သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုပ်ဖေါ်ကိုင်ဘက်များအဖွဲ့ ပထမဆုံး အစည်းအဝေး


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
မြန်မာ့ မိတ်ဆွေနိုင်ငံများကို ပြန်လည်ဖွဲ့စည်းထားတဲ့ Partnership Group on Myanmar မြန်မာ့အရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ရဲ့ ပထမဦးဆုံး အကြိမ် အစည်းအဝေးကို သောကြာနေ့မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် က ခေါ်ယူကျင်းပခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေး နဲ့ လူဦးရေ ဆိုင်ရာ ဝန်ကြီး ဦးခင်ရီ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ လည်း တက်ရောက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ပွင့်လင်းပြောင်းလဲလာမှုကို ထင်ဟပ်တာဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလုပ်ဖော်ကိုင်ဖက်များအုပ်စု အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲဖြစ်ထွန်းမှုတွေကို ဆက်လက် ထောက်ခံအားပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည် အခြေအနေနဲ့ ပါတ်သက်ပြီး အကြမ်းဖက်မှုလှုံ့ဆော်သူ အမုန်း တရားဟောပြော သူတွေကို အစိုးရက ပြတ်ပြတ်သားသား အရေးယူဖို့ လိုတယ်လို့ ဖော်ပြ ထားပါတယ်။ နိုင်ငံသားဖြစ်မှုကိစ္စကိုလည်း ဖြေရှင်းရမယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသမှာ နိုင်ငံတကာက ဝင်ရောက်နိုင်ရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ဖိအားပေးမှုကိုလည်း အဖွဲ့ဝင်တွေက ကြိုဆိုကြပါတယ်။ သန်းခေါင်စာရင်းကောက်ယူရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ ကိုလည်း ဆွေးနွေးကြပြီး အသွင်ကူးပြောင်းရေးကို ကူညီသွားဖို့ အတွင်းရေးမှုးချုပ်က ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG