သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားရဲ႕ရန္လိုမႈကို NATO အဖြဲ႔ဝင္ႏိုင္ငံေတြ ခုခံကာကြယ္ဖို႔ NATO နဲ႔ အေမရိကန္ ကတိျပဳ 


အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ ေနတိုးအဖြဲ႔စစ္မဟာမိတ္အႀကီးအကဲ Jens Stoltenberg တို႔ ဘရပ္ဆဲလ္မွာသတင္းစာရွင္းလင္းပြဲအတြင္း ေတြ႔ဆံုၾကစဥ္။ (မတ္ ၄၊ ၂၀၂၂) 


[[Zawgyi/Unicode]]


ယူကရိန္းကို ႐ုရွားကဝင္တိုက္မႈနဲ႔ ဆက္စပ္ၿပီး NATO အဖြဲ႔ဝင္ႏိုင္ငံေတြကို ႐ုရွားရန္လိုမႈကေန ခုခံတားဆီးသြားမယ္လို႔ NATO စစ္မဟာမိတ္အႀကီးအကဲနဲ႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးတို႔က ကတိျပဳလိုက္ၾကပါတယ္။

ေျမာက္အႏၲလန္တိတ္စာခ်ဳပ္မဟာမိတ္အဖြဲ႔ NATO အႀကီးအကဲ Jens Stoltenberg က ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ေနတဲ့ ႐ုရွားလုပ္ရပ္ဟာ အဆင္ျခင္မဲ့လြန္းတာေၾကာင့္ အျမန္ဆံုးရပ္သင့္ၿပီလို႔ ဒီေန႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ေတြ႔ၿပီး ရႈတ္ခ်လိုက္ပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္ကန္ကလည္း ႐ုရွားရဲ႕ ရန္လိုမႈေတြကို ေနတိုးအဖြဲ႔၀င္ ႏိုင္ငံေတြက ခုခံ ကာကြယ္သြားမယ့္အေၾကာင္း ဒီေန႔ NATO အတြင္းေရးမွဴးခ်ဳပ္နဲ႔အတူ သတင္းစာရွင္းလင္းပြဲမွာ ေျပာလိုက္ပါတယ္။

“ေနတိုး အတြင္းေရးမွဴးခ်ဳပ္ေျပာခဲ့သလိုပဲ ဒါဟာ ခုခံစစ္ျဖစ္ပါတယ္။ ႐ုရွားနဲ႔ ပဋိပကၡျဖစ္ေအာင္ က်ေနာ္တို႔ လုပ္တာမဟုတ္ပါဘူး။ ပဋိပကၡက က်ေနာ္တို႔ဆီကို ေရာက္လာတာပါ။ ဒီအတြက္ က်ေနာ္တို႔ဘက္က ခုခံဖို႔ အသင့္ရွိပါတယ္။ ေနတိုး နယ္ေျမေတြကို တလက္မ မွ အထိမခံ ခုခံသြားပါမယ္။ ေနတိုးမဟာမိတ္အဖြဲ႔ အနာဂတ္ အတြက္ကိုပါ ျပင္ဆင္မႈေတြ လုပ္သြားပါမယ္” လို႔ ဝန္ႀကီး Blinken က ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္ၿမိဳ႕မွာ ေနတိုးအဖြဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးအစည္းအေဝးတက္ဖို႔ ေရာက္ေနခ်ိန္ ေျပာလိုက္တာပါ။

႐ုရွားအေနနဲ႔ သူ႔ရဲ႕တပ္ဖြဲ႔ေတြကို ျပန္ ႐ုပ္သိမ္းၿပီး သံတမန္ေရးနည္းလမ္းနဲ႔ ပဋိပကၡကို ေအးေအးခ်မ္းခ်မ္း ေျဖရွင္းဖို႔လည္း ေနတိုးမဟာမိတ္အဖြဲ႔ အႀကီးအကဲ Stoltenberg က တိုက္တြန္းခဲ့ပါတယ္။ ဒါေပမယ့္ ခုလိုအခ်ိန္မ်ိဳးမွာ ေနတိုးမဟာမိတ္ႏိုင္ငံေတြဘက္ကေန ကာကြယ္သြားဖို႔ ဥေရာပအေရွ႕ပိုင္းမွာ ေနတိုးတပ္ဖြဲ႔ေတြ တိုးျမွင့္ခ်လိုက္တာက ရန္လိုတာမဟုတ္ဘဲ ခုခံကာကြယ္ဖို႔သာျဖစ္တယ္လို႔လည္း ေနတိုးအတြင္းေရးမွဴးခ်ဳပ္ Stoltenberg ကဆက္ေျပာခဲ့ပါတယ္။

ယူကရိန္း ျပည္သူေတြကို ႐ုရွားတပ္ဖြဲ႔ေတြက ေန႔ေရာညပါ ထိုးစစ္ဆင္တိုက္ခိုက္ေနတာ၊ အခုေနာက္ဆံုး ယူကရိန္း ႏ်ဴကလီးယား စြမ္းအင္စက္႐ံုကိုပါ တိုက္ခိုက္ တာေတြကိုလည္း ေနတိုးအဖြဲ႔ အႀကီးအကဲက ျပင္ျပင္းထန္ထန္ ႐ူတ္ခ်ခဲ့ပါတယ္ ခင္ဗ်ာ။

ဒီခရီးစဥ္ထဲ ဝန္ႀကီး Blinken အေနနဲ႔ G 7 စက္မႈအင္အားႀကီး ၇ ႏိုင္ငံက ႏိုင္ငံျခား ေရး ဝန္ႀကီးေတြနဲ႔လည္း ေတြ႔ဖို႔ ရွိတယ္လို႔ အေမရိကန္ ႏုိင္ငံံျခားေရးဌာန ေျပာခြင့္ရ Ned Price က ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။ ဒါ့အျပင္ စေနေန႔မွာေတာ့ ပိုလန္ကိုသြားၿပီး ပိုလန္ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံုကာ ယူကရိန္းကို ရုရွားဝင္ တိုက္တာကေန လိုအပ္လာႏုိင္တဲ့ လံုၿခံဳေရးအကူအညီနဲ႔ ထြက္ေျပးလာတဲ့ ယူကရိန္းဒုကၡသည္အမ်ားအျပားကို ကူညီေရးပါ ေဆြးေႏြးဖို႔ ရွိပါတယ္။

စေနေန႔ ေႏွာင္းပိုင္းမွာေတာ့ မိုလ္ဒိုဗာကိုသြားၿပီး ယူကရိန္းဒုကၡသည္ကူညီေရးေဆြးေႏြးမွာျဖစ္သလို Lithuania ၊ Latvia နဲ႔ Estonia ႏုိင္ငံေတြကိုလည္း မတ္လ ၆ ရက္ကေန ၈ ရက္အတြင္း ဝန္ႀကီး Blinken က ခရီးဆက္သြားမွာပါ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ရုရှားရဲ့ရန်လိုမှုကို NATO အဖွဲ့ဝင်နိုင်ငံတွေ ခုခံကာကွယ်ဖို့ NATO နဲ့ အမေရိကန် ကတိပြု

ယူကရိန်းကို ရုရှားကဝင်တိုက်မှုနဲ့ ဆက်စပ်ပြီး NATO အဖွဲ့ဝင်နိုင်ငံတွေကို ရုရှားရန်လိုမှုကနေ ခုခံတားဆီးသွားမယ်လို့ NATO စစ်မဟာမိတ်အကြီးအကဲနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့က ကတိပြုလိုက်ကြပါတယ်။

မြောက်အန္တလန်တိတ်စာချုပ်မဟာမိတ်အဖွဲ့ NATO အကြီးအကဲ Jens Stoltenberg က ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားလုပ်ရပ်ဟာ အဆင်ခြင်မဲ့လွန်းတာကြောင့် အမြန်ဆုံးရပ်သင့်ပြီလို့ ဒီနေ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ပြီး ရှုတ်ချလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း ရုရှားရဲ့ ရန်လိုမှုတွေကို နေတိုးအဖွဲ့ဝင် နိုင်ငံတွေက ခုခံ ကာကွယ်သွားမယ့်အကြောင်း ဒီနေ့ NATO အတွင်းရေးမှူးချုပ်နဲ့အတူ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“နေတိုး အတွင်းရေးမှူးချုပ်ပြောခဲ့သလိုပဲ ဒါဟာ ခုခံစစ်ဖြစ်ပါတယ်။ ရုရှားနဲ့ ပဋိပက္ခဖြစ်အောင် ကျနော်တို့ လုပ်တာမဟုတ်ပါဘူး။ ပဋိပက္ခက ကျနော်တို့ဆီကို ရောက်လာတာပါ။ ဒီအတွက် ကျနော်တို့ဘက်က ခုခံဖို့ အသင့်ရှိပါတယ်။ နေတိုး နယ်မြေတွေကို တလက်မ မှ အထိမခံ ခုခံသွားပါမယ်။ နေတိုးမဟာမိတ်အဖွဲ့ အနာဂတ် အတွက်ကိုပါ ပြင်ဆင်မှုတွေ လုပ်သွားပါမယ်” လို့ ဝန်ကြီး Blinken က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ နေတိုးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတက်ဖို့ ရောက်နေချိန် ပြောလိုက်တာပါ။

ရုရှားအနေနဲ့ သူ့ရဲ့တပ်ဖွဲ့တွေကို ပြန် ရုပ်သိမ်းပြီး သံတမန်ရေးနည်းလမ်းနဲ့ ပဋိပက္ခကို အေးအေးချမ်းချမ်း ဖြေရှင်းဖို့လည်း နေတိုးမဟာမိတ်အဖွဲ့ အကြီးအကဲ Stoltenberg က တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် ခုလိုအချိန်မျိုးမှာ နေတိုးမဟာမိတ်နိုင်ငံတွေဘက်ကနေ ကာကွယ်သွားဖို့ ဥရောပအရှေ့ပိုင်းမှာ နေတိုးတပ်ဖွဲ့တွေ တိုးမြှင့်ချလိုက်တာက ရန်လိုတာမဟုတ်ဘဲ ခုခံကာကွယ်ဖို့သာဖြစ်တယ်လို့လည်း နေတိုးအတွင်းရေးမှူးချုပ် Stoltenberg ကဆက်ပြောခဲ့ပါတယ်။

ယူကရိန်း ပြည်သူတွေကို ရုရှားတပ်ဖွဲ့တွေက နေ့ရောညပါ ထိုးစစ်ဆင်တိုက်ခိုက်နေတာ၊ အခုနောက်ဆုံး ယူကရိန်း နျူကလီးယား စွမ်းအင်စက်ရုံကိုပါ တိုက်ခိုက် တာတွေကိုလည်း နေတိုးအဖွဲ့ အကြီးအကဲက ပြင်ပြင်းထန်ထန် ရူတ်ချခဲ့ပါတယ် ခင်ဗျာ။

ဒီခရီးစဉ်ထဲ ဝန်ကြီး Blinken အနေနဲ့ G 7 စက်မှုအင်အားကြီး ၇ နိုင်ငံက နိုင်ငံခြား ရေး ဝန်ကြီးတွေနဲ့လည်း တွေ့ဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံံခြားရေးဌာန ပြောခွင့်ရ Ned Price က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စနေနေ့မှာတော့ ပိုလန်ကိုသွားပြီး ပိုလန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ ယူကရိန်းကို ရုရှားဝင် တိုက်တာကနေ လိုအပ်လာနိုင်တဲ့ လုံခြုံရေးအကူအညီနဲ့ ထွက်ပြေးလာတဲ့ ယူကရိန်းဒုက္ခသည်အများအပြားကို ကူညီရေးပါ ဆွေးနွေးဖို့ ရှိပါတယ်။

စနေနေ့ နှောင်းပိုင်းမှာတော့ မိုလ်ဒိုဗာကိုသွားပြီး ယူကရိန်းဒုက္ခသည်ကူညီရေးဆွေးနွေးမှာဖြစ်သလို Lithuania ၊ Latvia နဲ့ Estonia နိုင်ငံတွေကိုလည်း မတ်လ ၆ ရက်ကနေ ၈ ရက်အတွင်း ဝန်ကြီး Blinken က ခရီးဆက်သွားမှာပါ ခင်ဗျာ။

=================

XS
SM
MD
LG