သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်သုံ့ပန်း ၄၀ ထက်မနည်းသေဆုံးဟု ခွဲထွက်ရေးအဖွဲ့ပြော


ဇူလိုင် ၂၁၊ ၂၀၂၂ က ယူကရိန်းနိုင်ငံ မာရီယိုပူးလ်မြို့ကို ဝိုင်းရံပိတ်ဆို့ခံရစဉ် သေဆုံးသွားတဲ့ စစ်မှုထမ်းများနဲ့ အလုပ်သမားလောင်းများကို သယ်ယူနေစဉ်။
ဇူလိုင် ၂၁၊ ၂၀၂၂ က ယူကရိန်းနိုင်ငံ မာရီယိုပူးလ်မြို့ကို ဝိုင်းရံပိတ်ဆို့ခံရစဉ် သေဆုံးသွားတဲ့ စစ်မှုထမ်းများနဲ့ အလုပ်သမားလောင်းများကို သယ်ယူနေစဉ်။

[[Zawgyi/Unicode]]

ယူကရိန်းနိုင်ငံအရှေ့ပိုင်းအပေါ် ယူကရိန်းတပ်တွေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် Mariupol တိုက်ပွဲမှာ ဖမ်းမိထားတဲ့ ယူကရိန်းစစ်သုံ့ပန်း ၄၀ ထက်မနည်း သေဆုံးသွားတယ်လို့ ရုရှားကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးသမားတွေက ပြောပါတယ်။

နောက်ထပ် ၇၅ ယောက်ထက်မနည်းလည်း ဒဏ်ရာရသွားတယ်လို့ သူတို့က ပြောပါတယ်။ အဲဒီစစ်သုံ့ပန်းတွေဟာ Mariupol မြို့က Azovstal သံမဏိစက်ရုံထဲမှာ ခြေကုပ်ယူပြီး ၃ လလောက် ရုရှားတပ်တွေကို ခုခံတိုက်ခဲ့တဲ့ ယူကရိန်းစစ် သားတွေထဲက ဖြစ်ကြပါတယ်။ ရုရှားဟာ သူတို့ရဲ့ ရှေ့တန်း စစ်ရေးလှုပ်ရှားမှုတွေကို ရုရှား ပုဂ္ဂလိကကုမ္မဏီဖြစ်တဲ့ Wagner စစ်ဘက်ကုမ္ပဏီကို တာဝန်တွေလွှဲပေးလိုက်ပြီး ဒါဟာ ထူးခြားတဲ့ အပြောင်းအလဲဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက နောက်ဆုံးရရှိတဲ့ ထောက်လှမ်းရေးသတင်းကို Twitter ပေါ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားတိုက်ခိုက်ရေး ခြေလျင်တပ်တွေ အလွန်အမင်းလိုအပ်နေတဲ့အတွက် အခုလို အရပ်ဘက်ကုမ္မဏီကို တာဝန်လွှဲပြောင်းလိုက်တာဖြစ်ပုံရတယ်လို့လည်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက သုံးသပ်ပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘာပေါ်မှာ ရုရှားနိုင်ငံလောက် ဘယ်နိုင်ငံမှ အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်လုပ်ပြီး ကိုယ်တိုင်ကျုးလွန်နေတဲ့ နိုင်ငံမရှိဘူးဆိုပြီး ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောကြားလိုက်ပါတယ်။

ဒါကို ကမ္ဘာလုံးဆိုင်ရာအဆင့်နဲ့ ဥပဒေကြောင်းကနေ တုံ့ပြန်ဖို့လိုတယ်လို့လည်း ပြောပါတယ်။ ရုရှားကို အကြမ်းဖက်မှု ကိုယ်တိုင် အားပေးကျူးလွန်နေတဲ့ နိုင်ငံအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကသတ်မှတ်ဖို့ တောင်းဆိုတဲ့ ဆုံးဖြတ် ချက်တရပ်ကို အမေရိကန်အထက်လွှတ်တော်အမတ်တွေ တညီတညွတ်တည်း ချမှတ်ခဲ့တဲ့အပေါ်မှာလည်း ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတ Zelenskyy က ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]






XS
SM
MD
LG