[[Zawgyi/Unicode]]
ယူကရိန္းႏိုင္ငံကို ကာကြယ္ေနတာ ရက္ေပါင္း ၁၀၀ ရွိသြားၿပီလို႔ သမၼတ Volodymyr Zelensky ကေျပာၾကားလိုက္ပါတယ္။ ယူကရိန္းႏိုင္ငံကို ႐ုရွားက်ဴးေက်ာ္တိုက္ခိုက္ေနတဲ့ စစ္ပြဲ ဒီေန႔ ေသာၾကာေန႔မွာ ရက္ေပါင္း ၁၀၀ ျပည့္သြားခ်ိန္ သမၼတ Zelensky က ခုလိုေျပာၾကားခဲ့တာျဖစ္ပါတယ္။
သမၼတရံုးအႀကီးအကဲ၊ ယူကရိန္းဝန္ႀကီးခ်ဳပ္စတဲ့ အစိုးရတာဝန္ရွိသူေတြနဲ႔အတူ သမၼတ Volodymyr Zelensky က Video မိန္႔ခြန္းေျပာၾကားခဲ့တာမွာ ယူကရိန္းကိုကာကြယ္ေနတဲ့ သူတို႔ သူတို႔အဖြဲ႔ ပိုၿပီး ႀကီးမား ခိုင္ မာလာတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းစစ္တပ္နဲ႔ အေရးအႀကီးဆံုး ယူကရိန္းျပည္သူေတြနဲ႔အတူ ယူကရိန္းကို ကာကြယ္ေနတာ ရက္ ၁၀၀ ရွိသြားၿပီျဖစ္ေၾကာင္းနဲ႔ ေအာင္ျမင္မႈကို ရရွိမွာျဖစ္တယ္လို႔ သမၼတက ေျပာၾကားခဲ့ပါတယ္။
႐ုရွားတပ္ေတြဟာ ႐ုရွားႏိုင္ငံပိုင္နက္ ၂၀% ေလာက္ကို သိမ္းပိုက္ထားတယ္လို႔ ၾကာသပေတးေန႔က ေျပာၾကားခဲ့ပါတယ္။ ကီလိုမီတာ တေထာင္ေက်ာ္တဲ့ နယ္စပ္တေလွ်ာက္မွာ တိုက္ပြဲေတြ ဆက္တိုက္၊ ပုံမွန္ျဖစ္ေနတဲ့အေၾကာင္းနဲ႔ ႐ုရွားတပ္ေတြသိမ္းထားတဲ့ ယူကရိန္းနယ္ေျမဟာ နယ္သာလန္ႏိုင္ငံ အက်ယ္အဝန္းေလာက္ရွိတယ္လို႔ Luxembourg လႊတ္ေတာ္မွာ အြန္လိုင္းတကဆင့္ မိန္းခြန္းေျပာစဥ္ သမၼတ Zelensky က ႏႈိင္းယွႈဥ္ ေျပာၾကားသြားခဲ့ပါတယ္။
===========
[[Unicode]]
ယူကရိန်းခုခံစစ် ရက်တရာပြည့်
ယူကရိန်းနိုင်ငံကို ကာကွယ်နေတာ ရက်ပေါင်း ၁၀၀ ရှိသွားပြီလို့ သမ္မတ Volodymyr Zelensky ကပြောကြားလိုက်ပါတယ်။ ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲ ဒီနေ့ သောကြာနေ့မှာ ရက်ပေါင်း ၁၀၀ ပြည့်သွားချိန် သမ္မတ Zelensky က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
သမ္မတရုံးအကြီးအကဲ၊ ယူကရိန်းဝန်ကြီးချုပ်စတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့အတူ သမ္မတ Volodymyr Zelensky က Video မိန့်ခွန်းပြောကြားခဲ့တာမှာ ယူကရိန်းကိုကာကွယ်နေတဲ့ သူတို့ သူတို့အဖွဲ့ ပိုပြီး ကြီးမား ခိုင် မာလာတယ်လို့ ပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်တပ်နဲ့ အရေးအကြီးဆုံး ယူကရိန်းပြည်သူတွေနဲ့အတူ ယူကရိန်းကို ကာကွယ်နေတာ ရက် ၁၀၀ ရှိသွားပြီဖြစ်ကြောင်းနဲ့ အောင်မြင်မှုကို ရရှိမှာဖြစ်တယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။
ရုရှားတပ်တွေဟာ ရုရှားနိုင်ငံပိုင်နက် ၂၀% လောက်ကို သိမ်းပိုက်ထားတယ်လို့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ ကီလိုမီတာ တထောင်ကျော်တဲ့ နယ်စပ်တလျှောက်မှာ တိုက်ပွဲတွေ ဆက်တိုက်၊ ပုံမှန်ဖြစ်နေတဲ့အကြောင်းနဲ့ ရုရှားတပ်တွေသိမ်းထားတဲ့ ယူကရိန်းနယ်မြေဟာ နယ်သာလန်နိုင်ငံ အကျယ်အဝန်းလောက်ရှိတယ်လို့ Luxembourg လွှတ်တော်မှာ အွန်လိုင်းတကဆင့် မိန်းခွန်းပြောစဉ် သမ္မတ Zelensky က နှိုင်းယှှုဉ် ပြောကြားသွားခဲ့ပါတယ်။
===========