သုံးရလွယ်ကူစေသည့် Link များ

ကုလအကြံပေး Vijay Nambiar မြန်မာပြည်ရောက်ရှိ

  • ဗွီအိုအေ (မြန်မာဌာန)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ဟာ နေပြည်တော်မှာ မြန်မာအစိုးရ အရာရှိတွေအပါအ၀င် တပ်မတော် အရာရှိတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ မနေ့က ရန်ကုန်မြို့ကိုရောက်လာတဲ့ မစ္စတာ နမ်ဘီယားဟာ မြန်မာ ငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့အကြား ပြုလုပ်မယ့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲကို တက်ဖို့ မစ္စတာ နမ်ဘီယား ရောက်လာတာဖြစ်ပါတယ်။

ဖားအံမြို့မှာ ပြုလုပ်မယ့် အဲဒီဆွေးနွေးပွဲကို ဖောဖော်ဝါရီလအတွင်းမှာ ပြု လုပ်ဖို့ ပြောင်းရွေ့ထားပြီး ဖြစ်ပေမဲ့လည်း သူ့အနေနဲ့ မြန်မာခရီးစဉ်ကို စီစဉ်ထားပြီး ဖြစ်တာကြောင့် မြန်မာနိုင်ငံကို အခုလို ရောက်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ နမ်ဘီးယားဟာ နေပြည်တော်မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မနှစ် နိုဝင်ဘာလဆန်းပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြုလုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ရဲ့ ဆွေးနွေးပွဲမှာလည်း မစ္စတာ နမ်ဘီယားက လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။
XS
SM
MD
LG