သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားထောက်ပံ့ရေး ယာဉ်တန်း ယူကရိန်း စစ်ဆေး


ယူကရိန်းကိုရောက်လာတဲ့ ရုရှ ထောက်ပံ့ရေးယာဉ်တန်းများ။ (သြဂုတ် ၂၁၊ ၂၀၁၄)
ယူကရိန်းကိုရောက်လာတဲ့ ရုရှ ထောက်ပံ့ရေးယာဉ်တန်းများ။ (သြဂုတ် ၂၁၊ ၂၀၁၄)

ယူကရိန်းနိုင်ငံအရှေ့ပိုင်းအတွက် လူသားချင်းစာနာမှု အကူအညီတွေ တင်ဆောင်သွားတဲ့ ထရပ်ကားယာဉ်တန်းကို ယူကရိန်းနယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်ခွင့်ပေးဖို့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေက စတင်စစ်ဆေးနေပြီလို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။ ထရပ်ကား ၂၀၀ ပါ ယာဉ်တန်းထဲက ပထမဆုံးကားကို နယ်စပ်လုံခြုံရေးတွေက စတင်စစ်ဆေးနေတာပါ။

ယာဉ်တန်း ရှေ့ဆက်သွားနိုင်ရေး ဆောင်ရွက်စရာ လုပ်ထုံးလုပ်နည်းတွေ ကို ဖြတ်ကျော်ဖို့ ယာဉ်တန်းဟာ နယ်စပ်မှာ သီတင်းတပါတ်ကြာ စောင့်ဆိုင်းနေခဲ့ ရတာပါ။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ကလည်း ကြီးကျပ်စစ်ဆေးမှုတွေကို ဆောင်ရွက်မှာပါ။

သူတို့လုပ်ငန်းတွေစတင်နိုင်ဖို့ အိုင်စီအာစီအဖွဲ့ကြီးက လုံခြုံရေးအာမခံချက်ရရှိဖို့ ရက်အတန်ကြာ အဲနေရာမှာပဲ စောင့်ဆိုင်းနေခဲ့တာပါ။ ရုရှားလိုလားတဲ့ ခွဲထွက်ရေး ဝါဒီတွေအတွက် စစ်ရေးအထောက်အပံ့တွေ ပေးပို့ဖို့ ဒီယာဉ်တန်းကို အသုံးပြုနိုင်တယ် လို့ ယူကရိန်းက စိုးရိမ်တဲ့အတွက် အခုလို ဆိုင်းငံ့ထားတာပါ။

ဒီအစီအစဉ်ဟာ လူသားချင်း စာနာမှုသက်သက်နဲ့ လုပ်တာဖြစ်ပြီး ပဋိပက္ခတွင်းမှာ ပိတ်မိနေတဲ့ အရပ်သားတွေ အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ရုရှားကပြောပါတယ်။

XS
SM
MD
LG