သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Magna Carta မဟာစာတမ်း နှစ် ၈၀၀ ပြည့် ဗြိတိန် ကျင်းပ

ဘုန်းတော်ကြီး Canterbury Justin Welby ၊ ဝန်ကြီးချုပ် David Cameron ၊ ဘုရင်မကြီး Elizabeth ၊ မင်းသားကြီး Philip ၊ မင်းသား William နဲ့ မင်းသမီး Anne တို့မက်နာကာတာ ခေါ် ဘုရင့်အာဏာကိုထိန်းချုပ်ပေးခဲ့တဲ့ စာချုပ် နှစ် ၈၀၀ ပြည့် အခမ်းအနားတက်ရောက်စဉ်။ (ဇွန် ၁၅၊ ၂၀၁၅)

အင်္ဂလန်နိုင်ငံမှာ ဥပဒေနဲ့ ပြည်သူ့လူ့အခွင့်အရေးတွေရဲ့အစဦးဖြစ်တဲ့ မက်နာကာတာ ခေါ် ဘုရင့်အာဏာကိုထိန်းချုပ်ပေးခဲ့တဲ့ စာချုပ်ရဲ့ နှစ် ၈၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ Elizabeth ဘုရင်မကြီးနဲ့အတူ ဗြိတိန်ခေါင်းဆောင်တွေဟာ သိမ်းမြစ်ကမ်းနံဘေးမှာ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီအထိမ်းအမှတ်ပွဲကို အင်္ဂလန်တောင်ပိုင်းက ရန်နီမိဒ် မြို့မှာပြုလုပ်ခဲ့ပါတယ်။ အဲဒီမြို့မှာ ၁၂၁၅ ခုနှစ် ဇွန်လ ၁၅ ရက်က အင်္ဂလိပ်ဘုရင် ဂျွန်က စာချုပ်ကိုလက်မှတ်ထိုးပြီး ပါလီမန်ဒီမိုကရေစီဖြစ်လာနိုင်ရေးအတွက် လမ်းခင်းပေးလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုစုတဲ့နေရာမှာ နမူနာတခုဖြစ်လာပါတယ်။

လွတ်လပ်ခွင့်ဆိုင်ရာ မဟာစာတမ်းလို့ အဓိပ္ပာယ်ရတဲ့ မက်နာကာတာ ဟာ ပြည်သူတွေရဲ့လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးခဲ့ပြီး ဘယ်သူကမှ ဥပဒေအပေါ်မှာမရှိရဘူးလို့ ပြဌာန်းခဲ့ပါတယ်။

မဟာစာတမ်းကို လက်မှတ်ထိုးခဲ့ခြင်းဟာ အဲဒီအချိန်ကလိုပဲ အခုခေတ်မှာလည်း အလွန်အရေးကြီးပြီး ထောင်စုနှစ်ရဲ့အများပိုင်းကို ပုံဖော်ရာမှာလည်း ထူးခြားအရေးပါခဲ့တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က တက်ရောက်လာတဲ့ ပရိသတ်တွေကို ပြောကြားသွားပါတယ်။

XS
SM
MD
LG