သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီက်င္းပတဲ့ ရခိုင္ျပည္နယ္ေန႔အေပၚ ကန႔္ကြက္မႈေတြရွိ


(၄၈) ႀကိမ္ေျမာက္ ရခုိင္ျပည္နယ္ေန႔အထိမ္းအမွတ္ပြဲ (ဓာတ္ပံု-တပ္မေတာ္သတင္းျပန္ၾကားေရး/ဒီဇင္ဘာ ၁၅၊ ၂၀၂၂)

[[Zawgyi/Unicode]]

စစ္ေကာင္စီနဲ႔ AA ရခိုင္တပ္ဖြဲ႕ၾကား ႏႈတ္အားျဖင့္ အပစ္ရပ္ထားတဲ့အေျခအေနမွာပဲ ဒီေန႔ ဒီဇင္ဘာ ၁၅ ရက္ေန႔ ရခိုင္ျပည္နယ္ေန႔ကို စစ္ေကာင္စီကက်င္းပျပဳလုပ္ပါတယ္။ အခုလို စစ္ေကာင္စီကက်င္းပတဲ့ ရခိုင္ျပည္နယ္ေန႔ဆိုတာဟာ ရခိုင္ေတြအတြက္ အႏွစ္သာရတစုံတရာမရွိဘူးလို႔ ရခိုင္ႏိုင္ငံေရးသမားေတြၾကား ယူဆတာေတြရွိပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

ဒီေန႔ ဒီဇင္ဘာလ ၁၅ ရက္ေန႔မွာက်ေရာက္တဲ့ ၄၈ ႀကိမ္ေျမာက္ ရခိုင္ျပည္နယ္ေန႔ကို ေပ်ာ္ပြဲ႐ႊင္ပြဲေတြအျဖစ္ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ စစ္ေကာင္စီက ဦးေဆာင္က်င္းပပါတယ္။ စစ္ေကာင္စီက်င္းပတဲ့ ရခိုင္ျပည္နယ္ေန႔မွာ စစ္ေကာင္စီနဲ႔ နီးစပ္သူေတြနဲ႔ ဌာနဆိုင္ရာေတြေလာက္သာ အေလးထား ပါဝင္ၾကတယ္လို႔ ရခိုင္အေရး ေလ့လာသုံးသပ္သူ ဦးေဖသန္းကေျပာပါတယ္။

“ ေအာင္ျမင္တယ္ မေအာင္ျမင္ဘူးဆိုတာက လူထုက တကယ့္ကိုႏိုင္ငံေရးအရခံစားမိၿပီး ေတာ့ တက္တက္ႂကြႂကြပါဝင္တာကိုပဲ ေအာင္ျမင္တယ္လို႔ ေျပာလို႔ရတာေပါ့၊ အခုကေတာ့ ပြဲေတာ့ ျဖစ္တာေပါ့။ ဌာနဆိုင္ရာေတြရွိမယ္၊ တပ္မေတာ္သားေတြ ရွိမယ္၊ ျပည္ခိုင္ၿဖိဳးပါတီဝင္ေတြရွိမယ္၊ ၿပီးေတာ့ သူတို႔ဘက္က ဆုေတြေပးၿပီးေတာ့ ေျမႇာက္စားတဲ့ သူေတြရွိမယ္၊ အဲဒီအသိုင္းအဝိုင္းေတြရွိမယ္။ ဒီလူေတြကေတာ့ ႏွစ္တိုင္း အနည္းနဲ႔အမ်ားဆိုသလို ရွိၾကပါတယ္။ စစ္ေတြက ၿမိဳ႕ေတာ္ဆိုေတာ့ သူတို႔က ပိုၿပီးေတာ့ ပြဲကိုစည္ေအာင္ လုပ္တာေပါ့ေနာ္၊ အႏုပညာရွင္ေတြကိုေခၚၿပီးေတာ့ လုပ္တယ္။ ဒါကေတာ့ ပြဲအျဖစ္ေတာ့ ျဖစ္တယ္။ ဒါေပမဲ့ သာမာန္ျပည္သူေတြကေတာ့ မပါဝင္ၾကဘူး။ သူတို႔နဲ႔ ဆက္ႏြယ္ပတ္သက္သူေတြကပဲ ပြဲတခုအျဖစ္လုပ္ လိုက္တာကို ေတြ႕ရပါတယ္ခင္ဗ်ာ။”

ဒါ့အျပင္ ရခိုင္ျပည္နယ္ေန႔ဟာ ရခိုင္ျပည္သူေတြအတြက္ ႏိုင္ငံေရးအရ အႏွစ္သာရတစုံ တရာမရွိသလို ရခိုင္တပ္ဖြဲ႕ AA ေပၚလာၿပီးေနာက္ပိုင္းမွာ ရခိုင္ျပည္နယ္ေန႔ကို ရခိုင္ျပည္သူေတြအေလးထားတာမရွိေတာ့ဘူးလို႔လည္း ဦးေဖသန္းကေျပာပါတယ္။

“ ရခိုင္ျပည္နယ္ေန႔ကို အရင္တုန္းက ပါဝင္ခဲ့တာက ေပ်ာ္ပြဲ႐ႊင္ပြဲသေဘာေလာက္သာျဖစ္တယ္။ ULA/AA ေရာက္ၿပီးတဲ့ ေနာက္ပိုင္းမွာ အႏွစ္သာရကို ဆန္းစစ္သူေတြရွိလာတယ္။ ႏိုင္ငံေရးအားျဖင့္ ဆန္းစစ္လာၾကတယ္၊ အဲဒီအခါမွာ ဒါက က်ေနာ္တို႔လိုခ်င္တဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပဌာန္းခြင့္၊ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ ဆိုတဲ့ အႏွစ္သာရေတြ ဘာမွမရွိတဲ့၊ ေလနဲ႔ေပးတဲ့ အခြင့္အေရးေပါ့၊ အဲတာေတြ ျပည္သူေတြက ျမင္လာတဲ့အတြက္ အရင္တုန္းကေလာက္ စိတ္ဝင္စားတာမရွိၾကေတာ့ဘူး။ အေပ်ာ္သေဘာနဲ႔ သြားေရာက္ၾကည့္႐ႈသူေတြေတာင္ နည္းပါးသြားတယ္ေပါ့။”

ရခိုင္ျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ စစ္ေတြမွာေနထိုင္တဲ့ ရခိုင္ေဒသခံတဦးျဖစ္တဲ့ မခင္ဖုန္းသူေဇာ္ကလည္း စစ္ေကာင္စီကက်င္းပေပးတဲ့ ရခိုင္ျပည္နယ္ေန႔ကို အသိအမွတ္မျပဳႏိုင္ဘူးလို႔ေျပာပါတယ္။

“ အခုလက္ရွိ ရခိုင္အေျခအေနနဲ႔က်ေတာ့ေလ စစ္ေကာင္စီက က်င္းပတဲ့ပြဲျဖစ္လို႔ မပါတဲ့ အပိုင္းလည္းတပိုင္းရွိတာေပါ့ေနာ္။ ေနာက္တခုက ရခိုင္ျပည္နယ္ေန႔က ကိုယ့္အတြက္ ဘာမွ ထူးျခားမႈမရွိဘူးေပါ့ေနာ္၊ အသိအမွတ္လည္းမျပဳဘူးေပါ့ေနာ္၊ အဲတာေၾကာင့္ မပါဝင္ျဖစ္တာေပါ့။”

ရခိုင္ျပည္သူေတြ အသိအမွတ္ျပဳ ပါဝင္တာနည္းပါးတယ္ဆိုေပမယ့္လည္း စစ္ေကာင္စီကေတာ့ ဒီကေန႔ က်ေရာက္တဲ့ရခိုင္ျပည္နယ္ေန႔မွာ စင္တင္ေတးဂီတပြဲေတြအပါဝင္ ျပည္နယ္ဂုဏ္ ထူးေဆာင္ လူမႈထူးခြၽန္ဆုေတြ ေပးအပ္တာေတြ၊ ေပ်ာ္ပြဲရႊင္ပြဲေတြကို ေငြေၾကးအကုန္က်ခံက်င္းပခဲ့ပါတယ္။

ရခိုင္ျပည္နယ္ေန႔ဆိုတာဟာ ျမန္မာႏိုင္ငံလြတ္လပ္ေရးရၿပီးေနာက္ပိုင္း တိုင္းအဆင့္ရွိတဲ့ ရခိုင္တိုင္းေဒသႀကီးကို ျမန္မာဆိုရွယ္လစ္လမ္းစဥ္ပါတီ(မဆလ) အစိုးရလက္ထက္က ေရးဆြဲအတည္ျပဳခဲ့တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၃၁ အရ ရခိုင္တိုင္းကေန ရခိုင္ျပည္နယ္အျဖစ္ သတ္မွတ္ေပးခဲ့တာကို အထိမ္းအမွတ္ျပဳထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

စစ်ကောင်စီကျင်းပတဲ့ ရခိုင်ပြည်နယ်နေ့အပေါ် ကန့်ကွက်မှုတွေရှိ

စစ်ကောင်စီနဲ့ AA ရခိုင်တပ်ဖွဲ့ကြား နှုတ်အားဖြင့် အပစ်ရပ်ထားတဲ့အခြေအနေမှာပဲ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်နေ့ကို စစ်ကောင်စီကကျင်းပပြုလုပ်ပါတယ်။ အခုလို စစ်ကောင်စီကကျင်းပတဲ့ ရခိုင်ပြည်နယ်နေ့ဆိုတာဟာ ရခိုင်တွေအတွက် အနှစ်သာရတစုံတရာမရှိဘူးလို့ ရခိုင်နိုင်ငံရေးသမားတွေကြား ယူဆတာတွေရှိပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာကျရောက်တဲ့ ၄၈ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ကို ပျော်ပွဲရွှင်ပွဲတွေအဖြစ် ရခိုင်ပြည်နယ် မြို့နယ်တော်တော်များများမှာ စစ်ကောင်စီက ဦးဆောင်ကျင်းပပါတယ်။ စစ်ကောင်စီကျင်းပတဲ့ ရခိုင်ပြည်နယ်နေ့မှာ စစ်ကောင်စီနဲ့ နီးစပ်သူတွေနဲ့ ဌာနဆိုင်ရာတွေလောက်သာ အလေးထား ပါဝင်ကြတယ်လို့ ရခိုင်အရေး လေ့လာသုံးသပ်သူ ဦးဖေသန်းကပြောပါတယ်။

“ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာက လူထုက တကယ့်ကိုနိုင်ငံရေးအရခံစားမိပြီး တော့ တက်တက်ကြွကြွပါဝင်တာကိုပဲ အောင်မြင်တယ်လို့ ပြောလို့ရတာပေါ့၊ အခုကတော့ ပွဲတော့ ဖြစ်တာပေါ့။ ဌာနဆိုင်ရာတွေရှိမယ်၊ တပ်မတော်သားတွေ ရှိမယ်၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေရှိမယ်၊ ပြီးတော့ သူတို့ဘက်က ဆုတွေပေးပြီးတော့ မြှောက်စားတဲ့ သူတွေရှိမယ်၊ အဲဒီအသိုင်းအဝိုင်းတွေရှိမယ်။ ဒီလူတွေကတော့ နှစ်တိုင်း အနည်းနဲ့အများဆိုသလို ရှိကြပါတယ်။ စစ်တွေက မြို့တော်ဆိုတော့ သူတို့က ပိုပြီးတော့ ပွဲကိုစည်အောင် လုပ်တာပေါ့နော်၊ အနုပညာရှင်တွေကိုခေါ်ပြီးတော့ လုပ်တယ်။ ဒါကတော့ ပွဲအဖြစ်တော့ ဖြစ်တယ်။ ဒါပေမဲ့ သာမာန်ပြည်သူတွေကတော့ မပါဝင်ကြဘူး။ သူတို့နဲ့ ဆက်နွယ်ပတ်သက်သူတွေကပဲ ပွဲတခုအဖြစ်လုပ် လိုက်တာကို တွေ့ရပါတယ်ခင်ဗျာ။”

ဒါ့အပြင် ရခိုင်ပြည်နယ်နေ့ဟာ ရခိုင်ပြည်သူတွေအတွက် နိုင်ငံရေးအရ အနှစ်သာရတစုံ တရာမရှိသလို ရခိုင်တပ်ဖွဲ့ AA ပေါ်လာပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်နေ့ကို ရခိုင်ပြည်သူတွေအလေးထားတာမရှိတော့ဘူးလို့လည်း ဦးဖေသန်းကပြောပါတယ်။

“ ရခိုင်ပြည်နယ်နေ့ကို အရင်တုန်းက ပါဝင်ခဲ့တာက ပျော်ပွဲရွှင်ပွဲသဘောလောက်သာဖြစ်တယ်။ ULA/AA ရောက်ပြီးတဲ့ နောက်ပိုင်းမှာ အနှစ်သာရကို ဆန်းစစ်သူတွေရှိလာတယ်။ နိုင်ငံရေးအားဖြင့် ဆန်းစစ်လာကြတယ်၊ အဲဒီအခါမှာ ဒါက ကျနော်တို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆိုတဲ့ အနှစ်သာရတွေ ဘာမှမရှိတဲ့၊ လေနဲ့ပေးတဲ့ အခွင့်အရေးပေါ့၊ အဲတာတွေ ပြည်သူတွေက မြင်လာတဲ့အတွက် အရင်တုန်းကလောက် စိတ်ဝင်စားတာမရှိကြတော့ဘူး။ အပျော်သဘောနဲ့ သွားရောက်ကြည့်ရှုသူတွေတောင် နည်းပါးသွားတယ်ပေါ့။”

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာနေထိုင်တဲ့ ရခိုင်ဒေသခံတဦးဖြစ်တဲ့ မခင်ဖုန်းသူဇော်ကလည်း စစ်ကောင်စီကကျင်းပပေးတဲ့ ရခိုင်ပြည်နယ်နေ့ကို အသိအမှတ်မပြုနိုင်ဘူးလို့ပြောပါတယ်။

“ အခုလက်ရှိ ရခိုင်အခြေအနေနဲ့ကျတော့လေ စစ်ကောင်စီက ကျင်းပတဲ့ပွဲဖြစ်လို့ မပါတဲ့ အပိုင်းလည်းတပိုင်းရှိတာပေါ့နော်။ နောက်တခုက ရခိုင်ပြည်နယ်နေ့က ကိုယ့်အတွက် ဘာမှ ထူးခြားမှုမရှိဘူးပေါ့နော်၊ အသိအမှတ်လည်းမပြုဘူးပေါ့နော်၊ အဲတာကြောင့် မပါဝင်ဖြစ်တာပေါ့။”

ရခိုင်ပြည်သူတွေ အသိအမှတ်ပြု ပါဝင်တာနည်းပါးတယ်ဆိုပေမယ့်လည်း စစ်ကောင်စီကတော့ ဒီကနေ့ ကျရောက်တဲ့ရခိုင်ပြည်နယ်နေ့မှာ စင်တင်တေးဂီတပွဲတွေအပါဝင် ပြည်နယ်ဂုဏ် ထူးဆောင် လူမှုထူးချွန်ဆုတွေ ပေးအပ်တာတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို ငွေကြေးအကုန်ကျခံကျင်းပခဲ့ပါတယ်။

ရခိုင်ပြည်နယ်နေ့ဆိုတာဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းအဆင့်ရှိတဲ့ ရခိုင်တိုင်းဒေသကြီးကို မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၁ အရ ရခိုင်တိုင်းကနေ ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့တာကို အထိမ်းအမှတ်ပြုထားတာဖြစ်ပါတယ်။

XS
SM
MD
LG