မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေဖြစ်အပြီး၊ ၄လကြာမှာ နိုင်ငံထဲမှာ နေရာရွှေ့ပြောင်းနေထိုင်
ဒုက္ခရောက်နေသူ အရေအတွက် ဟာ တိုးပွားလာနေတယ်လို့
ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာရုံး UNHCR က
စိုးရိမ်တကြီး ထုတ်ပြောလိုက်ပါတယ်။
ဒီ ဒုက္ခသည်ဆိုင်ရာရုံးက နိုင်ငံထဲက ဒုက္ခသည်စခန်းတွေထဲမှာ ဒုက္ခသည်ပေါင်း
၇၅,၀၀၀ ခန့် လောလောဆယ် ရှိနေတယ်။ နောက်ထပ် လူသားချင်းဆိုင်ရာ အကူအညီလိုနေသူတွေလဲ ဆက်ရှိနေသေးတယ်လို့ သောကြာနေ့မှာ ထုတ်ပြောလိုက်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Adrian Ewards က ဒီဒုက္ခရောက်နေသူတွေရဲ့ သွားလာရေးကို ကန့်သတ်ထိန်းချုပ်ထားဆဲဖြစ်တယ်၊ ဈေးသွားခွင့်၊ အစားအစာရရှိခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်နဲ့ ပညာရေးအခွင့်အလမ်းတွေအတွက် ပိတ်ပင်ခံနေရဆဲ ဖြစ်တယ်လို့ ဂျီနီဗာမြို့မှာ ပြောကြားလိုက်ပါတယ်။
ဒီပြောခွင့်ရှိသူကပဲ ခုလို ဖိနှိပ်ကန့်သတ်မှု့တွေ ဆက်ဆိုးဝါးနေတာကြောင့် ဆက်သည်းမခံနိုင်တော့တဲ့ ဒီဒုက္ခသည်တွေအနေနဲ့ အစားအစာနဲ့ ဆေးဝါးတွေရရှိနိုင်ဖို့ ခုလို ဒုက္ခသည်စခန်းတွေကို ဆက် ထွက်ပြေးနေကြရတာ ဖြစ်တယ်လို့ ဆက်ပြောလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး၊ မနေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာလဲ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Martin Nesirsky က ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံးနဲ့ ဒုက္ခသည်ရုံးတွေ လက်တွဲပြီး၊ သက်ဆိုင်ရာဒေသတွင်းမှာ ထိထိရောက်ရောက် ကွင်းဆင်းဆောင်ရွက်နေကြောင်း၊ သူတို့က အထူးကို စိုးရိမ်မကင်း ဆက်ဖြစ်နေကြောင်း ကြေညာချက်ထုတ်တယ်ဆိုရင်တော့ ဒါဟာ ခိုင်လုံတဲ့ အထောက်အထားတွေရှိလို့သာ ဖြစ်နိုင်ကြောင်း ဖြေကြားသွားပါတယ်။