သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အရပ်သားသေဆုံး၊ ထိခိုက်စာရင်း ကုလ ထုတ်ပြန်


အာဖဂန်အရပ်သားတွေ။
အာဖဂန်အရပ်သားတွေ။

အာဖဂန်နစ္စတန် နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အမုန်းပွား အကြမ်းဖက်မှုတွေကြောင့် ၂၀၁၅ ခုနှစ်အတွင်း အရပ်သား ၃၅၀၀ သေဆုံးပြီး ၇၅၀၀ လောက် ဒဏ်ရာရခဲ့ ကြရပြီး အရပ်သားတွေ ထိခိုက်သေဆုံးမှုနုန်း အရင်နှစ်ထက် ၄ ရာခိုင်နုန်းတက်လာတယ်လို့ ကုလသမဂ္ဂ အဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။

၂၀၀၉ ခုနှစ် ကုလအဖွဲ့ရဲ့ အရပ်သားထိခိုက်သေဆုံးမှု မှတ်တမ်းစနစ် စတဲ့ အချိန်ကတည်းကဆိုရင် ၂၀၁၅ ခုနှစ်အတွင်း အာဖ၈န် အရပ်သား တွေ သေဆုံးတဲ့ အရေအတွက်ဟာ အမြင့်ဆုံး ဖြစ်တယ်လို့ Afghanistan မှာ ရှိတဲ့ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေးအဖွဲ့ UNAMA အဖွဲ့က ပြောလိုက်ပါတယ်။

လူဦးရေထူထပ်တဲ့ နေရာတွေမှာ မြေပြင်တိုက်ခိုက်မှုတွေ ပိုများလာပြီး မြို့ကြီးတွေမှာ ကိုယ့်ကိုကိုယ် လုပ်ကြံမှု အပါအဝင် တခြားတိုက်ခိုက်မှုတွေ ဟာ ၂၀၁၅ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ဆိုင်တဲ့ အရပ်သားထိခိုက်သေဆုံးမှု တွေရဲ့ အဓိက အကြောင်းတွေဖြစ်တယ်လို့ လည်း အဲဒီအဖွဲ့က အစီရင်ခံပါတယ်။ ဒါပေမယ့်လည်း အဲဒီ အစီရင်ခံစာက တာလီဘန် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးတဲ့ အရပ်သားတွေရဲ့ ၁၀% လောက် လျော့ပြီးမှတ်တမ်းတင်နိုင်တာ လည်း ဖြစ်ပါတယ်။

XS
SM
MD
LG