သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ဝန်ထမ်းများအရေး ကုလနဲ့ မြန်မာအစိုးရ ညိနှိုင်း

please wait

No media source currently available

0:00 0:03:14 0:00
တိုက်ရိုက် လင့်ခ်
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့လအတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး၊ ကုလသမဂ္ဂနဲ့ အန်ဂျီအိုဝန်ထမ်းအချို့ ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ အာဏာပိုင်တွေနဲ့ ညိနှိုင်းဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံးက ပြောပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ဒေသအတွက် အကူအညီတွေကို လူမျိုး ဘာသာ ခွဲခြားမှုမထားပဲ အကူအညီတွေ ဆက်ပေးသွားမယ်လို့ လည်း ပြောပါတယ်။ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ကုလသမဂ္ဂနဲ့ ဆက်နွယ်တဲ့ အကူအညီပေးရေးလုပ်သား ၁၀ ဦး လောက်ဟာ ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ် အဓိကရုဏ်းတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေရဲ့ ထိမ်းသိမ်းခြင်းကို ခံခဲ့ရတာပါ။ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်နေတယ်ဆိုပြီး၊ အချို့ကိုတော့ တရားရုံးထုတ် စစ်ဆေးနေပြီလို့ သိရပါတယ်။ ကုလသမဂ္ဂ ဝန်ထမ်းအချို့ကို ဖမ်းဆီးထားတယ်ဆိုတာကိုတော့ မြန်မာအစိုးရဖက်က တရားဝင်ထုတ်ဖော်မပြောသေးပါဘူး။

ဒါပေမယ့် ကုလသမဂ္ဂဖက်ကတော့ လူသားချင်းစာနာကူညီရေးလုပ်ငန်းမှာ လုပ်နေတဲ့ ဝန်ထမ်းတွေ ဖမ်းခံထားရတယ်လို့ အတည်ပြုထားပါတယ်။ ဒီလူတွေရဲ့ အခြေအနေ ပိုသိရအောင်လို့ မြန်မာအာဏာပိုင်တွေနဲ့ ညိနှိုှုင်းဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူ MARTIN NESIRKY က မနေ့က ကုလသမဂ္ဂပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“လူသားချင်းစာနာကူညီရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းအတော်များများကို မြန်မာအာဏာပိုင်တွေက ခေါ်ယူ ထိမ်းသိမ်းထားတာရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိုနှိုင်းရေးမှုးအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီးတော့၊ အဲဒီ ထိမ်းသိမ်းခံထားရတဲ့ ကူညီရေးဝန်ထမ်းတွေနဲ့ပတ်သက်လို့ အခြေအနေတွေ ပိုသိရဖို့ ကြိုးပမ်းနေပါတယ်။ တုန့်ပြန်ချက်ရဖို့ စောင့်နေတုန်းပါ။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလင်တန်ကလည်း ပြီးခဲ့တဲ့ရက်ကပဲ မြန်မာသမတဦးသိန်းစိန်နဲ့ ကမ္ဘောဒီးယားမှာလုပ်တဲ့ စီးပွားရေးညီလာခံအတွင်းတွေ့ဆုံစဉ်မှာ၊ ဖမ်းဆီးခံရတဲ့ အကူအညီပေးရေးလုပ်သားတွေနဲ့ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ထွက်ပြေးနေကြရတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက်ကလည်း ဒုက္ခသည်အဖြစ် လက်မခံတာကြောင့် ရိုဟင်ဂျာတွေအပေါ် ဆက်ဆံမှုနဲ့ပတ်သက်လို့ နိုင်ငံတကာက မြန်မာရော ဘင်္ဂလားဒေ့ရ်ှကိုပါ ဝေဖန်နေတာပါ။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Antonio Guterres ကိုယ်တိုင်လည်း မြန်မာနိုင်ငံမှာ သမတဦးသိန်းစိန်နဲ့ တွေ့ဆုံတော့၊ မွတ်ဆလင်တွေကို လက်ရှိ တည်ဆဲဥပဒေအတိုင်းပဲ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ တိုက်တွန်းပြောခဲ့ပါတယ်။ ကျန်သူတွေကိုလည်း တိုင်းပြည်အတွင်း ပုံမှန်ဘဝလို နေထိုင်ခွင့်ရဖို့ ဥပဒေအရ လိုအပ်သလို ဆောင်ရွက်ပေးသင့်တယ်လို့ တိုက်တွန်းသွားပါတယ်။

ရခိုင်ဒေသကိုလည်း ခွဲခြားမရှိပဲ အကူအညီတွေပေးသွားမှာ ဖြစ်တယ်လို့ UNHCR ဂျီနီဖာရုံး ပြောခွင့်ရသူ Melissa Fleming က ပြောခဲ့ပါတယ်။

“ကုလသမဂ္ဂအနေနဲ့ကတော့ ရခိုင်လူမျိုးတွေကိုရော မွတ်ဆလင်တွေကိုပါ ခွဲခြားမှုမရှိပဲ နှစ်ဖက်စလုံးကို လူသားချင်းစာနာမှုအကူအညီတွေ ဆက်ပေးသွားမှာပါ။ ဒါဟာ နှစ်ဖက်အသိုင်းအဝိုင်းအကြား ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်မယ်လို့ ယူဆပါတယ်။ တရားဥပဒေစိုးမိုးမှုရှိပြီး လူ့အခွင့်အရေးအရ ချည်းကပ်ကိုင်တွယ်မယ့် အခြေအနေတွေကို မျှော်လင့်ထားပါတယ်။ ”

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးအနေနဲ့ မြန်မာသမ္မတနဲ့ တွေ့စဉ်မှာ ဖမ်းဆီးခံထားရတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေ ကိစ္စကိုလည်း မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူ ဝန်ထမ်း ၁၀ဦးထဲမှာတော့ UNHCR ဝန်ထမ်းက သုံးဦးဖြစ်ပြီးတော့၊ ကျန်သူတွေကတော့ အခြားကုလသမဂ္ဂအေဂျင်စီနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတခုက ကူညီရေးလုပ်သားတွေဖြစ်ကြပါတယ်။ သူတို့ကို တွေ့ဆုံခွင့်လည်း တောင်းထားပြီး၊ ဒီအပေါ်မှာ မြန်မာအာဏာပိုင်တွေဖက်က တုန့်ပြန်မှုကို ကုလသမဂ္ဂဖက်က စောင့်ဆိုင်းနေတုန်းပဲလို့ သိရပါတယ်။
This item is part of
XS
SM
MD
LG