သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ပေါ် ဗုံးထည့်ပေးလိုက်မှုနဲ့ သံသယရှိသူ အမျိုးသမီးတဦးကို ဖမ်းဆီး


လေယာဉ်ပေါ် ဗုံးထည့်ပေးလိုက်မှုနဲ့ သံသယရှိသူ အမျိုးသမီးတဦးကို ဖမ်းဆီး
လေယာဉ်ပေါ် ဗုံးထည့်ပေးလိုက်မှုနဲ့ သံသယရှိသူ အမျိုးသမီးတဦးကို ဖမ်းဆီး

အမေရိကန်ပြည်ထောင်စုဆီပျံသန်းမယ့် ကုန်တင်လေယာဉ်တွေပေါ်မှာ အင်အားပြင်း ဗုံးနှစ်ခု ပါသွားအောင် တင်ပို့ခဲ့တယ်လို့ မသင်္ကာသူ အမျိုးသမီးတယောက်ကို ယီမင်နိုင်ငံ တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပါတယ်။

အဲဒီအမျိုးသမီးပုန်းအောင်းနေတဲ့ ဆနားမြို့တော်ထဲက နေအိမ်တခုကို လုံခြုံရေးတွေ ဝိုင်းပြီး တော့ ဖမ်းဆီးခဲ့တယ်လို့ ယီမင်သမ္မတ Ali Abdullah Saleh ကပြောပါတယ်။ အဲဒီအမျိုးသမီးကို သံသယရှိတယ်လို့ အမေရိကန်က သတင်းပေးခဲ့ပြီးတဲ့နောက်မှာ သူ့ကိုဖမ်းဖို့ အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့လည်း သမ္မတကပြောပါတယ်။

သိမ်းဆည်းရမိတဲ့ ဖေmက်ခွဲရေး ပစ္စည်းထုတ်တွေပေါ်မှာ အယ်လ်ခိုင်းဒါး အမှတ်တံဆိပ်၊ အထူးသဖြင့် ယီမင်က အယ်လ်ခိုင်းဒါး အဖွဲ့ခွဲတံဆိပ် တွေပါတယ်လို့ အမေရိကန် အမိမြေ လုံခြုံရေးဝန်ကြီး ဂျဲနက် နပိုလီတာနို (Janet Napolitano) က စနေနေ့ အစောပိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်လေကြောင်းလိုင်းတခုကို ဖောက်ခွဲဖို့ ကြိုးစားခဲ့သူ သုံးတဲ့ အလားတူ ပလက်စတစ် ဖောက်ခွဲရေးပစ္စည်း PETN တွေ အထုပ်တွေထဲမှာ ပါတယ်လို့ သက်ဆိုင်သူတွေ က အတည်ပြုပါတယ်။၂၀၀၉ ခုနှစ်က ဖောက်ခွဲဖို့ ကြိုးစား ကြံစည်မှုဟာ ယီမင်က အယ်လ်ခိုင်းဒါးအဖွဲ့ခွဲနဲ့ ဆက်နွယ်နေတာဖြစ်ပါတယ်။

သောကြာနေ့တုန်းက ဗြိတိန်နဲ့ အာရပ်စောဘွားများပြည်ထောင်စု UAE လေဆိပ်တွေမှာ ရှာဖွေတွေ့ရှိတဲ့ အထုတ်တွေက ချီကာဂိုမြို့က ဂျူး ဘာသာရေး ဝတ်ပြုကျောင်းတွေဆီကို လိပ်စာတပ်ထားတာဖြစ်ပါတယ်။

XS
SM
MD
LG