သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရိုင်မီးယားက ယူကရိန်းတပ်တွေ ဆုတ်ခွာခိုင်းပြီ


Donuzlav ပင်လယ်အော်မှာရှိတဲ့ Konstantin Olshansky ရေတပ်သင်္ဘောကနေ ထွက်ခွာနေကြတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်များ။ (မတ်လ ၂၄၊ ၂၀၁၄)
Donuzlav ပင်လယ်အော်မှာရှိတဲ့ Konstantin Olshansky ရေတပ်သင်္ဘောကနေ ထွက်ခွာနေကြတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်များ။ (မတ်လ ၂၄၊ ၂၀၁၄)
ယူကရိန်းနိုင်ငံ၊ ခရိုင်မီးယားဒေသက စစ်စခန်းသုံးခုကို လွန်ခဲ့တဲ့သုံးရက်အတွင်း ရုရှားတပ်တွေက သိမ်းလိုက်ပြီးတဲ့နောက် တပ်ဖွဲ့ တွေအကုန်လုံး ဆုတ်ခွာဖို့ ယူကရိန်း ယာယီအစိုးရက အမိန့်ထုတ်လိုက်ပါတယ်။

ခရိုင်မီးယားကို ရုရှားပိုက်နက်ထဲ ထည့်သွင်းလိုက်ပြီးတဲ့နောက် တပ်ဖွဲ့တွေကို ရုပ်သိမ်းတာဖြစ်တယ်လို့ ယူကရိန်းအစိုးရက တနင်္လာနေ့မှာပြောပါတယ်။ ပင်လယ်နက်ကျွန်းဆွယ်ကနေ ယူကရိန်းတပ်ဖွဲ့တွေထွက်ခွာဖို့ ကာကွယ်ရေးဝန်ကြီးချုပ်ဌာနကို ညွှန်ကြားထားတယ်လို့ ယူကရိန်းယာယီသမ္မတ Oleksandr Turchynov က ပြောပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ အသက်အန္တရာယ်ကို ရုရှားတပ်တွေက ခြိမ်းခြောက်တဲ့အတွက် အခုလိုလုပ်ဆောင်တာလို့ သူကဆိုပါတယ်။

တပ်ဖွဲ့တွေဆုတ်ခွာမယ့်ကိစ္စ ယူကရိန်းက တနင်္လာနေ့မှာ ကြေညာခဲ့တာနဲ့အမျှ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ဟာ Sevastopol က ရုရှား စစ်ဌာနချုပ်ဆီ သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ တပ်ဖွဲ့တွေကို စစ်ဆေးပြီး ယူကရိန်းရေတပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး Denis Berezovsky နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီရေတပ်ဗိုလ်ချုပ်ကြီးဟာ ယူကရိန်းဘက်ကနေ ရုရှားဘက် ကူးပြောင်းခဲ့သူဖြစ်ပြီး ပင်လယ်နက် ရေတပ်ဖွဲ့ရဲ့ ဒုတိယတပ်မှူး ဖြစ်လာသူပါ။ ယူကရိန်းတာဝန်ရှိသူတွေကတော့ သူ့ကို နိုင်ငံတော် သစ္စာဖောက်ဖျက်မှုနဲ့ စွဲဆိုထားပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင် ဘယ်နှစ်ဦးဟာ အဲဒီကနေ မထွက်ခွာဘဲ ရုရှားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားဖွယ်ရှိသလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
XS
SM
MD
LG