ျမန္မာႏိုင္ငံမွာ တရားဥပေဒနဲ႔ မညီ ဖမ္းဆီးခံထားရသူေတြအားလုံးကို ခြၽင္းခ်က္မရွိ ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ တနလၤာေန႔က စစ္ေကာင္စီကို ကုလသမဂၢက ထပ္မံေတာင္းဆိုလိုက္ပါတယ္။ နယူးေရာက္ ကုလသမဂၢဌာနခ်ဳပ္မွာျပဳလုပ္တဲ့ မေန႔က ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ အတြင္းေရးမႉးခ်ဳပ္႐ုံးရဲ႕ ေျပာခြင့္ရ STEPHANE DUJARRICက ျမန္မာနဲ႔ ပတ္သက္လို႔ အခုလိုေျပာသြားပါတယ္။
”ေဖေဖာ္ဝါရီ ၁ ရက္ေန႔ အရပ္သားအစိုးရဆီကေန စစ္တပ္ အာဏာသိမ္းယူၿပီးေနာက္ ငါးလနီးပါးၾကာ ထိမ္းသိန္းခံထားရတဲ့ အမ်ဳိးသမီး၊ ကေလးသူငယ္၊ အမ်ဳိးသား ေထာင္ေပါင္းမ်ားစြာကို ခြ်င္းခ်က္မရွိ ခ်က္ခ်င္းလႊတ္ေပးဖို႔ ျမန္မာႏိုင္ငံမွာရွိတဲ့ ကုလသမဂၢရံုးကေန ထပ္မံတာင္းဆိုလိုက္ပါတယ္။ ဒီကေန႔အခ်ိန္ထိ မတရားဖမ္းဆီးခ်ဳပ္ေနွာင္ခံထားရသူေတြနဲ႕ ထိမ္းသိန္းခံထားရသူေပါင္း ၅၀၀၀ ထိရွိေနၿပီလို႔ ကုလသမဂၢ လူ႔အခြင့္အေရးရံုးက စာရင္းထုတ္ျပန္ထားပါတယ္။”
ဒါအျပင္ ႏိုင္ငံေရးသမားေတြ၊ စာေရးဆရာေတြ၊ လူ႔အခြင့္အေရးကာကြယ္ေစာင့္ေရွာက္သူေတြ၊ ဆရာ၊ဆရာမေတြ၊ က်န္းမာေရးလုပ္သားေတြ၊ သတင္းသမားေတြ၊ သံဃာေတာ္ေတြနဲ႔ သာမန္ျပည္သူေတြ အပါအ၀င္ လူေပါင္း ၂၀၀၀ နီးပါးဟာ ဖမ္း၀ရမ္းထုတ္ခံထားရၿပီး ေဘးလြတ္ရာထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔ STEPHANE DUJARRIC ကေျပာသြားပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္က ပဋိပကၡမ်ားအတြင္းလိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈပေပ်ာက္ေရးေန႔ အထိမ္းအမွတ္အျဖစ္ျမန္မာႏိုင္ငံရွိ ကုလသမဂၢလူ ဦး ေရ ဆိုင္ရာ ရန္ပုံေငြအဖြဲ႕ UNFP က ေၾကညာခ်က္ထုတ္ျပန္ရာမွာ ျမန္မာႏိုင္ငံတြင္း လိင္အၾကမ္းဖက္မႈကေန လြတ္ေျမာက္လာသူေတြနဲ႔ သူတို႔ရဲ႕ မိသားစုေတြဟာ ဆိုး႐ြားလွတဲ့ ရာဇ ၀ တ္မႈေတြရဲ႕ဒဏ္ရာဒဏ္ခ်က္ေတြကို ခံစားေနရဆဲျဖစ္တယ္လို႔ ေဖၚျပထားပါတယ္။
--------------------------
မြန်မာနိုင်ငံမှာ တရားဥပဒေနဲ့ မညီ ဖမ်းဆီးခံထားရသူတွေအားလုံးကို ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ တနင်္လာနေ့က စစ်ကောင်စီကို ကုလသမဂ္ဂက ထပ်မံတောင်းဆိုလိုက်ပါတယ်။ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ STEPHANE DUJARRICက မြန်မာနဲ့ ပတ်သက်လို့ အခုလိုပြောသွားပါတယ်။
”ဖေဖော်ဝါရီ ၁ ရက်နေ့ အရပ်သားအစိုးရဆီကနေ စစ်တပ် အာဏာသိမ်းယူပြီးနောက် ငါးလနီးပါးကြာ ထိမ်းသိန်းခံထားရတဲ့ အမျိုးသမီး၊ ကလေးသူငယ်၊ အမျိုးသား ထောင်ပေါင်းများစွာကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးကနေ ထပ်မံတာင်းဆိုလိုက်ပါတယ်။ ဒီကနေ့အချိန်ထိ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူတွေနဲ့ ထိမ်းသိန်းခံထားရသူပေါင်း ၅၀၀၀ ထိရှိနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက စာရင်းထုတ်ပြန်ထားပါတယ်။”
ဒါအပြင် နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ၊ ဆရာ၊ဆရာမတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ သတင်းသမားတွေ၊ သံဃာတော်တွေနဲ့ သာမန်ပြည်သူတွေ အပါအဝင် လူပေါင်း ၂၀၀၀ နီးပါးဟာ ဖမ်းဝရမ်းထုတ်ခံထားရပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ STEPHANE DUJARRIC ကပြောသွားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ပဋိပက္ခများအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ်မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလူ ဦး ရေ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNFP က ကြေညာချက်ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံတွင်း လိင်အကြမ်းဖက်မှုကနေ လွတ်မြောက်လာသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ ဆိုးရွားလှတဲ့ ရာဇ ၀ တ်မှုတွေရဲ့ဒဏ်ရာဒဏ်ချက်တွေကို ခံစားနေရဆဲဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။