သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုလန်နဲ့ရိုမေးနီးယားရောက် ယူကရိန်းဒုက္ခသည်တွေ စားဝတ်နေရေးအဆင်ပြေအောင် အိမ်ရှင်နိုင်ငံဖေးမကူညီ


ပိုလန်နိုင်ငံမှာခိုလှုံဖို့ရောက်နေတဲ့ ယူကရိန်းဒုက္ခသည်များ။ (၀၄၊၀၃၊၂၀၂၂)
ပိုလန်နိုင်ငံမှာခိုလှုံဖို့ရောက်နေတဲ့ ယူကရိန်းဒုက္ခသည်များ။ (၀၄၊၀၃၊၂၀၂၂)


[[Zawgyi/Unicode]]

ပိုလန်နဲ့ ရိုမေးနီးယားနိုင်ငံတို့ဟာ ယူကရိန်း ဒုက္ခသည်တွေကို ခိုလှုံနေထိုင်လို့ရအောင် ဖန်တီးပေးနေကြပါတယ်။ ဒုက္ခသည် ၆ သိန်း ၂ သောင်း ခွဲကျော်ဟာ ပိုလန်နိုင်ငံ အသိအမှတ်ပြု နေထိုင်ခွင့်ကဒ်ပြားတွေရရှိကြပြီး နိုင်ငံတော်ကပေးတဲ့ ဝန်ဆောင်မှုတွေကို အခမဲ့ ရရှိကြပါတယ်။

နေစရာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနဲ့ တခြား လူမှုဝန်ဆောင်မှုတွေကို ပိုလန်နိုင်ငံက အခမဲ့ပေးပါတယ်။ အလုပ်အကိုင်တွေရရှိကြတဲ့အတွက် ပိုလန်လူ့အဖွဲ့အစည်းနဲ့ တပေါင်းတည်း ဝင်ဆန့်နိုင်သလို ကျန်းမာရေး နဲ့ ပညာရေးနယ်ပယ်တွေမှာ လစ်လပ်နေကြတဲ့ နေရာတွေကို ဖြည့်ပေးရာလည်း ရောက်ပါတယ်လို့ ပိုလန် အာဏာပိုင်တွေက ပြောကြပါတယ်။

ယူကရိန်းကလေးတွေအတွက် အထူးအတန်းတွေကိုလည်း ကျောင်းတွေမှာ ဖွင့်လှစ်ပေးထားကြတာပါ။ ပိုလန်နိုင်ငံထဲကို ဒုက္ခသည် ၂.၄ သန်း ဝင်ရောက်လာခဲ့ပြီး တချို့က ခရီးဆက်သွားကြတဲ့သူတွေရှိပေမယ့် အများစုက ပိုလန်နိုင်ငံမှာပဲ ခိုလှုံနေထိုင်နေကြပါတယ်။

ရိုမေးနီးယားနိုင်ငံထဲကိုလည်း ယူကရိန်း ဒုက္ခသည် ၆ သိန်းကျော် ရောက်ရှိနေကြပါတယ်။ သော့ချက်က ကိုယ်ပိုင် ဆုံးဖြတ်လုပ်ကိုင်နိုင်အောင် ကူညီတာပဲ ဖြစ်ပါတယ်လို့ ရိုမေးနီးယားနိုင်ငံ Brasov မြို့ ဒုတိယ မြို့တော်ဝန် Flavia Boghiu က ပြောပါတယ်။ ဒုက္ခသည်တွေ အလုပ်အကိုင်ရရှိရေးအတွက် ဆောင်ရွက်ပေးနေသလို အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုရရှိဖို့အတွက်လည်း ဆောင်ရွက်ပေးနေကြပါတယ်။

============
[[Unicode]]







============

XS
SM
MD
LG