မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေအတွင်း အပြောင်းအလဲတွေ တွေ့မြင်ခဲ့ရပေမဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေဆဲ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ကတိပြုထားပေမဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ပြဿနာတွေ ကြုံနေရတာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ လိုအပ်နေဆဲ ဖြစ်တဲ့အကြောင်း အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံခဲ့ကြတဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံတွေက ကိုယ်စားလှယ်တွေကလည်း ပြောခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။
အပြောင်းအလဲတွေ စတင်လုပ်ဆောင်လာနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအရ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို လက်တွေ့ ဖြေရှင်းသွားဖို့ အရေးတကြီး လုပ်ဆောင်စရာတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံချိန်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းရာမှာလည်း အစိုးရနဲ့အတူ လူထုကလည်း ဝိုင်းဝန်းပံ့ပိုးကြဖို့ လိုအပ်တဲ့အကြောင်း အလေးထား ပြောဆိုခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Martin Nesirky က နယူးယောက် ကုလသမဂ္ဂရုံးချုပ်က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။
“နောက်ကြောင်း ပြန်မလှည့်ဘဲ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဦးတည်တဲ့ လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းပြီး၊ အားလုံး ခွဲဝေခံစားနိုင်တဲ့ တိုးတက်မှုတွေ ရရှိအောင် ဆောင်ကျဉ်းတဲ့အခါ အစိုးရနဲ့ လူထုရဲ့ အားပေးပံ့ပိုးမှုတွေ လိုအပ်တဲ့အကြောင်း အဖွင့်အမှာစကား ပြောကြားရာမှာ အတွင်းရေးမှူးချုပ်က ပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုအတွက် လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေ အပါအဝင် ပြီးခဲ့တဲ့နှစ်အတွင်း အရေးကြီးတဲ့ ခြေလှမ်းတွေ လှမ်းခဲ့တာကိုလည်း အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။”
အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံခဲ့ကြတဲ့ မြန်မာ့မိတ်ဆွေနိုင်ငံတွေကလည်း မကြာသေးခင်နှစ်တွေက တိုးတက်ဖြစ်ထွန်းမှုတွေကို အသိအမှတ်ပြု လက်ခံခဲ့ကြပေမဲ့ စိမ်ခေါ်မှုတွေ ရှိနေတာကိုလည်း အလေးထား ပြောခဲ့ကြတဲ့အကြောင်း ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့တဲ့ အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ နိုင်ငံရေးအရ အဖြေရှာဖို့ အပါအဝင် မကြာသေးခင်တုန်းက ကချင်လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့ ဆွေးနွေးသဘောတူညီမှုတွေ ရရှိခဲ့တာကိုလည်း အသိအမှတ်ပြု ပြောဆိုခဲ့ကြပါတယ်။
မြန်မာ့မိတ်ဆွေ နိုင်ငံတွေက ကိုယ်စားလှယ် အများစုကလည်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ ဆွေးနွေးမှုတွေကနေ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူပြီး တခြားလက်နက်ကိုင် အဖွဲ့တွေပါ ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဦးတည်တဲ့အထိ ဖြစ်လာဖို့ မျှော်လင့်ကြောင်းလည်း အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်က ဖော်ပြခဲ့တာပါ။
တချိန်တည်းမှာပဲ ပြီးခဲ့တဲ့နှစ်ထဲ လူပေါင်း ၂၀၀ လောက် သေဆုံးပြီး သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်နဲ့ တခြားမြို့ရွာတွေမှာပါ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုအပေါ် အခြေခံတဲ့ ပဋိပက္ခတွေနဲ့ နောက်ဆက်တွဲ ပြဿနာတွေကလည်း ဆွေးနွေးပွဲမှာ လွှမ်းမိုးနေခဲ့တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Nesirky က ပြောပါတယ်။
“လူမှုအသိုင်းအဝိုင်းကြား သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အတွက် အကြီးအကျယ် စိတ်ပျက်ရတာကိုလည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ရိုဟင်ဂျာတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်တယ်လို့ ဆိုတဲ့အပြင်၊ လူသားချင်း စာနာထောက်ထားရမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့လည်း စိတ်အနှောက်အယှက် ဖြစ်တာကို ပြောသွားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အစွန်းရောက်တဲ့ အခြေအနေတွေ ပေါ်ပေါက်နေတာဟာ အန္တာရာယ်ကြီးမားလှပြီး၊ တိတိကျကျ အရေးတကြီး မဖြေရှင်းဘူး ဆိုရင်တော့ ရှိနေတဲ့ တင်းမာမှုတွေကနေ အုံကြွမှုတွေ ပိုမိုကြီးထွားလာရာက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်သလို၊ ဒေသတွင်းမှာလည်း အနှုတ်လက္ခဏာဆောင်တဲ့ ရိုက်ခတ်မှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ပြောပါတယ်။”
ဒါပေမဲ့လည်း မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပဋိပက္ခတွေ၊ လူမှုအသိုင်းအဝိုင်းကြားက တင်းမာမှုတွေကို ပြေလည်အောင် ဖြေရှင်းပြီး ဒီမိုကရေစီ အခြေခံတွေ တည်ဆောက်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ထားတဲ့ အကြောင်းလည်း အတွင်းရေးမှူးချုပ်က ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူသားချင်း စာနာမှုဆိုင်ရာ စိမ်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ကုလသမဂ္ဂအနေနဲ့ ဆက်လက် အားပေးကူညီသွားဖို့လည်း ကတိပြုခဲ့တာပါ။
အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်၊ တရုတ်၊ ဂျပန် စတဲ့ နိုင်ငံတွေ အပါအဝင် မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ရဲ့ နောက်ဆုံး ဆွေးနွေးပွဲကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း ကျင်းပခဲ့တာဖြစ်ပြီး၊ ဒီလို တွေ့ဆုံဆွေးနွေးမှုတွေမှာ မြန်မာအစိုးရက ပါဝင်ဖို့ အတွက်လည်း ဖိတ်ခေါ်ထားတဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်က ဖော်ပြထားပါတယ်။
အတွင်းရေးမှူးချုပ်နဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ရဲ့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ကြတဲ့ အစ္စလာမ်အဖွဲ့ချုပ် (OIC) ကလည်း ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပပြီး မြန်မာနိုင်ငံတွင်းက မူဆလင်တွေအပေါ် တိုက်ခိုက်ခံနေရတဲ့အပေါ် အပြင်းအထန် ဝေဖန်သွားခဲ့ပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အကောင်းမြင် သဘောထားတွေ ပြောဆိုနေကြပေမဲ့လည်း လက်တွေ့မှာတော့ မူဆလင်လူနည်းစုတွေဟာ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီအာရေဗီးယား သံအမတ်ကြီးက ပြောဆိုခဲ့တာပါ။ အကြမ်းဖက်မှုတွေဟာ ဗုဒ္ဓဘာသာဝင် အများစုက ကျူးလွန်နေတာ မဟုတ်ပေမဲ့လည်း လူမဆန်တဲ့ လုပ်ရပ်တွေကိုလည်း လက်မခံသင့်ဘူးလို့ OIC တာဝန်ရှိသူတွေက ပြောဆိုသွားခဲ့ကြပါတယ်။