သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်ဴးဘားအေပၚ ကန္ ဒဏ္ခတ္ပိတ္ဆိုမႈ အေထြေထြညီလာခံ ရႈတ္ခ်


In this file photo taken on June 22, 2021 a woman walks near a wall depicting the Cuban flag in Havana. (Photo: AFP)

{{Zawgyi/Unicode}}

က်ဳးဘားႏိုင္ငံအေပၚ အေမရိကန္ျပည္ေထာင္စုရဲ႕ႏွစ္ေပါင္း ၆၀ နီးပါ ဒဏ္ခတ္ပိတ္ဆို႔မႈကို ကုလအေထြေထြညီလာခံမွာ ေထာက္ခံမဲ ၁၈၄ ကန္႔ကြက္မဲ ၂ မဲ နဲ႔ ဗုဒၶဟူးေန႔က ရႈတ္ခ်လိိုက္ပါတယ္။ ဒါဟာ အေထြေထြညီလာခံရဲ႕ ၂၉ ႀကိမ္ေျမာက္ဆက္တိုက္ ရႈတ္ခ်မႈလဲ ျဖစ္ပါတယ္။

အေမရိကန္ပိုင္ ေရနံခ်က္စက္ရံုေတြကို က်ဴးဘားအစိုးရက ျပည္သူပိုင္သိမ္း တဲ႔အတြက္ ၁၉၆၀ ျပည္႔ႏွစ္က စတင္ခ်မွတ္ၿပီး ၁၉၆၂ မွာ သက္တမ္းတိုးခဲ႔တဲ႔ ဒီဒဏ္ခတ္ပိတ္ဆို႔မႈဟာ အေမရိကန္ နဲ႔ က်ဴးဘား ၂ ႏိုင္ငံအၾကား စစ္ေအးေခတ္ရန္ေစာင္မႈ အစဥ္အလာအျဖစ္ က်န္ရစ္ေနတာပါ။

သမၼတ အိုဘားမားလက္ထက္ ၂ ႏိုင္ငံ ျပန္လည္သင္႔ျမတ္ေရး လုပ္ေနခ်ိန္တံုးကေတာ႔ အေထြေထြညီလာခံမွာ ဒီကိစၥမဲခြဲတဲ႔ အခါ အေမရိကန္ျပည္ေထာင္စုက ၾကားေနခဲ႔ပါတယ္။

ဒါေပမဲ႔ ၂၀၁၇ မွာ သမၼတ ထရမ္႔ တက္လာၿပီးတဲ႔ေနာက္ ၂ ႏိုင္ငံဆက္ဆံေရး ျပန္လည္ဆိုးရြားသြားၿပီး လက္ရွိသမၼတ ဘိုင္ဒန္ လက္ထက္မွာ ျပန္လည္္ျပင္ဆင္ျခင္းမရွိေသးပါဘူး။ က်ဴးဘားျပည္သူေတြ သူတို႔အနာဂတ္သူတို႔ဆံုးျဖတ္ႏိုင္ေရးအတြက္ အေထြထြညီလာခံက ေထာက္ခံဖို႔အားေပးတယ္လို႔ ပဲ ကုလဆိုင္ရာအေမရိကန္အရာရွိႀကီးတဦးကေျပာထားပါတယ္။

တကယ္ေတာ႔ က်ဴးဘားႏိုင္ငံအေပၚ အေမရိကန္ရဲ႕ ဒဏ္ခတ္မႈကို အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္ရဲ႕ ဆံုးျဖတ္ခ်က္အရသာ ႐ုပ္သိမ္းႏိုင္မွာ ျဖစ္ပါတယ္။

.................................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

ကျုးဘားနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့နှစ်ပေါင်း ၆၀ နီးပါ ဒဏ်ခတ်ပိတ်ဆို့မှုကို ကုလအထွေထွေညီလာခံမှာ ထောက်ခံမဲ ၁၈၄ ကန့်ကွက်မဲ ၂ မဲ နဲ့ ဗုဒ္ဓဟူးနေ့က ရှုတ်ချလိုက်ပါတယ်။ ဒါဟာ အထွေထွေညီလာခံရဲ့ ၂၉ ကြိမ်မြောက်ဆက်တိုက် ရှုတ်ချမှုလဲ ဖြစ်ပါတယ်။

အမေရိကန်ပိုင် ရေနံချက်စက်ရုံတွေကို ကျူးဘားအစိုးရက ပြည်သူပိုင်သိမ်း တဲ့အတွက် ၁၉၆၀ ပြည့်နှစ်က စတင်ချမှတ်ပြီး ၁၉၆၂ မှာ သက်တမ်းတိုးခဲ့တဲ့ ဒီဒဏ်ခတ်ပိတ်ဆို့မှုဟာ အမေရိကန် နဲ့ ကျူးဘား ၂ နိုင်ငံအကြား စစ်အေးခေတ်ရန်စောင်မှု အစဉ်အလာအဖြစ် ကျန်ရစ်နေတာပါ။

သမ္မတ အိုဘားမားလက်ထက် ၂ နိုင်ငံ ပြန်လည်သင့်မြတ်ရေး လုပ်နေချိန်တုံးကတော့ အထွေထွေညီလာခံမှာ ဒီကိစ္စမဲခွဲတဲ့ အခါ အမေရိကန်ပြည်ထောင်စုက ကြားနေခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၇ မှာ သမ္မတ ထရမ့် တက်လာပြီးတဲ့နောက် ၂ နိုင်ငံဆက်ဆံရေး ပြန်လည်ဆိုးရွားသွားပြီး လက်ရှိသမ္မတ ဘိုင်ဒန် လက်ထက်မှာ ပြန်လည်ပြင်ဆင်ခြင်းမရှိသေးပါဘူး။ ကျူးဘားပြည်သူတွေ သူတို့အနာဂတ်သူတို့ဆုံးဖြတ်နိုင်ရေးအတွက် အထွေထွညီလာခံက ထောက်ခံဖို့အားပေးတယ်လို့ ပဲ ကုလဆိုင်ရာအမေရိကန်အရာရှိကြီးတဦးကပြောထားပါတယ်။

တကယ်တော့ ကျူးဘားနိုင်ငံအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်မှုကို အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရသာ ရုပ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG