္႐ြက္ေနမွာ ျဖစ္တယ္လို႔ပဲ ေျဖၾကားသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[unicode]]

ရုရှား-ယူကရိန်းအရေး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ တရုတ်သတိပေး

အနောက်နိုင်ငံတွေနဲ့ အာရှ ပစိဖိတ်ဒေသတိုင်းပြည်တွေက ရုရှားတပ်တွေ ယူကရိန်းရဲ့ ခွဲထွက်ပြည်နယ် ၂ နယ်ထဲ ဝင်ရောက်သွားတာကို ရှုတ်ချနေချိန်မှာ ပါဝင်နေတဲ့ နိုင်ငံအားလုံးကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။

ယူကရိန်း ပြဿနာက Minsk II သဘောတူညီချက်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ နှေးကွေးနေတာနဲ့ ဆက်စပ်နေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Wang Wenbin က ပြောပါတယ်။

တရုတ်နိုင်ငံဟာ အားလုံးနဲ့ ဆက်ဆံ အလုပ်လုပ်သွားမှာဖြစ်ပြီး ကွဲပြားခြားနားတာတွေကို ဆွေးနွေးညှိနှိုင်းသွားကြဖို့ သူက ပြောသွားပါတယ်။

ယူကရိန်းမြို့တော် ကိဗ်မှာရှိတဲ့ တရုတ်သံရုံးက အလုပ်တွေကို အပြည့်အဝ ဆက်လုပ်မလားလို့ မေးတဲ့အခါမှာတော့ တရုတ်သံတမန်အဖွဲ့တွေဟာ ယူကရိန်းမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ယူကရိန်းအဖွဲ့အစည်းတွေနဲ့ သူတို့ လုံခြုံရေးအတွက် ဆက်သွယ် ဆောင်ရွက်နေမှာ ဖြစ်တယ်လို့ပဲ ဖြေကြားသွားခဲ့ပါတယ်။

==============

XS
SM
MD
LG