သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းသမၼတ ကန္လႊတ္ေတာ္မွာမိန႔္ခြန္းေျပာမည္


ယူကရိန္းသမၼတ Volodymyr Zelenskyy


[[Zawgyi/Unicode]]

ယူကရိန္းသမၼတ Volodymyr Zelenskyy ဟာ ဒီကေန႔ ဝါရွင္တန္ ဒီစီ စံေတာ္ခ်ိန္ မနက္ပိုင္း အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္မွာ မိန႔္ခြန္းေျပာဖို႔ရွိသလို ႐ုရွားက်ဴးေက်ာ္စစ္အေရး ေဆြးေႏြးဖို႔ NATO မဟာမိတ္အဖြဲ႔ ကာကြယ္ေရးဝန္ႀကီးေတြ ဘရပ္ဆဲလ္စ္ၿမိဳ႕မွာ ေရာက္ေနၾကခ်ိန္မွာပဲ ကိဗ္ၿမိဳ႕ေတာ္ကို ႐ုရွားက ဒီကေန႔ ဆက္ၿပီး တိုက္ခိုက္ေနပါတယ္။

႐ုရွားက်ဴးေက်ာ္စစ္ရဲ႕ လက္ငင္းအက်ိဳးဆက္ေတြနဲ႔ NATO အဖြဲ႕ရဲ႕ စုေပါင္းကာကြယ္မႈ ခိုင္မာအားေကာင္းေရး ေရရွည္ လုပ္ေဆာင္ရမွာေတြကို အဖြဲ႔ဝင္ႏိုင္ငံေတြ ေဆြးေႏြးၾကမယ္လို႔ NATO အတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg ကေျပာပါတယ္။

“ဒီအက်ပ္အတည္းကို ယူကရိန္းအျပင္ဘက္ထိ ေက်ာ္လြန္မလာေအာင္ လုပ္ေဆာင္ဖို႔ NATO အဖြဲ႕မွာ တာဝန္ရွိၿပီး ဒီအခ်က္ ေၾကာင့္ပဲ မဟာမိတ္အဖြဲ႕ရဲ႕ အေရွ႕ဘက္ျခမ္းမွာ တပ္ဖြဲ႔ဝင္ အေရအတြက္ တိုးၿပီးခ်ထားတာျဖစ္ပါတယ္” လို႔ Stoltenberg က သတင္းေထာက္ေတြကိုေျပာပါတယ္။

ျဖစ္လာႏိုင္ေျခ လုပ္ေဆာင္ခ်က္ေတြထဲ အေရွ႕ဘက္ျခမ္းေဒသေတြမွာ ေရေၾကာင္းနဲ႔ ေလေၾကာင္းအင္အားနဲ႔ ဒုံးခြင္းဒုံးစနစ္ေတြ တိုးျမႇင့္တာအပါအဝင္ တပ္ဖြဲ႕ဝင္အေရအတြက္ သိသိသာသာ ပိုၿပီးတိုးခ်တာ၊ ပိုႀကီးမားတဲ့ စစ္ေရးေလ့က်င့္မႈေတြ မၾကာခန လုပ္တာမ်ိဳးေတြ ပါဝင္ႏိုင္တယ္လို႔လည္း Stoltenberg ကေျပာပါတယ္။

႐ုရွားႏိုင္ငံက သူတို႔နယ္စပ္နားမွာ NATO တပ္ဖြဲ႕ဝင္ေတြ ခ်ထားတာကို ကန႔္ကြက္ထားၿပီး ယူကရိန္းအေနနဲ႔ NATO အဖြဲ႕ထဲ ဘယ္ေတာ့မွ မဝင္ေရာက္ေရး အာမခံခ်က္ေပးဖို႔ လိုလားေနပါတယ္။ NATO အဖြဲ႕ဘက္ကေတာ့ ႏိုင္ငံေတြအေနနဲ႔ သူတို႔ရဲ႕ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး ကို္ယ့္ဖာသာ လြတ္လြတ္လပ္လပ္ ဆုံးျဖတ္ခ်က္ခ်ႏိုင္တယ္လို႔ တုံ႔ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============
[[Unicode]]

ယူကရိန်းသမ္မတ ကန်လွှတ်တော်မှာမိန့်ခွန်းပြောမည်

ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဒီကနေ့ ဝါရှင်တန် ဒီစီ စံတော်ချိန် မနက်ပိုင်း အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ရှိသလို ရုရှားကျူးကျော်စစ်အရေး ဆွေးနွေးဖို့ NATO မဟာမိတ်အဖွဲ့ ကာကွယ်ရေးဝန်ကြီးတွေ ဘရပ်ဆဲလ်စ်မြို့မှာ ရောက်နေကြချိန်မှာပဲ ကိဗ်မြို့တော်ကို ရုရှားက ဒီကနေ့ ဆက်ပြီး တိုက်ခိုက်နေပါတယ်။

ရုရှားကျူးကျော်စစ်ရဲ့ လက်ငင်းအကျိုးဆက်တွေနဲ့ NATO အဖွဲ့ရဲ့ စုပေါင်းကာကွယ်မှု ခိုင်မာအားကောင်းရေး ရေရှည် လုပ်ဆောင်ရမှာတွေကို အဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးကြမယ်လို့ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg ကပြောပါတယ်။

“ဒီအကျပ်အတည်းကို ယူကရိန်းအပြင်ဘက်ထိ ကျော်လွန်မလာအောင် လုပ်ဆောင်ဖို့ NATO အဖွဲ့မှာ တာဝန်ရှိပြီး ဒီအချက် ကြောင့်ပဲ မဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက်ခြမ်းမှာ တပ်ဖွဲ့ဝင် အရေအတွက် တိုးပြီးချထားတာဖြစ်ပါတယ်” လို့ Stoltenberg က သတင်းထောက်တွေကိုပြောပါတယ်။

ဖြစ်လာနိုင်ခြေ လုပ်ဆောင်ချက်တွေထဲ အရှေ့ဘက်ခြမ်းဒေသတွေမှာ ရေကြောင်းနဲ့ လေကြောင်းအင်အားနဲ့ ဒုံးခွင်းဒုံးစနစ်တွေ တိုးမြှင့်တာအပါအဝင် တပ်ဖွဲ့ဝင်အရေအတွက် သိသိသာသာ ပိုပြီးတိုးချတာ၊ ပိုကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေ မကြာခန လုပ်တာမျိုးတွေ ပါဝင်နိုင်တယ်လို့လည်း Stoltenberg ကပြောပါတယ်။

ရုရှားနိုင်ငံက သူတို့နယ်စပ်နားမှာ NATO တပ်ဖွဲ့ဝင်တွေ ချထားတာကို ကန့်ကွက်ထားပြီး ယူကရိန်းအနေနဲ့ NATO အဖွဲ့ထဲ ဘယ်တော့မှ မဝင်ရောက်ရေး အာမခံချက်ပေးဖို့ လိုလားနေပါတယ်။ NATO အဖွဲ့ဘက်ကတော့ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ကိုယ့်ဖာသာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက်ချနိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။

============

XS
SM
MD
LG