သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ အသုံးစရိတ် ဖြတ်တောက်

ကုလသမဂ္ဂ အသုံးစရိတ် ဖြတ်တောက်
ကုလသမဂ္ဂ အသုံးစရိတ် ဖြတ်တောက်

ကုလသမဂ္ဂအဖွဲ့ကြီးက ရှေ့လာမယ့် ၂ နှစ်အတွက် အသုံးစရိတ် ၅ ရာခိုင်နှုန်းစီ လျော့ချသွားဖို့ အထွေထွေ ညီလာခံက အတည်ပြုလိုက်ပါပြီ။ ဒါဟာ ကုလသမဂ္ဂရဲ့ နှစ်ပေါင်း ၅၀ အတွင်း ဒုတိယအကြိမ်မြောက် အသုံးစရိတ် လျော့ချခြင်းလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံက စနေနေ့က အတည်ပြုလိုက်တဲ့ အဲဒီဆုံးဖြတ်ချက်အရ လက်ရှိ အသုံးစရိတ် ၅ ဒဿမ ၄၁ ဘီလီယံကနေ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေအတွက် ၅ ရာခိုင်နှုန်းစီ လျော့ချလိုက်တာကြောင့် ကုလသမဂ္ဂရဲ့ အသုံးစရိတ်ဟာ ၅ ဒဿမ ၁၅ ဘီလီယံကို လျော့ကျသွားမှာ ဖြစ်ပါတယ်။

အထွေထွေညီလာခံရဲ့ ဒီဆုံးဖြတ်ချက်ကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီး ကမ္ဘာတလွှားမှာရှိတဲ့ အစိုးရတွေနဲ့ ပြည်သူလူတွေဟာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောကြားလိုက်ပါတယ်။ ရှိနေတဲ့ အရင်းအမြစ်တွေကို အကျိုးရှိရှိ အသုံးချပြီး ကုလသမဂ္ဂရဲ့ ရည်မှန်းချက်တွေ ပြည့်မီအောင် ဆက်လက် လုပ်ဆောင်ကြဖို့ မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းပါတယ်။

ခရီးသွား အသုံးစရိတ်လျှော့ချတာနဲ့ တခြား အသုံးစရိတ်လျှော့ချတဲ့ အစီအစဉ်တချို့ အပါအဝင် အဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ အရင်းအမြစ်တွေ တန်ဖိုးရှိရှိ အသုံးချဖို့ မစ္စတာ ဘန်ကီမွန်းက အဆိုပြုထားပြီး ဖြစ်ပါတယ်။ အဖွဲ့ကြီးရဲ့ ရည်မှန်းချက်တွေ ပြည့်၀ လုံလောက်အောင် လုပ်ဆောင်နိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရှိနေပြီးဖြစ်တဲ့ အရင်းအမြစ်တွေကို အပြည့်အ၀ အသုံးချခွင့်ရှိအောင် စွမ်းဆောင်သွားမယ်လို့လည်း အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကတိပေးလိုက်ပါတယ်။

This item is part of
XS
SM
MD
LG