သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း ဒုတိယသက်တမ်း အထွေထွေ ညီလာခံ အတည်ပြု


ဘန်ကီမွန်း ဒုတိယသက်တမ်း အထွေထွေ ညီလာခံ အတည်ပြု
ဘန်ကီမွန်း ဒုတိယသက်တမ်း အထွေထွေ ညီလာခံ အတည်ပြု

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက လက်ရှိ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကို နောက်ထပ် ၅ နှစ် ဆက်ခန့်ထားဖို့ မဲပေး ဆုံးဖြတ်လိုက်ကြပါပြီ။

နိုင်ငံပေါင်း ၁၉၂ နိုင်ငံပါတဲ့ ဒီညီလာခံကြီးက ဇန်နဝါရီလ ၁ ရက်နေ့မှာစမယ့် ဘန်ကီမွန်းရဲ့ ဒုတိယသက်တမ်း အတွက် မနေ့က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြတာပါ။

ပြီးခဲ့တဲ့ အပတ်တုန်းကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မစ္စတာဘန်ကို အခုလို ဆက်ခန့်ထားဖို့ သဘောတူညီချက် ပေးခဲ့ပါတယ်။

အသက် ၆၇ နှစ် ရှိပြီဖြစ်တဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာဘန်က အခုလို ထောက်ခံမှုတွေ ရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူမိကြောင်း ပြောခဲ့ပါတယ်။

မစ္စတာဘန်ဟာ ၂၀၀၇ ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့တာပါ။ ဒီ ဒုတိယသက်တမ်းကတော့ ၂၀၁၆ မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သက်တမ်းအတွင်း မစ္စတာဘန် အနေနဲ့ ရာသီဥတု ပြောင်းလဲမှု၊ လက်နက်လျှော့ချရေး၊ ကျား မ ညီမျှမှုနဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကိစ္စတွေကို သူ့ရဲ့ ဦးစားပေး လုပ်ငန်းတွေအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ဒီကာလအတွင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အနေနဲ့ ဒုက္ခရောက်နေတဲ့ နိုင်ငံတွေကို အကူအညီပေးတဲ့ အနေနဲ့ ပုဂ္ဂိုလ်ရေးအရလည်း အဆက်မပြတ် ခရီးထွက်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ မစ္စတာဘန် အနေနဲ့ လူ့အခွင့်အရေး ကိစ္စတွေ အပေါ်မှာ ပြတ်ပြတ်သားသား မပြောတာနဲ့ သူ့ရဲ့ နောက်ကွယ်က သံတမန်ရေး လုပ်ရပ်တွေ ထိရောက်မှု မရှိခဲ့တာတွေကြောင့် ကမ္ဘာ့အာဏာရှင်တွေနဲ့ အာဏာရူးတွေကို ရက်ရက်စက်စက် မလုပ်အောင် တားဆီးနိုင်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG